Aiden တစ်ယောက် ရုံးမှာအမှုကိစ္စအတွက် လုပ်သာလုပ်နေရတာ စိတ်တွေကမနေ့ညက အခြေအနေကိုသာရောက်နေ၏။ ထိုမာဖီးယားကောင်၏ စကားကိုခဏခဏတွေးနေမိ၏။ 'ခင်ဗျားကို ကျုပ်ချစ်နေပြီမိထင်တယ်' ဟူသော စကားသည် အဖန်ဖန်သူ၏ခေါင်းထဲမှာ နောက်ပြန်ရစ်သလိုကြားနေရသည်ကြောင့် Aidenမှာ ခေါင်းတွေရှုပ်လာမိသလို၊သူ၏မျက်နှာကလည်း ထူးထူးဆန်းဆန်းပူနေမိ၏။ ကျစ်စုတ်သပ်လိုက်၊ဆံပင်တွေကိုသပ်တင်နဲ့အလုပ်များနေသည့် Aidenကို သူ၏လက်ထောက် Kellyမှာ စာရွက်တွေကြည့်လိုက်၊Aidenကိုကြည့်လိုက်နဲ့ Aiden၏ အခြေအနေအား လေ့လာနေ၏။
Aiden မှာ သက်ပြင်းကိုသာချလိုက်ပြီး သူ၏ခုံကိုမှီလိုက်၏။ ညကထိုကောင်၏မျက်နှာနဲ့ ထိုစကားကိုပြောပြီး ချက်ချင်းအိမ်ပြန််တော့မယ်ဆိုပြီး ထသွားသည့် ထိုကောင်၏ပုံရိပ်တို့သည် သူ့အတွက်အရေးမကြီးလျှင် ခဏခဏမတွေးတတ်သည့် Aidenအဖို့ ခဏခဏတွေးနေမိပြီး ရင်ထဲမှာတစ်မျိုးပေ။ ထိုသို့ထ၍အိမ်ပြန်သွားသူကို စိတ်မကောင်းဖြစ်နေတာလားလို့ သူတွေးနေမိပြန်၏။
စားပွဲ၌တင်ထားသည့် ဖုန်းကိုခဏခဏဖွင့်၍ ကြည့်နေမိသည်မှာ ထိုကောင်များဖုန်းခေါ်မလားဟူသည့်အတွေးနဲ့ဖြစ်ပြီး၊ဘာအကြောင်းရယ်ကြောင့် ခဏခဏထိုသို့ဖုန်းကိုကြည့်နေရတာလည်း သူကိုယ်တိုင်လည်းနားမလည်သလို၊သူ့ကိုလေ့လာသလို ကြည့်နေသည့် Kellyမှာလည်းနားမလည်ပေ။
"Sir.."
Kelly၏အခေါ်ကြောင့် Aidenဖုန်းကိုကြည့်ရာကနေ သူဖြင့်မျက်နှာချင်းဆိုင်မှာထိုင်နေသည့် Kellyကိုကြည့်၏။
"အင်း"
"ဒီနေ့ ညနေပိုင်းအတန်းမရှိဘူးလား"
"ဟင် အတန်း? ဒီနေ့ဘာနေ့လဲ ကြာသပတေးပါ"
"ဟာ သွားပြီ ဒီနေ့ ညနေပိုင်း Harvard မှာအတန်းရှိသေးတာပဲ ကျေးဇူးပါပဲ Kelly ကျွန်တော်အခုပဲပြေးလိုက်မယ်"
"ဟုတ်ကဲ့ ဂရုစိုက်သွားပါ"
Aidenသည် ခေါင်းကိုညိတ်ပြလိုက်၏။ အမြန်လေး မိမိ၏ကုတ်အင်္ကျီအရှည်ကိုဆွဲယူ၍ ကားသော့ကိုကောက်ယူလိုက်၏။ လက်ဆွဲအိတ်ကိုလည်းမမေ့မလျော့ယူရသေး၏။
YOU ARE READING
Jax
Romansaဤဝတ္ထုပါ အကြောင်းအရာများမှာ ကျွန်တော်၏စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်ပါ၏။ တူညီမှုများရှိခဲ့ပါက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါ၏။ စိတ်ကူးယဉ်ဖြစ်တာကြောင့် လက်တွေ့ဘဝနဲ့လုံးလုံးမှမတူညီပါ။ စိတ်ပြေလက်ပျောက်ဖတ်ရှုနိုင်ရန်အတွက်သာ ရေးသားထားခြင်းဖြစ်ပါသည်။ မည်သည်...