"Nine groupကရှယ်ယာရှင်တွေကကျွန်တော်တို့ဘက်ကိုကူးလာကြပြီ။""Nine groupကနေ KZကိုရောက်လာတဲ့လူတွေကိုတစ်ယောက်မှလက်မခံနဲ့"
"ဗျာ..."
"ဘာမရှင်းလို့လဲ"
"ဟို...Nine Gpက ကျွန်တော်တို့ရဲ့ ပြိုင်ဖက် gpလို့တောင်ပြောလို့ရတာ...
အဲကရှယ်ယာရှင်တွေကကျွန်တော်တို့နဲ့လာပူးပေါင်းတာ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား""ဘာကိုပြိုင်ဖက်လဲ"
"ဗျာ"
CEOရဲ့ အေးစက်စက် မျက်နှာထားနှင့်အတူတုံးတိဖျက်ချသွားသော လေသံကြောင့် KZရဲ့မန်နေဂျာ စောနောင်ထူး တစ်ယောက်အခက်တွေ့ရလေသည်။
Nine gpက KZလောက် မကြီးပေမယ့် KZကိုအမှီလိုက်နိုင်ဖို့ ရာခိုင်နှုန်းများ
သည့် တစ်ဦးတည်သောgpပင်ဖြစ်သည်။စီးပွားရေးလောကမှာ KZနှင့်မလှမ်းမကမ်းတွင်ရှိနေတာဆိုလို့
Nine gpသာဖြစ်တာကြောင့်
ပြိုင်ဖက်သဘောမျိုးသက်ရောက်
တာပဲမဟုတ်လား..."မင်းရောKZကလူတွေရော...တစ်ခြားဘယ်သူတွေပဲဖြစ်ဖြစ် ရောက်ရင်ရောက်တဲ့နေရာမှာမှတ်ထားရမှာက Nine ကKZရဲ့ပြိုင်ဖက်မဟုတ်ဘူး။KZရဲ့အရှင်သခင်..."
ထူးထူးဆန်းဆန်းစကားကြောင့် အဓိပ္ပာယ်ကိုမေးချင်ပေမယ့် CEOရဲ့ မျက်နှာအရိပ်အကဲက မေးခွန်းထပ်မေးရန် ရာသီဥတုအခြေနေမကောင်းတာကြောင့်စောနောင်ထူး တစ်ယောက်ဒီအတိုင်းလေးငြိမ်နေလိုက်သည်။ Nine gpကဘာလို့KZရဲ့အရှင်သခင်ဖြစ်ရတာလဲ အရာရာအကုန်လုံး KZက Nine gpထက်အသာကြီးဖြစ်နေတာမဟုတ်လား...
CEOကို နားလည်ဖို့ ကြိုးစားမရတာအမှန်ဖြစ်သည်။
CEO၏အတွေးကိုလုံးဝလိုက်မမှီပေ
မယ့် CEOလုပ်သမျှကမှန်သည်ဟု
စောနောင် ယူဆထားသည်။အဘယ်ကြောင့်ဆိုသော် CEOသည် စောနောင်ရဲ့ကျေးဇူးရှင်ဖြစ်သလို စောနောင်ရဲ့ဆရာသမားလည်းဖြစ်သည်။ ပြီးတော့...စောနောင်ရဲ့idolကလည်း
CEOသာဖြစ်တာကြောင့်ပင်..."ဒါဆို...Nine gpကနေ ကူးလာတဲ့လူတွေအကုန်လုံးရဲ့အဆိုကို ငြင်းလိုက်ပါ့မယ်ဗျ။"