Extra.1

9.3K 205 1
                                    

Unicode

I have fallen in love with my spouse!

Extra-1

နီးကပ်လာတဲ့ရေမွှေးနံ့နဲ့အတူ ကိုယ်ငွေ့တစ်ခုကသူမဘေးရောက်လာပြီး သူမကိုယ်လေးအားနောက်ကနေသိုင်းဖက်လိုက်လေသည်။

ကြည့်စမ်းပါဦး။

အသည်းရဲ့ခန္ဓာကိုယ်က ကလေးမရခင်ကနဲ့လားလားမျှမဆိုင်တော့အောင်ပုံပျက်သွားလိုက်တာများ ကိုကြီးရဲ့လက်တစ်ပွေ့စာတောင်မကချင်တော့ပေ။

''ကိုယ်အလုပ်သွားတော့မယ်နော်အသည်း...စောစောပြန်ခဲ့မယ်''

ကိုကြီးကသူမခေါင်းလေးကိုအုပ်မိုးကိုင်ပြီး ပါးလေးကိုဖျက်ခနဲနမ်းကာ အခန်းထဲကထွက်သွားလေတော့သည်။

နက်​ပြာ​ရောင်ရှပ်အင်္ကျီလေးကို စတိုင်လ်ပန်အနက်ရောင်လေးနဲ့တွဲဲဖက်ဝတ်ဆင်ထားတဲ့ကိုကြီးကအခုထိလူငယ်လေးအတိုင်းပင်။

အရင်ကထက်တောင်ပိုပြီးခန့်လာသန့်လာသေးသည်ပြောရမည်။

သားလေးကလည်းလမ်းစမ်းလျှောက်နေပြီမို့ သူမကကလေးနဲ့လွတ်ပြီလို့ထင်ရပေမယ့်လည်းထင်သလိုမဟုတ်ဘဲ ကလေးကိုသာအချိန်ပေးနေရသည်။

မမြသက်ကကူထိန်းပေးပေမယ့်လည်း သူမကဘာတွေအလုပ်များနေရမှန်းမသိတာပါ။
ကိုကြီးရဲ့ဝေယျာဝစ္စ ကလေးဝေယျာဝစ္စတွေလုပ်နေရတာနဲ့ပဲ အသည်းကကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မေ့နေခဲ့၏။

''အသည်း...ရေချိုးမှာမလား...သွားချိုးလေ...သားသားကိုအစ်မပဲမနက်စာကျွေးထားလိုက်မယ်''

''ဟုတ်ကဲ့''

အသည်း နေရာကနေထပြီး အိမ်ပေါ်သို့တရွေ့ရွေ့တက်လာခဲ့လိုက်သည်။

အခန်းထဲရောက်တော့ သူမကိုယ်ပေါ်ကအဝတ်အစားတွေကိုချွတ်ပြီး မှန်ရှေ့မှာသွားရပ်ကြည့်တော့ ဂုတ်ပိုးတွေလက်မောင်းတွေမှာအဆီတွေတက်နေပြီး ရင်းသားတွဲတွဲ ​ဗိုက်ခေါက်ထူထူ ပေါင်လုံးကြီးကြီးတွေနဲ့မိန်းမကြီးတစ်ဦးကိုမြင်လိုက်ရ၏။

အဲဒါကသည်းပန်းခတ်ဆိုတဲ့သူမကိုယ်တိုင်ပဲလေ။

သူမကတအားကိုရုပ်ပျက်ဆင်းပျက်နဲ့ လုံးဝကိုမလှတော့ပေ။

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now