မြသွေးနှင့်သတ္တိတို့၏ ပြိုလဲသွားသော စီးပွါးရေးသည် တဖြည်းဖြည်း ပြန်လည်၍ ထူထောင်နိုင်လာသည်။ မြသွေးရောင် (MTY) Company အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းကာ အခြေပြန်ခိုင်လာသည်။ မြသွေးနှင့် သတ္တိသည် မူလကတည်းက အရည်အချင်းရှိသူများဖြစ်သည့်အပြင် နှိုင်း၏ အားတက်သရောကူညီမှုကြောင့် အချိန်တိုအတွင်းပြန်လည် ထူထောင်လာနိုင်ခြင်းပင်။
ထို့အပြင် မြသွေးတို့၏ စီးပွါးဖက်အချို့မှလည်း MTY သို့ ရှယ်ယာရှင်များအနေဖြင့် ပါဝင်လာသည်။ နှိုင်းသည် MTY company ၏ အကြီးဆုံးရှယ်ယာဝင်တစ်ဦးဖြစ်ကာ ကဗျာ သည်လည်း ရှယ်ယာဝင်တစ်ဦးပင်ဖြစ်သည်။ နှိုင်းအပြင် ရှယ်ယာအများဆုံးရှိသည့် သူမှာ ဝေယံထက်ပိုင်ပင်။ ကျန်ရှိသော ရှယ်ယာရှင်များသည် အနည်းအကျဉ်းသာ ပါဝင်ထားကြသည်။
ဝေယံသည် သတ္တိ၏ သူငယ်ချင်းဖြစ်သည့်အပြင် မြသွေးနှင့်လည်း ရင်းနှီးသောဆက်ဆံရေးရှိသည်။ စီးပွါးရေးလောကတွင် အပြိုင်အဆိုင်များသည့်တိုင် ဝေယံသည် မည်သည့်အခါမှ မြသွေးတို့အား မပြိုင်ခဲ့ဖူးပေ။ ယခုလည်း သူငယ်ချင်းဟူသော အကြောင်းပြချက်ဖြင့် ကူညီပေးနေသည်။ မြသွေးသည် အကူအညီအား လက်မခံချင်သော်လည်း အချိန်ကြာမြင့်စွာ ရင်းနှီးလာသူများဖြစ်ဦ လက်မခံ၍ မရ။
ဝေယံထက်ပိုင်၏ မြသွေးအပေါ်သို့ ဂရုစိုက်မှုများအား သတ္တိသည် မြင်တွေ့နေရသော်လည်း မြသွေးတော့ သိပုံမပေါ်။ သတ္တိသည် အစ်ကိုတစ်ယောက်အနေဖြင့် သူ၏ ညီမလေးအား မည်သူသည် မည်သို့သောရည်ရွယ်ချက် ရှိနေသည်အား ရိပ်စားမိပါသည်။ မြသွေးသည် ကလေးငယ်လေးမဟုတ်တော့၍ သတ္တိသည် မြသွေး၏ ကိုယ်ရေးကိုယ်တာအား ဝင်မစွက်ဖက်ပါ။
မြသွေး၏ အိမ်ထောင်ဖက်သည် မည်သူမည်ဝါဖြစ်ရမည်စုလည်း သတ်မှတ်ထားခြင်းမရှိ။ မြသွေး သဘောကျနှစ်သက်သည့် မည်သူမဆို သူသဘောတူသည်။ မြသွေးပျော်ရွှင်ရမည်ဆိုလျှင် သူဘာမှ ကန့်ကွက်စရာမရှိပါ။ သို့သော် မြသွေးဘက်မှ မနှစ်သက်သော ယောက်ျားသားတို့အား သူ၏ ညီမလေးစိတ်မရှုပ်စေရန်အတွက် သတ္တိသည် ကူညီဖြေရှင်းပေးတတ်သည်။
BINABASA MO ANG
ပြိုကျလျက်ရှိသော မိုးရိပ်
Short Storyလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)