Chapter 21

270 29 11
                                    

        "မိဖုရား​လောင်းကို ပြင်ဆင်​ပေးရပါမယ်အရှင်"

ထိုစကားတစ်ခွန်းနဲ့ သူ့ရင်ခွင်ထဲက​ရှောင်းကို ဆွဲ​ခေါ်သွားတာက အပျို​တော်​ခေါင်း​ဆောင်။
သူ့ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ပါသွားသည့်​ကောင်​လေးဟာ အပျို​တော်​ခေါင်း​ဆောင်ကို​ကြောက်​နေသလိုပုံစံ​လေး​ကြောင့် သူ့မှာ နန်း​တော်တစ်ခုထဲရှိ​နေတာ​​တောင်စိတ်ကမချချင်။

"အရှင် နံနက်စာသုံး​ဆောင်​တော့မလားခင်ဗျာ."

"ဟင်. အင်း.."

အထိန်း​တော်ကြီးသတိ​ပေးမှ သူမနက်စာမစားရ​သေးတာသတိရသည်။ တစ်ဆက်တည်း​ရှောင်းလည်းစားရ​သေးမှာမဟုတ်​ကြောင်းကိုသူသတိရလိုက်သည်။

"မိဖုရား​အတွက်ကိုလည်း မနက်စာ​ပြင်​ပေးဖို့​ပြောလိုက်ဦး..."

"မှန်လှပါအရှင်..."

"အရှင် ကိုယ်ရံ​တော်​ခေါင်း​ဆောင်က ​တွေ့ခွင့်​​တောင်း​နေပါတယ်.."

"လွှတ်လိုက်.."

သူ့အထိန်း​တော်ကြီးဟာသူ့နန်း​ဆောင်ထဲကပြန်ထွက်သွားပြီး ​ဟောက်ရွှမ်းက​ရှေ့​ရောက်လာ၏။

"အ​တော်ပဲ ကိုယ်​တော်မဟုတ်ရင်​တောင်မင်းကိုဆုချီးမြှင့်မလို့....."

ကမ်း​ပေးလာသည့် ​ငွေထုပ်ကို ​ဟောက်ရွှမ်းတရိုတ​သေလှမ်းယူလို့ အ​တော်တန်​လေး​နေတာကိုသတိပြုမိသည်။

"ကဲ..ဘာကိစ္စလဲ "

"ကျွန်​တော်တို့ မိဖုရား​လောင်းရဲ့အိမ်ကို​ရောက်​တော့ မင်းသားခုနစ်ရဲ့အပျို​တော်​ကို​သေဆုံးလျက်သား​တွေ့ခဲ့တယ်လို့ ရွာလူကြီးက​ပြောပါတယ်အရှင်...ပြီး​တော့မိဖုရားကလည်း ကျွန်​တော်တို့ကို​တွေ့​တွေ့ချင်းထွက်​ပြေးခဲ့ပုံ​​ပေါက်ရင် သူတို့ဆီကိုတစ်​ယောက်​ယောက် ​ရောက်လာပုံရပါတယ်..."

သူ​ပြောတာကိုအရှင်က ငြိမ်ပြီးစဥ်းစား​နေသည်။
​ရှောင်းသူ့အ​ပေါ်​အေး​စက်​နေတာ အဲ့တာ​​တွေ​ကြောင့်ဖြစ်မလား။

"ကျွန်​တော်မျိုးအဲ့ကိစ္စအတွက်စုံစမ်းလိုက်ရမလားအရှင်.."

The Emperor's Consort (On going)Where stories live. Discover now