(Unicode)
"များလိုက်တဲ့ ဟင်းတွေ မကုန်လောက်ဘူး အမေတို့အတွက်လည်း ခွဲယူထားလိုက်လေ"
"သားတို့ပဲ ယူသွားပါ ကုန်ပါတယ် မြေးလေးတွေကြိုက်တာတွေရော daouကြိုက်တာတွေရော ချက်ပေးထားတယ် အိမ်ရောက်ရင် ရေခဲသေတ္တာထဲတန်းထည့်ထားလိုက် ကြားလား"
"ဟုတ် ကြားပါတယ် ဒါဆိုသားတို့ပြန်တော့မယ်နော်"
"အေးကွယ် အားရင် လာလည်ကြအုံးနော်"
"ဟုတ်ကဲ့၊ နေနေ နဲ့ နွေးနွေး ဘွားဘွားကိုနှုတ်ဆက်လိုက်အုံးလေ"
"ဘွားဘွား နေနေဒို့ ပြန်ဒေါ့မယ်ဘျ"
"နောက်လည်း လာလည်ပါ့မယ်ဆင့်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ဒီမှာ နေနေတို့အတွက် ဘွားဘွားကမုန့်ဖိုးပေးတာ"
"မပေးပါနဲ့ အမေကလည်း"
"တစ်ခါတစ်လေလေး ပေးရတာကို ယူယူ ရော့"
"ဒါဆို သားအတွက်ရော"
"သား ယောင်္ကျားဆီကတောင်းပေါ့"
"မေမေကဗျာ"
"roadပြီးပြီလား ကိုယ်ကားပေါ်အထုတ်တွေတင်လိုက်တော့မယ်"
"ပြီးပြီ ဒီဟင်းဗူးတွေရော တင်လိုက်အုံး"
"ဟင်းတွေကအများကြီးပဲ အန်တီကလည်း အပင်ပန်းခံလို့"
"မများပါဘူး သားdaouကြိုက်တာတွေချက်ပေးထားတယ် သိလား ထပ်စားချင်ရင် ဖုန်းဆက်လိုက် ချက်ပြီးပို့ပေးလိုက်မယ်"
"ရပါတယ် အန်တီရာ ဒါတွေတောင် မနည်းကုန်အောင်စားရအုံးမှာ"
"ရေခဲသေတ္တာထဲ သေချာထည့်ထားရင် သုံး လေးရက်တော့ အထားခံပါတယ် မကောင်းတော့ရင်လည်း သွန်ပြစ်ကြနော် နှမြောပြီး မစားကြနဲ့"
"ဟုတ်ကဲ့"
"ကဲကဲ ဒါဆို ဂရုစိုက်ပြန်ကြအုံးနော်"
"ဟုတ်ကဲ့ အန်တီ"
"မေမေ ဒါဆို သားတို့သွားပြီနော်"
"အေးအေး"
***အပြာနုရောင် Necktieနဲ့ ခဲရောင်suitကိုတွဲဝတ်ထားသော daouမှာလိုက်ဖက်လွန်း၍ ပင်ကိုထက်ပင် ပိုမိုကြည့်ကောင်းနေပြီး offroadမှာလည်း နက်ပြာရောင်suitကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားလေသည်။
YOU ARE READING
ကိုယ့်အပိုင် (ongoing)
RomanceDaouOffroad × Myanmar Bl DaouOffroad နှစ်ဦး၏နာမည်မှလွဲ၍ အခြားဇာတ်ကောင်နာမည်များသည် စိတ်ကူးယဉ်ထားခြင်းသာဖြစ်သည် ဤဝတ္ထုတွင် တစ်စုံတစ်ရာ အမှားအယွင်းပါရှိခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်သည်