🌧

605 49 9
                                    

.... မြတ်နိူးသူရယ်...

ကောက်ရိတ်သိမ်းပွဲတော်...

တာဝန်ကျရာ မြို့လေးကတော့ အေးချမ်းသာယာမှုအပြည့်ဖြင့် စည်ကားနေသည်။ ပြီးတော့ ဒီနယ်မှာ ထူးခြားသည့် ဓလေ့အရ... အစိုးရဆိုသည်ထက် မျိုးဆက်ခေါင်းဆောင်များကသာ အုပ်ချုပ်ကြသည့် အေးဆေးလှသည့် ဒေသလေးပင် ဖြစ်သည်။

ဒီဒေသလေးကတော့ အရမ်းကို တိတ်ဆိတ်ပြီး ချစ်စရာကောင်းသည့် နေရာပင် ဖြစ်သည်။ ဒီမြို့လေးကို စ ရောက်ကာစ ကတော့ သူငယ်ချင်းများဖြင့် အလည်အပတ် သဘောမျိုး ဖြစ်ပြီး... အခုတော့ ဒီမြို့လေးမှာ ကိုယ်က ပရဟိတအနေဖြင့် volunteer အနေဖြင့် လုပ်ကိုင်ခဲ့သည်။

ဒီမြို့က အဓိက ထွက်သည့် ပစ္စည်းကိုလည်းနိူင်ငံခြားအထိ တင်သွင်းနိုင်ဖို့ ကူညီခဲ့သည်။ နောက်ဆုံးတော့ ဒီမြို့လေးမှာ တရားဝင် တာဝန်ကို ထမ်းဆောင်နေခဲ့ရလေပြီ။

ကျွန်တော့်လို မြို့ပြရဲ့ အပြင်အဆင်အောက်မှာ ငြီးငွေ့သွားသူအဖို့ ဒီမြို့လေးက သိပ်ကို နေစရာကောင်းသည့် ဒေသတစ်ခု...

အခုလဲ ဒီက ပွဲတော်နေ့မှာ အကုန်လုံးကို ဓာတ်ပုံဖြင့် ကင်မရာတစ်လုံးဖြင့် မှတ်တမ်းယူနေချိန်မှာပင်... ကင်မရာရဲ့ မှန်ဘီလူး မြင်ကွင်းထဲမှာ ပေါ်လာသည့် တစ်ယောက်သော သူ...

Undercut ဆံပင်စတိုင်ဖြင့်... အောက်မှ အနက်ဖြစ်ပြီး အပေါ်က ထူထဲလှသည့် အဖြူဘက်သို့ သန်းလွန်းသည့် blondeအရောင် သူ့ဆံပင်သန်သန်များက မျက်နှာပေါ်မှာ ဝေ့ဝဲနေသည်။

သူကိုယ်တိုင်က ဖြူဖွေးပြီး အနီရောင်သန်းသည့်အထိ လှပသည့် အသားအရည်ဖြင့်ပင်...

နေရောင်အောက်မှာ ရှိနေသည့် ဒီအတိုင်း တည်ကြည်စွာ ရပ်နေသည်။ အောက်ကတော့ ပင်နီဘောင်းဘီ ပွပွဖြင့်ပင် အပေါ်မှာတော့ တီရှပ်အဖြူပွပွ တစ်ထည်ကို ဝတ်ဆင်ထားသည်။ ခေါင်းပေါ်မှ အများနည်းတူ ခေါင်းပေါင်းလေးကို ပေါင်းထားသေးသည်။ ပြီးတော့ ခန္ဓာကိုယ်မှာလည်း သိုင်းလွယ်ထားသည့် ပင်နီရောင် လွယ်အိတ်တစ်လုံး...

ဒါကတော့ အများနည်းတူ ဒီရဲ့ ရိုးရာဝတ်စုံလို့ ဆိုနိုင်ပေမယ့် ကျန်သည့် သူများက အပေါ်မှ ပင်နီရောင် အင်္ကျီတစ်ထည်ကို ဝတ်ထားတာမို့ formal ကျသည်။ သူကတော့ ဘာပြောရမှန်း မသိတော့...

လူက ဖြူဖြူဖွေးဖွေး နုနုလေးဖြင့်သာ ရှိနေသည်။ ခဏအကြာမှာတော့ သူ့အနားသို့ မျိုးဆက်ခေါင်းဆောင်က ရောက်လာသည်မို့... ငေးမောကြည့်နေစဥ်မှာပင်... နောက်မှ ပုခုံးကို လာရောက်ပွေ့ဖက်သည့်...သူကြောင့် အနည်းငယ် လန့်ကာ အကြည့်တို့က ရပ်တန့်၍...

"အဲ့ဒါက ဒီက မျိုးဆက်ခေါင်းဆောင် ဦးထီးဆက်မိန့်လေ... သူ့ဘေးနားက သူ့အိမ်ထောင်ဖက်။ ပြီးတော့ ဆံပင်ဆိုးထားတဲ့ တစ်ယောက်က သူတို့နှစ်ယောက်ရဲ့သား ထီးခွင့်သက်လျာ တဲ့...။ သူ့ကိုတော့ သွားမထိတာ ကောင်းတယ်။ သူက ငယ်ငယ်လေးကတည်းက သူ့အဖေရဲ့ အရင်ဂိုဏ်းတစ်ခုမှာ ဝင်ပြီး ပညာမှန်သမျှ သင်ယူခဲ့တာ။ အခုဆို အဲ့ဒီဂိုဏ်းရဲ့ မရှိမဖြစ်လူ ဖြစ်သလို... ဒီမြို့ရဲ့ မျိုးဆက်ခေါင်းဆောင် အလောင်းအလျာလေ။"

"ဟုတ်ကဲ့..."


"မြင်တဲ့အတိုင်းပဲ သူ့ဖေဖေနဲ့ပါးပါးဆီက ချောမောမှုတွေ ပေါင်းစပ်ထားတဲ့ ကလေး။ စိတ်ဓာတ်ကတော့ သူ့အဖေ စိတ်ဓာတ်အတိုင်း ရှိတဲ့ကလေး။"


"အဟင်း... ဟုတ်ပုံပါပဲ။"

"ကဲ... ဒါဆို ထမင်းသွားစားကျတော့မလား...ဆရာလေး..."

"ဒါဆို... သွားကြတာပေါ့..."

N- ဟဲဟဲ... စ ချင်လို့ ရေးထားတာပါ။ မရေးပါဘူးဗျ။ ကြိုပြောထားတာပါ။ တကယ် တကယ် စ ချင်တာမိုလို့ကို မအားတဲ့အကြားက အရေးပေး ရေးထားတာပါ။ ဒီ့အတွက် ကျေးဇူးမတင်လည်း ရပါတယ်ဗျာ။

ပြောထားပြီးသားပါ... ထီးဆက်မိန့်သားနဲ့ ဓိပတိ သားနဲ့ကို ဆွဲစိရေးထားတာပါ။ ထီးဆက်မိန့်သားလေးက အောက်ပုဂ္ဂိုလ်ဖြစ်ပြီး အလံနက်ပါ။

အထက်ပုဂ္ဂိုလ်ကတော့ ဓိပတိသား အလံဖြူလေးပါ။ သူ့ကလေးကို ရည်းစားဖြစ်တော့ ခေါ်တဲ့ နာမ်စားက ဘာထင်လဲ။

"မြတ်နိူးသူရယ်...
ကျေးဇူးပြုပြီး ကိုယ့်ကို စိတ်မဆိုးနဲ့တော့နော်။"

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

My Personal Property(Edit)Where stories live. Discover now