မှန်ပေါ်မှီအိပ်နေတဲ့ဆောင်းဟွန်း၊မြို့ကိုရောက်သွားမှန်းမသိဘဲနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတော့အဘွားတစ်ယောက်ကသူ့နားကိုရောက်လာပြီးလှုပ်နှိုးလိုက်ရင်း
"ဟေ့ကောင်လေးမဆင်းသေးဘူးလား?"
"ဗျာ?"
"မြို့ကိုရောက်ပြီတခြားဘယ်သူမှတောင်မရှိကြတော့ဘူးလေ"
"ဪ?ဟုတ်လားဗျ?"
"အေးကွဲ့တော်ကြာနေပြန်ပါသွားဦးမယ်"
"အာဟုတ်ကဲ့ကျေးဇူးပါအဘွား"
"ရတယ်ရတယ်" ဆိုပြီးကားအောက်ကိုဆင်းသွားတော့ကာဆောင်းဟွန်းလည်းလိုက်ဆင်းပြီး
"အကို"
"ဘာလဲ?"
"ကျွန်တော့်အထုပ်"
"ဪ...နေဦး" ဆိုပြီးကားဗိုက်ကိုဖွင့်ပေးလိုက်တော့တယ်...။
"ဒါတွေလား?"
"ဟုတ်တယ်ဗျကျွန်တော့်ဘာသာကျွန်တော့်သယ်လိုက်ပါ့မယ်"
"မင်းဘာသာမင်းသယ်ရမှာပဲကိုးပြီးရင်ခေါ်လိုက်" ဆိုပြီးမျက်နှာကြီးရှုံရင်းခေါင်းခါကာထွက်သွားတာကိုဆောင်းဟွန်းကတော့လုံးဝဂရုမပြုဘဲအထုပ်တွေအများကြီးကိုသူ့ဘာသာတစ်ယောက်တည်းသယ်တာပေါ့...။
အဆောင်ငှားထားတာကြောင့်အဆောင်ပိုင်ရှင်ကိုဖုန်းဆက်ဖို့ဖုန်းကိုထုတ်လိုက်စဥ်မှာပဲသူ့သူငယ်ချင်းဆီကစာဝင်လာတော့လေရဲ့...။
"ရောက်ပြီလားမင်း?အဆင်ပြေရဲ့လား?"
"ကွက်တိပဲအခုပဲရောက်တာ"
"ဟုတ်လား?ငါအကြားမြင်ပြန်ဖြစ်သွားတာပေါ့"
"ဟားဟားဟုတ်ပါ့"
"ငါမင်းကိုလွမ်းတယ်"
"ငါ...အမြန်ဆုံး"
"ဟမ်?"
"ဘာမှမဟုတ်တော့ဘူး"
"မင်းအဲ့မှာအပြီးနေမှာလား?အိမ်ကောအဆင်ပြေတယ်မလား?"
"ဪ?ဪ..."
"အဆောင်ငှားနေတာသာသိရင်တော့...""အပြီးနေမှာလားဆိုတာကိုပြန်မဖြေရသေးဘူးနော်?"
YOU ARE READING
Missed Only One Place of Many Hearts || All sunghoon 🐧🐶🦅🦌🐥🐈
RomanceSunooကတော့ဆောင်းဟွန်းတို့ရဲ့သားဖြစ်လာမည့်သူဖြစ်တာကြောင့်sunsunမပါပါကြိုပြောထားပါတယ်နော်အရင်ကလည်းအရမ်းအပြောခံရလို့ပါရှင့်မိုရ်ဒါကိုလည်းကြိုပြောပြီးသားလို့ထင်ပါတယ်နော်~