Part-12

54 8 3
                                    

Unicode

ရင်နင့်.......
အပိုင်း(၁၂)

"ဒီစာမေးပွဲ ဘယ်လောက်အရေးကြီးလဲဆိုတာ မသိဘူးလား ဒါကို ဘယ်လိုလုပ်ပြီးများ သွားမဖြေဘဲ နေရသလဲ သုတဉာဏ် နင် တစ်တန်းအောက်သွားရင် ဘယ်လိုလုပ်မလဲ တောက် ငါလေ နင့်ကိုရိုက်ပစ်ချင်တော့တယ် သုတရယ်"

ဒေါ်ခင်ပပ တော်တော်ဒေါသထွက်နေသည်။ မအော်စဖူး သားဖြစ်သူကို အော်ဟစ်ပြီးကို ဆူနေတော့သည်။

သုတက ကိုယ့်အပြစ်နှင့်ကိုမို့ မျက်နှာငယ်လေးနှင့်ပင်

"တောင်းပန်ပါတယ် မေမေ"

"တောင်းပန်တာနဲ့ ပြီးသွားရောလား သုတရဲ့.. မင်းဘာဖြစ်လို့ စာမေးပွဲသွားမဖြေရတာလဲ ဘာလို့ဒီလိုလုပ်ရတာလဲသားရယ်"

"ကျွန်တော် ချမ်းကို ကာကွယ်ပေးရမှာမို့ပါမေမေ"

"ကာကွယ်ပေးရမယ်.. ဘာအတွက် မင်းကသူ့ကိုကာကွယ်ရမှာလဲ"

"ချမ်းက ကျွန်တော်ညီလေးလေ ဒါကြောင့် ကျွန်တော်ချမ်းကိုကာကွယ်ပေးရမယ်"

သားဖြစ်သူ၏စကားက ဒေါ်ခင်ပပကို ပိုစိတ်ဆိုးသွားစေတော့သည်။

"အေးချမ်းက.. မင်းညီမဟုတ်ဘူး သုတဉာဏ်"

"............."

"မင်းဘာတွေဖြစ်နေတာလဲ သူကမင်းသူငယ်ချင်း မင်းညီလေးမဟုတ်ဘူး နားလည်လား"

ဒေါ်ခင်ပပ စိတ်ဆိုးမာန်ဆိုးဖြင့် အော်လိုက်တော့ သုတအမေဖြစ်သူကို မဝံ့မရဲကြည့်လိုက်ပြီး

"ကျွန်တော့်အတွက် ချမ်းက ညီလေးပါမေမေ"

"သုတဉာဏ်"

"ချမ်းကို သူ့အဖေက သေအောင် ရိုက်နေတာ မေမေရယ် ကျွန်တော်သာမကူရင် ချမ်းတကယ်သေတော့မှာ..."

"ပတ်ဝန်းကျင်မှာ လူတွေရှိတယ် မင်းတစ်ယောက်တည်းရှိတာမဟုတ်ဘူး"

"ဒါပေမဲ့ ဘယ်သူမှချမ်းကို ဝင်မကူညီကြဘူးလေမေမေ.. ဒါကြောင့် ကျွန်တော်ကပဲ ကူညီပေးမှဖြစ်မှာမို့ပါ"

သုတစကားကြောင့် ဒေါ်ခင်ပပဘာပြောရမှန်းပင်မသိတော့ပါ။ အနားတွင် အေးချမ်းလည်းရှိနေ၏။ သူ့အဖေက ယခုထိတိုင် သောင်းကျန်းနေသဖြင့် အိမ်ပြန်မလွတ်နိုင်သေးပါ။ သုတအိမ်၌သာ ခဏသောင်တင်နေသည်။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

ရင်နင့်... Where stories live. Discover now