"သို့...
ဂျန်
ကိုယ်ပါ ကိုယ်မင်းကိုသိပ်သတိရတယ်ဂျန် မင်းနဲ့တွေ့ခဲ့တဲ့နေ့တေက ကိုယ့်အတွက် မမေ့နိုင်လောက်အောင်ပျော်စရာတေပါ ကိုယ်ဟာ ကိုယ်မဟုတ်တဲ့ သူဆီကနေ မုန်းတီးခြင်းခံနေရတယ်ဂျန် အတာက ကိုယ့် ကိုယ်စောင့်နတ်ဘဲ ဂျန် ကိုယ်အတွက်မဟုတ်ဘဲ မင်းအတွက်တေဘဲတွေးလို့ ကိုယ်စောင့်နတ်တောင် ကိုယ့်မကြည်တော့ဘူးကွယ် ဂျန် ဖြစ်နိုက်ရင်လေ ဘဝဆက်တိုင်းကိုယ်မင်းနဲ့ဘဲပေါင်းဖတ်ရပါစေကွယ်...မင်းဒီစာဖတ်ချိန် ကိုယ်မင်းနားမရှိနိုင်လောက်တော့ဘူးဂျန် ကိုယ့်ကိုခွင့်လွှတ်ပါ...."
ထိုစာလေးဟာ ကာယံကာရှင် စီရောက်မရောက်ဟာ ဘယ်သူမျမသိနိုင်ခဲ့ပေ......
________________________________
ယနေ့ဟာ ခရီးစဉ်၏ နောက်ဆုံးနေပင် မနက်ဖြန် ကိုယ်စီနေရာ အသီးသီးသို့ အကုန်ပြန်ရတော့မည်
Lisaမပျော်နေခဲ့ပေ သူမမပြန်ချင်သေးလေ
အကြောင်းမှာ ၁အချက်က ဂျန် ဖြစ်သော်လည်း ၂အချက်ကမူ ထိုအိမ်ကိုသူမခြေမချချင်ပေ ဖြစ်နိုင်ရင် ဒီမြို့မှာသာနေလိုက်ချင်သည် ဘာအပူအပင်မှမရှိဘဲပေါ့ကွယ်.....
သူမတို့နောက်ဆုံးည အကုန်သောက်စားကြမည်တဲ့
သူမလည်းနောက် ဘယ်တော့ပြန်တွေ့ရမည်မန်းမသိသော အခြေအနေတွင် ဂျန့်ကို ဖွင့်ပြောဖို့သာ တွေးလိုက်ပါသည် အနည်းဆုံး သူမရင်ပေါ့သွားမည်မလား
Lisa ထိုနေ့က တစ်ကိုယ်ကောင်းဆန်ခဲ့သည်ကို သူမပင်မသိခဲ့ချေ...
ထိုည မီးဝိုင်းဖိုကာ အကုန် သီချင်းဆိုကြ အကင်တေစားကျနဲ့ ပျော်နေချိန် ဂျန်ဟာ လည်း သူအသိတေနှင့် သောက်နေကာ ကနေပြန်သည်
Lisaကတော့ အဝေးကြီးတစ်နေရာတွင် ထိုင်နေကာ ကောင်းကင်ကို ကြည့်လိုက် ဂျန့်ကို ခိုးကြည့်လိုက် ဘီယာသောက်လိုက်နှင့်မအားပေ သူမသွားပြောချင်နေသည့် စိတ်ဟာ ထိန်းမရသလို သူမကိုယ်တိုင်ကလည်း မရဲတင်းပေ
ထိုအချိန် ဂျန်ကသူမနားလာကာ
'ရော့ လီလီ ဒါဂျန်ယူလာပေးတာဆိုကာ'
ကြက်ကင်အနည်းငယ်ရယ် အခြားအကင်တေ အကြန်စုံအောက် ပန်းကန်ကြီးထဲထည့်သယ်လာသည် သူမနားသို့ လာရပ်ကာ ပေးနေပုံမှာ စေတနာအပြည့်နှင့် စားစေချင်ကြောင်းခံစားမိပါရဲ့ သူမလည်း ပြုံးပြကာ
'ဂျန် ခုလိုပေးလို့ ကျေးဇူးပါနော်'
'ဟင် လီလီက ဘီယာသောက်နေတာလား'
'အယ် အော် အင်း ဟုတ်တယ်'
'ကောင်းလားဘီယာက'
'ဂျန်ခုန က သောက်နေတာမလား'
'မဟုတ်ပါဘူး အတာ စပျစ်ဝိုင်တေ မမပေးတာ'
'အော်'
'ဟို'
ဂျန် ပြောလိုက်သည့် စကားဟာ သူမအားလန့်ဖြန့်စေသည်
'မြည်းကြည့်ချင်တယ်'
'ဟင်'
တကယ် ကြသူမလေးကို မသောက်စေချင် ခုခေတ်လူတေအတွက်ဆို လီလီ့ အတွေးဟာခေါင်နိုင်ပင်မဲ့ ချစ်ရသူ သောက်ပြီးခံစားရမည့် မူးဝေမှုကို သူမမခံစားစေချင် သူမအန်ရင် လည်ချောင်းနာမည်ကိုတောင်မလိုလားအောင် ဖြစ်နေသည့် လီဆာဟာ အသက်မပြည့်သေးသည့် ကလေးအား အရက်တိုက်မည့် သူထက်ပင်ဆိုးကာနေသည်မလား...
'မသောက်ပါနဲ့ဂျန်'
'ဟာ လီလီက့သောက်ပြီးတော့'
'ဟာ'
'မရဘူး သောက်မယ်'
လီဆာ လက်ထဲက ဘီယာ ဘူးအားမော့ကာ တစ်လုတ်ထဲ အကုန်သောက်ပြစ်သော ဂျန်ဟာ ကလေးဆိုးလေးပါ ဘယ်သူ့ကိုမှမပေးနိုင်မည့်ကလေးလေးပင်
ကျစ်...ချစ်လွန်းလို့ ရူးတော့မည်သာ...
သူမမတားရက်ပြန် ကိုယ်ရှေ့သောက်နေသော ကလေး ပါးစပ်ထဲက ပြန်လှုဖို့ကြ လီဆာ အတွက် ခက်ခဲပြန်ပါ၏ ဘယ်လိုစိတ်နဲ့ များ လှုရက်မလည်း ဒီလူဟာ အကြိမ်ကြိမ်အခါခါရှုံးနိမ့်ရခြင်းမှာ ဒီကလေးကြောင့်သာ.....
ဂျန်ဟာ အကုန်သောက်ပြီးသွားသောအခါ
'ဟီး ကောင်းလိုက်တာ'
'ဟင်...မခါးဘူးလားဂျန်'
'ခါးတယ် ဒါပေမဲ့ ဆေးတေလောက်မှမခါးတာ'
'အော်..'
ဂျန်နဲ့စကားစ ဖြတ်ကာ ကောင်းကင်က လမင်းကြီးကို ကြည့်ရင်း လီဆာ ပြောလိုက်မိပြန်သည်
'ဂျန်...မင်းချစ်ဖူးလား'
'အင်း....ချစ်ဖူးတယ်'
'ဟင်း...'
နာကျင်မှုတေဖြင့် ငါ့အချစ်က သူ့အတွက် မဖြစ်နိုင်တော့လား...စလိုက်ခြင်း က တန်းပြီး အဆုံးသတ်ခြင်းကိုဖြစ်စေတာလား....အချစ်ရေးမှာလည်း ထပ်ကံဆိုးပြန်တာလား....
'အော် ဘယ်သူလည်းပြောပြမလားဂျန်'
'အင်း...ရတယ်လေ'
ဂျန်ဟာ မူးစပြုနေသည်မှာ သိသာလှပေသည် သူမအသံတေဟာ လေးလာကာ လူကလည်း ယိုင်ထိုးနေသည် အောက်ကျတော့မယ် ဆိုသော စိတ်ဖြင့် ဂျန့်အား သူမပုခုံးထက်ခေါင်းတင်စေလိုက်သောလီဆာဟာ
သူမလက်တေဟာလည်း တုန်ယင် နေသည်ကို လျစ်လျူရူထားလေသည်...
"ဟက်...အချစ်ကပေးတဲ့နာကျင်မှုတေဘဲ"
'လီလီ ငါကလေ သူ့ကိုအရမ်းချစ်တာ သူက ငါ့ဆို ဖုတ်လေတဲ့ ငါးပိရှိတယ်တောင်မထင်ဘူး...'
'သူက ဘယ်သူလည်း ဂျန်'
'သူကလေ ငါ့ကို အသေချစ်တာလို့ထင်ခဲ့တာ ချစ်တယ် လီလီ သူငါ့ကိုချစ်တယ် ဒါပေမဲ့လေ ဒါပေမဲ့ လူကို ချုပ်ကိုင်တဲ့ အချစ်မျိုး'
'ဟင်'
'သူကငါ့ကိုလေ ချစ်တယ် လို့ပြောတဲ့နေ့ကနေစပြီး ငါမလွတ်လပ်တော့ဘူးလီလီ'
ဂျန်ဟာ သူ့ခံစားချက်တေကို ဖွင့်ဟနေသော်လည်း လီလီကတော့ပြုံးတောင်မပြနိုင်တော့ပေ...
'ဆက်ပြောလေဂျန် ရင်ထဲပေါ့သွားအောင် ရင်ဖွင့်လိုက်ပါ'
သူမနာကျင်မှုတေအား မမူတော့ဘဲ ဂျန့် ရင်အစုံရှင်းဖို့ရယ် ဂျန်ရင်တေရတက်အေးဖို့ရယ် ဂျန်ပျော်ဖို့ သူနှလုံသားအစုံအား ကြိတ်စက်ထဲ ထည့်ကာ ကြေမွအောင် ချေသင့်လည်း ချေပြစ်မည်သာ
နှလုံးတစ်ခုလုံး ဆုပ်ကိုင်ခံထားရတာတောင် လီဆာဟာ ဆက်လက်ပြီးနားထောင်နေသည် ဘယ်ဘက်ပါးပေါ်က စီးကျလာသော မျက်ရည်ကြည်တေကိုလည်း ဂျန့်အား မမြင်စေလို၍ ဖိချေကာ သုတ်ပြစ်လိုက်သည်...
ဂျန်ပျော်ရမယ်...
'သူကလေ သူအရမ်းဝါသနာပါတဲ့ အလုပ်အတွက်ငါ့ကိုထားခဲ့တာလီလီ သူက အဆိုတော်ဖြစ်ချင်တာတဲ့ အတာကြောင့် ငါ့ကို..ငါ့ကို...ဟင့်'
ဂျန်ဟ ထငိုသည်မှာ ရင်ကွဲနာ ကျနေသော ကလေးပမာ ထို့နောက် Lavender ခင်းဘက်ထဲသို့မျက်ရည်ပေါက်တေ တစီစီကျနေသော ဂါဝန်ဖြူနဲ့ မိန်းကလေးနောက် ရင်ဘက်တေထဲ မွန်းကျပ်ကာ အတိတ်ထဲကပင်မရုန်းထွက်နိုင်သေး သော ဆံပင် ခပ်တိုတို နှင့် ကောင်မလေးဟာလည်း မျက်ရည် ဆက်လက်နှင့်လိုက်သွားလေသည် ထိုပြေးနေသည့် မြင်ကွင်းကိုအမိအရ ဖမ်းလိုက်သောLizဆိုသော ကလေးမလေးဟာ သုမအမေအား
'မေမေ ဒီ မမ၂ယောက်က လိုက်တယ်သိလား'
'Liz မားမားပြောနေတယ်မလား မုန့်စားတော့လို့'
'မားကလည်းကြည့်ပါလို့'
'Liz မားကိုမမွှေနဲ့ ပါးဆီလာခဲ့'
'ဟင့်'
အရစ်သန်လေးLiz ဟာ စတင်ငိုသောကြောင့် ရိုစီ ဟာ မြန်မြန်ပြန်ချော့ရသည်
'လာပါ ညကြကြည့်မယ် ခုမုန့်စားရအောင်နော်'
'ဟင့်'
'မောင် ပြောအုန်း စားဘဲစားမနေနဲ့'
'ဟာ'
(My Miami Love ရဲ့ chaelisa နဲ့ baby Liz လေးပါနော်)
တစ်ဖတ်တွင်လည်း ငိုနေသော အတွဲရှိသလို တစ်ဖက်တွင်လည်း ကလေးလေးအားချော့ကာ သတ်နေပြန်သော ချစ်စရာ အတွဲလေးရှိပြန်သည်လေ....ဆက်ရန်
#vannie
YOU ARE READING
Love across time
Short StoryJenလိုခေါ်တဲ့ လေဆိုင်ငယ်လေးဟာ ကိုယ့်ဘဝသို့ မပြောမဆိုရောက်လာကာ ဝေးကွာသွားခဲ့ပြန်တယ်... 'ကိုယ်မင်းကိုချစ်တယ် ဂျန်' ကြိုပြောထားပါမယ် SAD STORY ပါ