လေယာဉ်ပေါ်မှာ့ ဆင်းသည်နှင့်လာကြိုသောသူငယ်ချင်းများဆီသို့ပြေးဖက်ကာ အားရပါးရငိုချပစ်လိုက်မိသည်။
" လူကြားထဲမှာ မငိုပါနဲ့ ခြူးရယ်"
သူငယ်ချင်းများဝိုင်းအားပေးမှုကြောင့် ခြူးမျက်နှာ အပြုံးဝေဆာလာသည်။
သင်းရနံ့ကားပေါ်တွင် အုပ်စုလိုက် ရီမောပျော်ရွှင်နေသည်ကိုအဖိုးအဖွားကကြည့်ကာ ပီတိဖြစ်နေသည်။"ဟဲ့ သင်းရနံ့
အိမ်မမောင်းပဲနဲ့ ဘယ်ကိုမောင်းလာတာလဲ""သိဘူးလေ နင့်အဖွားပြောတဲ့နေရာကိုမောင်းလာတာ"
ခြူးမျက်နှာအနည်းငယ်ပျက်ကာ အထုတ်များဘေးတွင်ရပ်နေသောအဖိုးဆီသို့သွားလိုက်သည်။
"အဖိုးတို့ ပြောတော့အိမ်ကိုပြန်ပို့ပေးမယ်ဆို"
"မြေးလေးအဖွားကဖုန်းဆက်ကြည့်ပါသေးတယ် မဒီက ဒီတိုက်ခန်းမှာပဲ နေပါဆိုလို့အဖိုးနဲ့အဖွားကလာတာ"
မာမီစိတ်ဆိုးနေတုန်း ပြောတာပါဟုအတွေးများမလွန်ခင်ရပ်တန့်လိုက်ပြီး ဖွားဖွားနောက်သို့ အားလုံးလိုက်သွားလိုက်ကြသည်။
____________________
မဒီ့သူငယ်ချင်းဟောင်း ဆွေဆွေမာနှင့်တွေ့ရန် ဘားတစ်ခုသို့ ကားမောင်းကာထွက်လိုက်သည်။ မဒီတို့မတွေ့ဖြစ်သည်မှာ ၈နှစ်လောက်တောင်ကြာမြင့်ခဲ့ပြီး မိုးကုတ်ကျောက်သူဌေးမတစ်ဦးလဲဖြစ်သည်။
"ဟေးးးးး "
ဘားသို့ရောက်သည်နှင့် လက်လှမ်းပြသော
အဆွေ့ဆီသို့ ပြုံးပြုံးလေးနှင့် ခြေတစ်လှမ်းချင်းလှပစွာသွားနေသည်။"အိုးးးး မဒီရယ် အရင်ကလိုပဲလှလိုက်တာ"
"အဆွေ့ကို မှီပါ့မလားရှင်"
"အဆွေကသာ မဒီ့ကိုအမြဲမမှီတာပါနော်"
"ဟုတ်ပါပြီ မြှောက်နေလိုက်တာ"
ထို့နောက် ဝိတ်တာလေးရောက်လာပြီး မဒီစိတ်ကြိုက်မှာလိုက်သည်။
မဒီ့ဘက်သို့ တိုးကပ်လာသော အဆွေ့ကိုကြည့်ရင်း တစ်ချက်ပြုံးလိုက်ပြီး
YOU ARE READING
Sugar Mommy
Romance18+ နည်းနည်းများမှာမလို့ အဖြူထည်သက်သက်ကြိုက်သောသူအများအတွက်မသင့်တော်ပါ။😞