အပိုင်းသုံး - ပစ္စုပန်ကာလ

70 9 5
                                    

( * Sexually Mature Scenes is Ahead. Read at your own risk. * )

 ကျိုးချီချန်းသည် လန်ဖုန်းနှင့်တတိယမြောက်ဒိတ်အထိ မအိပ်ရသေးပေ။ သူသည် စားသောက်ဆိုင်မှအပြန်တွင်မူ အငှားယာဥ်အက်ပ်မှနေ အော်ဒါတင်၍ကားငှားပြန်ဖို့လုပ်ထားကာ ယာဥ်မောင်းကမူ အနှီနေရာသို့ရောက်လာဖို့ရာတစ်ဘလောက်သာလိုတော့သည်ပင်။ ထိုအချိန်ဝယ် လန်ဖုန်းကရုတ်တရက်ကြီးပြန်လှည့်လာကာ သူ့ကိုပြောခဲ့၏။

“ မင်း ကိုယ့်အိမ်ကိုလိုက်ခဲ့ချင်သလား။ “

အကြင်သူကအိမ်ကို မည်သည့်လူကိုမှမဖိတ်ဖူးသလိုမျိုး အနည်းငယ်မျက်မှောင်တွန့်လျက်သားဖြင့် စိတ်မသက်မသာလည်းဖြစ်နေပုံရသည်။

ကျိုးချီချန်းက သူ့ကိုပြန်ပြီးမေးခွန်းထုတ်ခဲ့၏။

“ မင်း သေချာလို့လား။ “

လန်ဖုန်းကခေါင်းကိုညိတ်ပြခဲ့သည်။

ဓါတ်လှေကားထဲမှထွက်လို့အပေါ်ဆုံးထပ်ကို လမ်းလျှောက်သွားသောအခါမှသာ ကျိုးချီချန်းက သူအငှားယာဥ်ခေါ်ထားသည်အား ဖျက်လိုက်ဖို့ရာမေ့သွားကြောင်းသတိပြုမိတော့၏။ သို့သော် လန်ဖုန်းက သူ၏လက်ကောက်ဝတ်အားလှုပ်ရှားမှူလေးပင်လုပ်မရအောင်တင်းကျပ်စွာဆုပ်ကိုင်ထားလေပြီး သူကလည်းမရုန်းချင်ပါ။ ကောင်းပြီ၊ လူ့အဖွဲ့အစည်းကိုကူညီတယ်လို့ပဲသဘောထားလိုက်ကြရအောင်ပါဟု သူကတွေးလိုက်တော့သည်ပင်။

အတိအကျကိုပင် အကြင်သူ၏အခန်းထဲသို့ရောက်သွားချိန်ဝယ် နှစ်ဦးစလုံးမှာ အိပ်ယာပေါ်သို့တောင်မသွားနိုင်ကြတော့ပေ။

သူတို့မတ်တပ်ရပ်ကာဖာ့ခ်ဖြစ်ခဲ့ကြပြီး ကျိုးချီချန်းကမူ အဆုံးသတ်တွင် သူလိုချင်သည့်အရာကိုရရှိသွားခဲ့ပြီသာ။ ဖန်းဟောက်၏အနည်းငယ်မှောင်လို့နေသည့်ဧည့်သည့်ခန်းရှိ ညတုန်းကလို သူလိုချင်ခဲ့သည့်အတိုင်း၊ ကြယ်ငါးပွင့်အဆင့်ရှိ ယွဲ့ကော်ဟိုတယ်၏အပေါ်ဆုံးထပ်အခန်းတွင် မျက်နှာကျက်မှကြမ်းပြင်ထိ ရှည်လျားတောက်ပလှသော ပြတင်းပေါက်များဘေး ဖြူလွှလွှနံရံထက်ဝယ် လန်ဖုန်းအားဖိထားကာ ချစ်ပစ်ခဲ့၏။

​တေးလ်ဟွတ် Where stories live. Discover now