မြင့်မိုရ် တို့ကားလေး ရွှေတောင်မြို့ကို ရောက်တဲ့အချိန် ၆:၅၅ နာရီဖြစ်၍ မှောင်ရိပ်သန်းကာ နေတော့သည်။
အငယ်ဆုံးလေးနဲ့ ရိုးလေးကတော့ မောပန်းစွာအိပ်စက်လို့နေပြီသာ။ကားကိုတော့
မြင့်မိုရ်တစ်လှည့်Driver ညီလေးတစ်လှည့်ပြောင်းကာမောင်းလာခြင်းပင်။အခု ပြည်မြို့နားနီးမှသာ Driver ညီလေးသာ မောင်းလာလေသည်။တရိပ်ရိပ်မောင်းနေသော ကားလမ်းတစ်လျှောက် ရွာများစွာ၊အိမ်များစွာ ၊သစ်ပင်များစွာဖြင့်ရောင်စုံမီးများ ထွန်းထားရာတွေကို ကားပေါ်ကနေ မြင့်မိုရ်တိတ်တဆိတ် ငေးကာကြည့်ရင်း လိုက်ပါလာမိသည်။
တဖြေးဖြေးဖြင့် မောင်းနှင်လာကာ မီးရောင်စုံဖြင့် ပြည်မြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုင်းပုဒ်အားမြင်တွေ့ချိန် လက်ဝဲဘက်သို့ကွေ့၍ လမ်းတစ်လျှောက်မောင်းကာနေသော ကားလေးသည် ဧရာဝတီမြစ်ကမ်းနား နဝဒေးတံတားကြီးအား မီးများထွန်းလင်းပုံကြောင့် လှပစွာမြင်တွေ့ရပြန်သည်သာ။
မိနစ်အနဲငယ်အတွင်းတွင် မြင့်မိုရ်တို့ Booking ယူထားသော ဟိုတယ်ရှိရာ ရွှေကုန်သည်တန်းလမ်းသို့ ကွေ့ကာပတ်ကာပင် ရောက်ရှိလာလေသည်။
ကားရပ်နားရာနေရာသို့ ကားရပ်လျှင် ရပ်ခြင်း ဟိုတယ်ဝန်ထမ်းများ ခရီးဦးကြိုဆိုကြလေသည်။
"အငယ်ဆုံးလေး၊ရိုးလေး ထတော့လေ"
"ဟင်.. .ရောက်ပြီလား ကိုကြီးဆရာ"
"အင်း "
"ဟော ဟိုမှာကိုလေးရယ်"
ရွှေတောင်မြို့သို့ဝင်ကထဲက ညီငယ်အား ဖုန်းဆက်ထားခြင်းပင်။
မြင့်မိုရ်တို့မောင်နှမနှင့် Driver ညီလေးဆင်းသော်လည်း ရိုးလေးက ဆင်းမလာ။
မြင့်မိုရ် ကားအတွင်းငုံ့ကာကြည့်တော့မှ
သာ"ရိုး ခြေထောက်ကျင်နေလို့၊နွယ်နီရယ် ဖိအိပ်ထားလို့ ဆရာ"
"ဟုတ်လား နေအုံးကားပေါ်မှာပဲ"သူမကိုတစ်ယောက်တည်း ကားပေါ်ထားခဲ့မယ်ဆိုးကာ မျက်နှာလေးငယ်သွား၏ ။
ထားခဲ့စရာလား ကလေးလေးရဲ့။"ညီ အငယ်ဆုံးလေးနဲ့ ညီးလေးကိုထွေးကို ခေါ်သွားနှင့်"
"ဟုတ်ကဲ့ ကိုကြီး၊ရိုးကကော "
"ခြေကျင်နေလို့တဲ့ ကိုကြီးစောင့်ခေါ်ခဲ့မယ်"
"ဪ ဒီလိုလား၊ ဟုတ်ဟုတ်၊အေးဆေးတက်ခဲ့ကြ"
ဟိုတယ်ဝန်ထမ်းနှင့်အတူ ပါသွားသော ညီငယ်၊ညီမငယ်များကို ကြည့်ပြီး ပျောက်ကွယ်သွားမှ ကားပေါ်သို့တဖန် ပြန်တက်လာရသည်။
နောက်ခန်းတံခါးဖွင့်ကာ ဝင်လာသော ဆရာအားမြင်မှ ရိုးမျက်နှာ ကြည်လင်လာတော့သည်။
"နာသေးလား"
"ဟင့်အင်း"
"လမ်းလျှောက်နိုင်လား ရိုးလေး"
"ဟုတ်"
"အဲဒါဆို လာ ဆရာ့ဖက်ကပဲ ဆင်းတော့"
"ဟုတ်"
ဆရာ့ကို အားနာ၍သာ သက်သာသည်ဟု ပြောလိုက်ရတာ။တကယ်တော့မသက်သာ။
ခရီးတစ်ထောက်နားကထဲက ဖိအိပ်လာတော့ ပေါင်နဲ့ခြေစလုံးကတော်တော်နာနေသည်သာ။
ရိုးဆရာပြောသလို ဆင်းလာခဲ့ရာ တံခါးအပြင်ဘက်သို့ ခြေချလို့ မတ်တက်ရပ်ရာတွင်
"အ"
နာ၍ကျင်နေသော ခြေထောက်သည် ဖိလိုက်သောအခါမတ်မတ်ရပ်၍မရ။ယိုင်နဲ့သွား၏။
မြင့်မိုရ်တစ်ယောက် သူ့ဘက်ယိုင်ကျလာသော ရိုးလေးခန္ဓာကိုယ်အား ထိန်းကာ
ပခုံးစွန်းနှင့် ဒူးကွေးအားကိုင်ကာ ပွေ့ချီလိုက်လေသည်။
"အမေ့"
လန့်ကာအော်ပြီး မျက်ဝန်းပြူးပြူးလေးနဲ့ ကြည့်နေသောရိုးအား ပြုံးကာ
"ငြိမ်ငြိမ်နေ ပြုတ်ကျမယ်"
YOU ARE READING
အချစ် ယုံကြည်ရာ
Roman d'amourတက္ကသိုလ် ရူပဗေဒဌာနမှာ ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ပြီး ညီမနှင့် ဖခင်၏ မိတ်ဆွေ သမီးလေးအပါအဝင် ၊ညီမ၏သူငယ်ချင်းသုံးယောက်ကို စာသင်ပေးရင်းးး ညီမနဲ့ရွယ်တူ ကလေးလေးကိုမှ စိတ်ဝင်စားခဲ့သူ ဆရာမြင့်မိုရ် ဆရာလိုအစ်ကိုလို အားကိုးချစ်ဖြင့် ချစ်မဲ့ ကျောင်းသူလေး ရိ...