အခန်း (၁၇)

15 0 0
                                    

"နွယ်နီ"
"ရိုး "
ရိုး ဒုတိယနှစ် Part  II စာမေးပွဲနောက်ဆုံးနေ့ ဖြေဆိုပြီးချိန်တွင် နွယ်နီကလာကြိုပေးသည်။ကားဘေးနား ရပ်ကာ ရိုးကိုစောင့်နေသော နွယ်နီသည် ရိုးအနားလျှောက်လာကာ ရိုးလက်လေးကို ဆွဲထားသည်။

"ကိုကြီးဆရာကို မရှာနဲ့ ယောင်းမ၊သူအစည်းအဝေးရှိလို့ မလာနိုင်ဘူးတဲ့"

ကားအတွင်း ငုံ့ကာကြည့်သော ရိုးကို

"အင်းပါ နွယ်နီရဲ့၊ဒါဆိုရိုးတို့ ဝါးတီးသွား
ဆွဲကြမယ်"
"ဟီးဟီး ဒီနေ့တော့ မရဘူး ယောင်းမရယ်၊သွားစရာရှိတယ် ရိုးလိုက်ခဲ့ရမယ်"
"ဟင် ဘယ်လဲ"
"No,Top Secret "
မျက်စိတစ်ဖက်မှိတ်ကာ ခါးပေါ်လက်တစ်ဖက်ထောက် ခေါင်းလှုပ်ပြောသော နွယ်နီပုံစံကို ကြည့်ပြီး ရိုးရယ်မိလေသည်။

"ကားပေါ်တက်ရိုး သွားမယ်"
"Ok ချစ်သူငယ်ချင်းယောင်းမရေ"
သူငယ်ချင်းနှစ်ယောက် ကားပေါ်တက်ကာ Driver ကို သွားလိုရာခရီးသို့ မောင်းခိုင်းလိုက်သည်။

"နွယ်နီ ဒီကိုဘာလုပ်ဖို့လဲ"

Lady Fashion ဆိုင်ရှေ့ကားထိုးရပ်လိုက်သည့်အတွက် ရိုးမေးကြည့်မိသည်။
ခုနကတော့ Floral Dream Park ပန်းဥယျာဉ်ကိုမောင်းဆိုပြီး။
"ပွဲတစ်ခုကို တက်ဖို့ရိုလို့ "
"ဘာပွဲလဲ"
"ရောက်ရင် သိမှာပေါ့ ယောင်းမရယ်"
ဆိုင်အတွင်းဝင်ကာ တာဝန်ရှိသူတွေက ရိုးကိုခေါ်သွားလေသည်။
နွယ်နီသည် ရိုးအား ဆံပင်၊မိတ်ကပ်၊အဝတ်အစားများကို  ချိန်းပစ်ပေးရန် ဆိုင်ရှင်အား ဖုန်းကြိုဆက် ထားလေ၏။

"နွယ်နီ"

သတင်းစာဖတ်ရင်း ရိုးကိုစောင့်နေတဲ့နွယ်နီရိုးခေါ်သံကြောင့် မော့ကြည့်မိသည်။

"Perfect ယောင်းမ ၊Go မယ်"
အချိန် ၁နာရီကြာမြင့်အောင် ‌ကားမောင်းလိုက်ရပြီးမှ လိုရာ ခရီးသို့ရောက်လေသည် ။

Floral Dream Park ပန်းဥယျာဉ် အရောက်တွင် နှင်းဆီရောင်စုံများဖြင့် လျှောက်လမ်းတစ်လျှောက် ပြင်ဆင်ထားပုံကို ရိုးမြင်မိလေသည်။သံတိုင်ပန်းစင်များဖြင့် အမိုးအကာ ဘေးပတ်ပတ်လည်ပါမကျန် နှင်းဆီရောင်စုံများ အလှဆင်ထားလေသည်။
ပန်းရုံများကြားတွင်Auto Carmea အသေးလေးများ တက်ထားသည်ကို ရိုးမသိပေ။

အချစ် ယုံကြည်ရာWhere stories live. Discover now