Chapter 83

201 27 0
                                    

အပိုင်း (၈၃) 
 
ကလေးများအားလုံး အိမ်ထဲပြန်ဝင်သွားကြပြီး လျို့ဟွားလည်း ယဲဝမ်ကို စကားဆိုလိုက်သည်။
 
“ရှင်လည်း အိမ်အမြန်ပြန်ပြီး အနားယူသင့်ပြီ”
 
ယဲဝမ်သည် အားတုံ့အားနာဖြစ်စွာ ပြောလာ၏။
 
 
လျို့ဟွား လက်ခါပြလိုက်သည်။
 
“အန့်နင်လေးက အရမ်းစွမ်းဆောင်နိုင်ပြီးသားပါ၊ ကျွန်မ သူ့ကို အများကြီး ဂရုစိုက်ဖို့ လိုတာမှမဟုတ်ဘဲ”
 
ယဲဝမ်မှာ မျက်လုံးများ နီမြန်းသွားသည်အထိ ခံစားမိသွားပြီး လျို့ဟွားကို ကြည့်လိုက်သည်။
 
သို့ရာတွင် လျို့ဟွားသည်တော့ မထီမဲ့မြင်ပြုထားပုံရ၏။
 
“တသသဖြစ်နေတာကို ရပ်လိုက်ရအောင်၊ အိမ်ကိုပဲ အမြန်ပြန်ပါတော့”
 
ပြောပြီးသည်နှင့် သူ(မ)ကိုယ်တိုင်လည်း နောက်လှည့်ကာ အိမ်ပြန်လာလိုက်သည်။ 
သူ(မ) အိမ်ထဲသို့ ဝင်လျှင်ဝင်ချင်းပင် လျို့ဟွားသည် အလွန်လိမ္မာစွာဖြင့် တန်းစီထိုင်နေကြသော ကလေးများကို တွေ့လိုက်ရပြီး လျို့မန်က သူတို့အတွက် မနက်စာကို အရှေ့တွင် ချပေးနေ၏။
 
လျို့ဟွားတစ်ယောက် စိတ်ကောင်းဝင်နေ၏။
“အိုး ရှားရှားပါးပါးပါလား၊ မင်းတို့လေးတွေ ဘယ်လိုလုပ် ဒီလောက်တောင် လိမ္မာနေကြတာလဲ”
 
ရွယ်ယန်သည် မကျေမချမ်းဖြင့် လက်သီးလေးကို ဝှေ့ပြလာ၏။
“အားယန်က ကမ္ဘာပေါ်မှာ အလိမ္မာဆုံးပဲ!”
 
လျို့ဟွား မျက်လုံးလှိမ့်လိုက်သည်။
 
“ကမ္ဘာပေါ်က အလိမ္မာဆုံးကလေးက ညဘက်ကြီး မုန့်ခိုးမစားတတ်ဘူး”
 
ရွယ်ယန်သည် ‌လိပ်ပြာမလုံစွာ ခေါင်းလေးငုံ့ကာဖြင့် တိုးဖျစွာ ရေရွတ်လာ၏။
 
“အားယန် မလုပ်ပါဘူးနော်!”
 
လျို့ဟွားမှာ ဤကလေးပေါက်စနှင့် ငြင်းခုန်ရန် ပျင်းလွန်းလှ၏။ သူ(မ)က ကလေးမလေး၏ခေါင်းအား သာမန်ကာလျှံကာ ဖွပစ်လိုက်သည်။
 
“မေမေ အလုပ်လုပ်ဖို့ အပေါ်ကို သွားလိုက်အုံးမယ်၊ မင်းတို့ကလေးတွေ ကောင်းကောင်းနေကြနော် လျှောက်ပြေးမနေကြနဲ့ နားလည်ရဲ့လား”
 
“ဟုတ်!”
 
ထုံးစံအတိုင်းပါပေ၊ အားယန်ကသာ အရင်ဆုံး လက်မြှောက်လာသူလေးဖြစ်သည်။
 
လျို့ဟွားသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ကာ အပေါ်ထပ်သို့ တက်သွားလေသည်။
 
သူ(မ)၏ကိုယ် လှေကားထိပ်ကနေ လုံးလုံးပျောက်သွားသည်နှင့် ရွယ်ယန်သည် တီးတိုးပြောလာ၏။
 
“ကျယ်ကျဲ၊ အားယန်တို့ တံခါးနားမှာ သွားဆော့ရင် လျှောက်ပြေးတယ်လို့ ပြောလို့မရဘူး ဟုတ်တယ်မလား”
 
ယဲအန့်နင် ရွယ်ယန်၏ပါးဖောင်းဖောင်းလေးကို လက်နှစ်ဖက်စလုံးဖြင့် ဆွဲညှစ်လိုက်သည်။
 
“အားယန်က ကမ္ဘာပေါ်မှာ အလိမ္မာဆုံးကလေးလေးမဟုတ်ဘူးလား၊ ဘယ်လိုလုပ် မျက်တောင်တစ်ခတ်လေးအတွင်း စကားနားမထောင်ဖြစ်သွားရတာလဲ”
 
 
“အားယန်က ဒီတိုင်း ပြောရုံလေးပါ၊ သူက စကားနာမထောင်ဘဲ လျှောက်ပတ်ပြေးမနေပါဘူး!”
ထီကျစ်သည် ကလေးမလေးကို အထင်မြင်သေးစွာ ကြည့်လိုက်သည်။ ဒီအားယန်စုတ်လေး ပြောသမျှ ဘာတစ်ခွန်းမှ ယုံလို့ကိုမရဘူး!
ရွယ်ယန်သည် ထီကျစ်၏ သူ့အပေါ် အထင်အမြင်သေးနေမှုအား အတိအကျ အာရုံရလိုက်ပြီး ကလေးမလေးသည် ထီကျစ်ဆီ ချက်ချင်း ခုန်အုပ်လိုက်သည်။
 
“ဝုတ် ထီကျစ်အစုတ်ပလုတ် နင် အားယန်ကို စိတ်ထဲမှာ မကောင်းပြောမနေနဲ့!”
 
ထီကျစ်သည် အလွန်တည်ငြိမ်စွာဖြင့် တစ်ဖက်သို့လှည့်လိုက်ပြီး ကလေးမလေးကို ဖမ်းရန် သူ့ကိုယ်သူ ကူရှင်အဖြစ် သုံးပေးလိုက်သည်။
 
သူက အကြိမ်အနည်းငယ် ဟောင်လိုက်သည်။
 
“ဝုတ်ဝုတ်~” မဟုတ်ပါဘူး၊ ငါ မပြောရပါဘူး အားယန်စုတ်လေးကသာ ပေါက်ကရလျှောက်ပြော!
ရွယ်ယွိသည် ဤကလေးနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်ငြင်းခုံနေကြသည်အား ကြည့်ရင်း အသံကိုတိုးကာ ယဲအန့်နင်ကို လှမ်းပြောလိုက်သည်။
 
“မင်း အရင်ကအကြောင်းကို ပြန်တွေးကြည့်ဖြစ်သေးလား”
အန့်နင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
 
“တွေးခဲ့တယ်...”
 
 
“အဲ့ဒီတော့ အတိအကျဘာဖြစ်ခဲ့တာလဲ”
 
 
“ဒါက ရှန်နျန်ပြောခဲ့တာ”
 
ယဲအန့်နင် ဖုန်းကိုယူလိုက်ပြီး စကားလုံးတစ်လုံးစီတိုင်းကို အသေအချာ ဖတ်ကြည့်လိုက်သည်။ ဖုန်းကိုကိုင်ထားသော သူ(မ)၏လက်ချောင်းများက ပိုပို၍ တင်းကျပ်လာ၏။
 
“တကယ်တော့ အနည်းနဲ့အများက သူပြောတဲ့အတိုင်းပဲ၊ ငါ့အမေ ဆေးရုံကဆင်းတော့ သူ့ကို တွန်းချလိုက်တာ အားယန် မဟုတ်ဘူးဆိုပြီး တောက်လျှောက်ပြောခဲ့တာ၊ တကယ်တမ်း သူကိုယ်တိုင်တောင် ဘယ်သူတွန်းမှန်း သိတာမဟုတ်ဘူး သူက ခံစားချက်နောက်ကိုလိုက်ပြီးပဲ ပြောခဲ့တာ၊ ဒါကြောင့်မလို့ နောက်ပိုင်း ငါတို့ အားယန်ကို မေးကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ် ဒါပေမယ့် သူက ဘာစကားမှကို မပြောတော့ဘူး... အဲ့ဒါကြောင့်မလို့ အဲ့ဒီတုန်းက ငါ ထင်လိုက်တာ အမေကသာ သူ့ကို ကာကွယ်ပေးနေခဲ့တာဆိုပြီးတော့...”
 
“အဲ့ဒီ မတော်တဆဖြစ်ပြီးနောက်တော့ ငါ့အမေရဲ့ကျန်းမာရေးက တဖြည်းဖြည်း ချူချာသထက် ချူချာလာခဲ့တယ်၊ ငါလည်း အားယန်ကို ပိုပိုပြီး သဘောမကျတော့ဘူး...”
 
သူ(မ)က ခေါင်းကို ငုံ့ထားလိုက်ပြီး မျက်လုံးများက တဖြည်းဖြည်း နီမြန်းလာ၏။
 
ထိုအချိန်တုန်းက သူ(မ)သာ နည်းနည်းလေးဖြစ်ဖြစ် ပို၍စဉ်းစားတတ်ခဲ့လျှင်၊ အားယန်နှင့် ပိုပြီးဆက်သွယ်ကြည့်ခဲ့လျှင်၊ မိသားစုထဲသို့ သူ(မ)ကို ပေါင်းစည်းခွင့်ပြုခဲ့လျှင် အနှီကိစ္စများက ဤသို့ အဆုံးသတ်သွားလိမ့်မည်မဟုတ်ပေ။
 
ရွယ်ယွိသည်လည်း ထိုအကြောင်းကြားပြီးချိန် ငြိမ်သက်သွား၏။ သူ ဘာပြောရမှန်း မသိသလို၊ သူ့အနေဖြင့်လည်း ဘာမျှ ပြောပိုင်ခွင့် ရှိမနေချေ။
 
ရွယ်ယန်နှင့် ကစားနေသည့် ထီကျစ်သည် သူတို့ကို အာရုံစိုက်နေခဲ့သည်။ ထိုအခြေအနေကို မြင်သည့်အခါ သူသည် ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။
ရွယ်ယန်သည် ထီကျစ်ကို တစ်ဖန် ခုန်အုပ်လိုက်ပြန်၏။
 
“မိပြီကွ ထီကျစ်!”
သူ့ကိုယ်ပေါ်ရှိ ကလေးမလေး၏အလေးချိန်သည် သူ့အတွက် မပြောပလောက်စရာပေ။ ထီကျစ်၏ဝံပုလွေမျက်လုံးများထဲ ပြုံးရိပ်များ သန်းလာ၏။
သူက ရိုးရှင်းစွာ ဝပ်တွားလိုက်ပြီး ကလေးမလေးကို အကြိမ်အနည်းငယ် ဟောင်ပြလိုက်သည်။
 
“ဝုတ် ဝုတ်”
ရွယ်ယန်သည် ပဟေဠိဖြစ်စွာ ခေါင်းလေးကုတ်လိုက်သည်။
 
“ဘာဖြစ်လို့လဲ ထီကျစ်၊ အားယန် နင့်ကို ဖိမိသွားလို့လား”
ရှန်နျန်သည် ခေါင်းလေးစောင်းကာ တစ်ခဏ ကြည့်နေလိုက်ပြီးနောက် ထုတ်ပြောလာ၏။
 
 
ရွယ်ယန်သည် ထီကျစ်၏လည်ပင်းကို ပွေ့ဖက်ကာ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
 
“တကယ်လား၊ ထီကျစ် နင် အားယန်ကို သယ်နိုင်လို့လား”
 
ထီကျစ်သည် သူ၏လက်ဖဝါးကို မြှောက်လိုက်ပြီး ကလေးမလေးကို ပုတ်ကာ သူ့ကျောပေါ် အမြန်တက်ရန် ညွှန်ပြလာ၏။
 
 
ဝံပုလွေဖြူဘုရင်စီးတော်တဲ့လား... သောက်ရမ်းမိုက်လွန်းတယ်!
 
ရွယ်ယန်သည် သူ(မ)လက်လေးများကို ပွတ်လိုက်ပြီး မျက်လုံးကွေးကွေးလေးများဖြင့် ပြုံးလာ၏။
 
“ဒါဆို အားယန် ယဉ်ကျေးမနေတော့ဘူးနော်!”
 
ကလေးမလေးသည် ခြေလက်အကုန်သုံးကာ အဖြူရောင် ဝံပုလွေကြီး၏ကျောပေါ် ကုပ်တက်လိုက်သည်။
 
 
ရွယ်ယန်သည် ထီကျစ်၏ကျောကို ပုတ်ပေးလိုက်သည်။
 
ချီလင်းဟန်သည် မျက်မှောင်ကြုတ်ကာ ကလေးမလေး မတော်တဆပြုတ်ကျသွားခဲ့လျှင် ကာကွယ်ရန်အလို့ငှာ ထီကျစ်၏ဘေးသို့ လျှောက်သွားလိုက်သည်။
ထီကျစ် ချီလင်းဟန်ကို မကျေနပ်စွာ စောင်းငဲ့ကြည့်လိုက်သည်။ ဒီလူ သူနဲ့ အသေးလေးရဲ့ အပြန်အလှန်နားလည်မှုကို မေးခွန်းလာထုတ်နေတာလား?
 
သူ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သော်လည်း မတ်မတ်ရပ်လိုက်သည့်အခိုက်တွင် သူ့ကိုယ်ပေါ်ရှိ ကလေးမလေး၏ ဗဟိုချက်က အနည်းငယ် စောင်းသွားသလို ခံစားလိုက်ရသည်။
“အားး! ထီကျစ်!”
 
ရွယ်ယန်သည် အထိတ်တလန့် အော်လိုက်ပြီး ထီကျစ်အား အလျင်အမြန် တင်းကျပ်စွာ ဖက်ထားလိုက်သည်။
 
ချီလင်းဟန်သည်လည်း ဘေးမှနေ၍ ပြုတ်ကျလာတော့မည့် ကလေးမလေးအား ချက်ချင်း ထိန်းကူပေးလိုက်သည်။
ထီကျစ် : “..."
မျက်နှာကို ချက်ချင်း ဖြတ်ရိုက်ခံထိလိုက်တာပဲ!
 
ရွယ်ယန်သည် တစ်ဖန်ထပ်၍ သေချာစွာ ထိုင်ချလိုက်ပြီး ထီကျစ်ကို အလေးအနက်မျက်နှာထားဖြင့် လှမ်းပုတ်လိုက်သည်။
 
 
ထီကျစ်သည် နှာခေါင်းမှုတ်လိုက်ပြီး ရွယ်ယွိနှင့် အခြားသူများအား လှမ်းကြည့်လိုက်သည်။
ရွယ်ယွိသည် ထီကျစ်ဆိုလိုချင်သည့်အဓိပ္ပာယ်အား နားလည်သလိုလိုရှိကာ ရွယ်ယန်ကို ကူညီပေးရန် လျှောက်လာလိုက်သည်။
 
ရွယ်ယန်သည် သူ(မ)၏ပါးဖောင်းဖောင်းလေးများကို စူဖောင်းလာ၏။
 
 
ရွယ်ယွိသည် မလှုပ်မယှက်ဖြင့်။
“နောက်ပြုတ်ကျတဲ့အခါကျမှ မငိုနဲ့”
 
ကလေးမလေးသည် ငြီးတွားလိုက်သော်လည်း ဘာစကားမှမဆိုတော့ချေ။
ထီကျစ်က ကူကယ်ရာမဲ့စွာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်မှ ဖြည်းဖြည်းချင်း နှေးကွေးစွာ စတင်လျှောက်လိုက်သည်။
 
သို့နှင့် မင်းသမီးလေး အားယန်သည် အစောင့်အကြပ်နှစ်ယောက်၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် သူ(မ)၏တော်ဝင်စီးတော်ယာဉ်ပေါ် ထိုင်ကာ ကြီးကျယ်ခမ်းနားသော ဧည့်ခန်းမကြီးကို တိုင်းခန်းလှည့်လည်တော်မူ၏။
 
ကလေးမလေးက သူ(မ)၏လက်လေးများကိုပင် ဘဝင်ခိုက်စွာ မြှောက်လာ၏။
 
“ထီကျစ် သွားထား! ငါတို့က အမိုက်ဆုံး!”
အလွန်မိမိုက်စွာ ထွက်လာရမည့် ပေါင်းစပ်မှုက ကလေးမလေးထံမှ ထွက်လာချိန်တွင်တော့ ချစ်စဖွယ်ကောင်းကာ ရယ်ချင်စရာဖြစ်လာ၏!
 
ရွယ်ကျစ်နှင့် အခြားသူများသည် ရယ်ချင်စိတ်ကို ဖုံးကွယ်ရန် တစ်ဖက်သို့ လှည့်သွားကြသည်။
 
တစ်စုံတစ်ခုကို ယူရန် အောက်ထပ်သို့ဆင်းလာသည့် လျို့ဟွားသည် ထိုမြင်ကွင်းကို မြင်သည့်အခါ ထိတ်လန့်လုမတတ်ဖြစ်သွား၏။
“အားယန်၊ ထီကျစ်ပေါ် ဘာထိုင်လုပ်နေတာလဲ၊ ထီကျစ်ကို တက်မဖိနဲ့လေ”
 
ရွယ်ယန်သည် ထီကျစ်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
“မေမေ၊ ထီကျစ်ကသာ အားယန်ကို စီးစေချင်တာ!”
 
လျို့ဟွားသည် သူ(မ)လိုအပ်နေသည့်အရာကိုပင် ပြေးယူမနေတော့ဘဲ ရွယ်ယန်ဆီ လျှောက်သွားလိုက်ပြီး သူ(မ)၏ကလေးအပေါ် ထီကျစ်၏ အလိုလိုက်မှုကို ရှင်းလင်းစွာ ခံစားနေရလေ၏။
 
“ထီကျစ် ကြိုးစားအားထုတ်ပေးတဲ့အတွက် ကျေးဇူးပါပဲ၊ နေ့လယ်စာ စားချိန်ကျ နင့်ကို ပိုကျွေးပါ့မယ်!”
 
လျို့ဟွားသည် ကရုဏာသက်စွာ ပြုံးလိုက်ပြီး ထီကျစ်ကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။
 
 
ရွယ်ယန်သည် သူ(မ)အမေ၏လက်ကို ဆွဲယူကာ ဖွဖွလေး ကိုက်လိုက်သည်။
 
 
လျို့ဟွားသည် ကလေးမလေး၏ ပါးဖောင်းဖောင်းလေးများကို အလိုမတူဟန်ဖြင့် ဖျစ်ညှစ်လိုက်သည်။
 
“ဘယ်သူက အားယန်အကြောင်းမကောင်းပြောနေလို့လဲ၊ ကလေးစုတ်လေး!”
 

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now