အချိန်နာရီတွေ တရွှေ့ရွှေ့ကုန်ဆုံးပြီး အခုဆိုရင် July လပထမပတ်ကိုရောက်ခဲ့ပြီလေ။
ရိုးတို့ဖြေဆိုထားတဲ့ စာမေးပွဲကြီးလည်း အောင်စာရင်းထွက်ဖို့ ၁ ညသာ လိုတော့သည်။"🎼🎵🎼🎵တူတူ အဝေးကအချိန် နင်ငါ့ကို မမေ့နဲ့နော် ရေမြေခြား🎵 ခြား🎼"
"ရိုးဖုန်းမြည်သံကြောင့် ဘုရားခန်းမှနေ ပြေးကာ ဧည့်ခန်းစားပွဲခုံတွင် တင်ထားသော ဖုန်းအားယူကာ
"ဟဲလို"
မောဟိုက်သံဖြင့် ဖြေဆိုသော ဖုန်းဖြေသံကြောင့်
"ရိုးလေး ဘာဖြစ်နေတာလဲ"
"ဟီး ဘုရားခန်းက ပြေးလာလို့ကိုကို"
"အဟား ဘုရားပြေးရှိခိုးနေတာပေါ့လေ"
"လှောင်ပါနဲ့ ရိုးက တကယ်ရင်တုန်နေတာကို"ရိုးရဲ့ ဆူအောင့်အောင့်ဖြေဆိုသံကြောင့် မြင့်မိုရ် ရယ်နေမိသည်။အသံတော့မထွက်ရဲပေ။
ရိုးစိတ်အနှောက်အယှက်ဖြစ်ပါဆိုးသည်။
အခုအတောအတွင်း ရိုးလေးသည် သူ့အပေါ် အရမ်းချွဲကာ စိတ်ခဏခဏကောက်တတ်သည်။ဤစနက်သည် အငယ်ဆုံးလေး လက်ချက်ပင်။"တံခါးလာဖွင့်ပေး"
"ရှင်"ရိုး ဆရာအပြောကြောင့် လိုက်ကာစကို ဖွင့်ကြည့်ရာ ဗုဒ္ဓေါ ဆရာတို့ မောင်နှမ နှစ်ယောက်၊နွယ်နီက ရိုးကို မြင်ကာ လက်ဝှေ့ပြသည်။
အံ့ဩသံနှင့်ရိုးကို ဆရာ့ရဲ့နောက်ထပ်ပြောသောစကားက ပို၍ အံ့ဩရ၏။
"ကိုကိုတို့ ဒီည ရိုးလေးအိမ်မှာအိပ်မှာ"
ရိုးအိမ်ရှေ့သို့ဝမ်းသာစွာ ပြေးထွက်ကာ တံခါးဖွင့်ပေးမိသည်။
"ဟဲ့ သမီးဖြေးဖြေးလေ"
ရိုးမေမေ့ စကားအား ပြန်မဖြေအားပေ။
"ဪ ဒီကလေးနဲ့"
သားကြီးမြင့်မိုရ်သည် သူမဆီသို့ ဖုန်းဆက်ထားတာမို့ လာပြီကို သူမသိပါသည်။
"ဟဲလို အန်တီ ကျွန်တော်မြင့်မိုရ်ပါ"
"အေးသား ပြောလေ"
"ဟို ရိုးကို...."စကားမဆက်တဲ့ မြင့်မိုရ်ကြောင့်
"သမီးလေးရိုးကို လာခေါ်ချင်လို့လား"
"ဟို လာမခေါ်ပါဘူးအန်တီ၊ကျွန်တော်တို့မောင်နှမ လာမလို့ပါ"
"ဪ လာလေ သားရင် ခွင့်တောင်းစရာ မလိုပါဘူး"
"ဟုတ် ဒီတိုင်းလာမှာမဟုတ်ဘူး အန်တီ ၊ညအိပ်ဖြစ်မယ်ပြောမလို့ပါ"
"ဟေ ဘယ်လို"
"ရိုးလေးက အောင်စာရင်းထွက်တဲ့အခါ မိဘတွေနဲ့ အတူတူ သွားကြည့်ချင်တယ်ပြောထားတာ၊အဲဒါတစ်ခါထဲ အငယ်ဆုံးလေးကော အတူတူသွားကြရအောင်ပါ"
YOU ARE READING
အချစ် ယုံကြည်ရာ
Romanceတက္ကသိုလ် ရူပဗေဒဌာနမှာ ဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ပြီး ညီမနှင့် ဖခင်၏ မိတ်ဆွေ သမီးလေးအပါအဝင် ၊ညီမ၏သူငယ်ချင်းသုံးယောက်ကို စာသင်ပေးရင်းးး ညီမနဲ့ရွယ်တူ ကလေးလေးကိုမှ စိတ်ဝင်စားခဲ့သူ ဆရာမြင့်မိုရ် ဆရာလိုအစ်ကိုလို အားကိုးချစ်ဖြင့် ချစ်မဲ့ ကျောင်းသူလေး ရိ...