Unicode
အခန်း (၇): သူတို့တွေတွေ့ကြပြီ (၄)
words count: 3875
Choi Han ဟာနံရံကိုမှီပြီး ထိုင်နေရာမှမတ်တပ်ထရပ်လိုက်သည်။
သူ့ရဲ့ခန္ဓာကိုယ်ကိုဘယ်ခြေထောက်ဖက်ကိုမှီထားတာကိုကြည့်ခြင်းအားဖြင့် သူ့ရဲ့ညာခြေကျင်းဝတ်ဟာအတော်လေးနာနေမှန်းသိနိုင်တယ်ဆိုပေမယ့် Caleဟာသူ့ကိုကူပြီးမတွဲပေးခဲ့သလို သူ့အကြောင်းကိုလည်းဘာတစ်ခွန်းမှမပြောခဲ့။
အခုသူ့ကိုဆက်ဆံနေတာထက်ပိုပြီးCaleသူ့အား ကောင်းပြစရာအကြောင်းမရှိပါ။
Choi Hanအားသူ့နောက်လိုက်ခဲ့ဖို့ပြောရင်း Caleဟာ မြို့စားကြီးအိမ်ဖက် ဦးတည်လိုက်ပေမယ့်သက်ရှိလေးတစ်ကောင်ဟာသူ့ကိုတားလိုက်သည်။
မြောင်~
ရွှေအိုရောင်မျက်လုံးနဲ့ကြောင်နီလေးဟာ
Caleဆီသို့ပြေးလာပြီး သူ့ရဲ့ပါးနဲ့Caleရဲ့ဖိနပ်ကိုပွတ်သပ်တော့ Caleမျက်မှောင်ကြုတ်မိပါသည်၊ သူကြောင်တွေကိုမချစ်တာမှန်ပေမယ့် ဒီတစ်ကောင်ကတော့တကယ်ကိုချစ်ဖို့ကောင်းလေသည်။သို့သော်ငြား သူ့တစ်ကိုယ်လုံးမှာ ကြက်သီးတွေထလာသလိုသူခံစားလိုက်ရပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ Choi Han သူ့အား စိုက်ကြည့်နေတာကိုတွေ့ရလေသည်။
'သေစမ်း'
Cale တစ်ယောက် ကြောင်တောင်တောင်နဲ့ကြောင်ပေါက်လေးကိုပွတ်သပ်ပေးလိုက်မိသည်။
"သူ့ကြည့်ရတာငါ့ကိုသဘောကျနေပုံပဲ ဒါမယ့်ဘယ်လိုလုပ်မလဲငါကသွားရတော့မယ် နောက်မှတွေ့ကြမယ်နော်"
Cale ဘယ်သောအခါကမှ တိရစ္ဆာန်တွေကိုစကားပြောကြတဲ့လူတွေကိုနားမလည်ခဲ့။ သို့သော်
အဲ့လိုလူစားမျိုးဖြစ်လာခဲ့ပြီဖြစ်တဲ့ Cale ဟာ
ခပ်မြန်မြန်ပင်မတ်တပ်ပြန်ရပ်လိုက်ပြီး ကြောင်ပေါက်နဲ့ဝေးဝေးကိုထွက်သွားလိုက်သည်။ရွှေအိုရောင်မျက်လုံးနဲ့ ငွေရောင်ကြောင်လေးဟာ ကြောင်နီလေးကိုပြန်လာဖို့ နဲ့ Cale ကိုနေရာကနေမြန်မြန်ထွက်သွားဖို့ပြောနေသလိုမျိုး မာန်ဖီနေတော့ ကြောင်နီလေးဟာ ပြန်မသွားချင်သလိုမျိုး Cale ကိုနောက်လှည့်ကြည့် ကြည့်နဲ့
ထွက်သွားရှာလေသည်။ သို့သော် Cale နောက်ပြန်မလှည့်ကြည့်ခဲ့ပါ။
أنت تقرأ
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
خيال (فانتازيا)အခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️