ထိုနေ့ကစပြီးဆောင်းဟွန်းရဲ့နောက်ကြောင်းကိုတစ်ကျောင်းလုံးကသိသွားတာကြောင့်တောက်လျှောက်ကိုနှိပ်စက်ခံရတော့ကာဆောင်းဟွန်းတစ်ယောက်ပြန်လည်းမလုပ်၊ငြိမ်ခံနေရှာပြီးအပြုံးကိုမပျက်ဘဲကျောင်းကိုနေ့တိုင်းလာခဲ့တော့တယ်...။
ဆရာမကြီးကလည်းကျောင်းသား/သူတွေကအရမ်းချမ်းသာကြတော့ပြောလည်းမပြောရဲပဲရပ်ကြည့်ရုံတင်မှတစ်ပါးတခြားဘာမှမတတ်နိုင်ခဲ့ပါဘူး...။
ဖြူဖွေးလှတဲ့ဆောင်းဟွန်းမျက်နှာပေါ်ဒဏ်ရာဒဏ်ချက်ပေါင်းများစွာရှိနေခဲ့ပြီးအမြဲငရဲလိုခံနေရတဲ့ကျောင်းမှာသူ့ဘက်ကနေဘယ်သူမှမပါဝင်ပေးခဲ့ဘူးပေါ့...။
သနားစရာဆောင်းဟွန်းဟာညနေကားလာကြိုတိုင်းအင်္ကျီတွေကိုရေဆေးပစ်ပြီးမျက်နှာကိုလည်းhoodieခေါင်းစွပ်နဲ့အုပ်ရင်းဖုံးထားကာဥက္ကဌကြီးကလည်းထိုကိစ္စနဲ့ပတ်သက်ပြီးဘာမှကိုမသိရသလိုသူကလည်းလုံးဝမပြောပြပဲနှုတ်ပိတ်နေနေခဲ့သည်...။
ဘူလီခဲ့ရတဲ့မြင်ကွင်းကိုနေရာတိုင်းမြင်နေရတော့စိတ်ထားနည်းနည်းနုတဲ့ဂျုံဆောင်းဟာမြင်ပါများပြီးဆောင်းဟွန်းကိုအရမ်းသနားလာကာကျန်တဲ့၄ယောက်ကလည်းဝင်ပါရင်သတ်မယ်ပြောထားတော့ကူညီပေးချင်ပေမဲ့မကူညီနိုင်ဘူးဖြစ်နေတော့လေရဲ့...။
တနင်္လာနေ့မနက်ကျောင်းမတက်ခင်နာရီဝက်အလိုမှာဆောင်းဟွန်းတစ်ယောက်စာသင်ခန်းရဲ့သူ့ခုံပေါ်လေးလှဲအိပ်နေပြီးဖြစ်ချင်တော့ဂျုံဆောင်းကကျောင်းကိုစောစောရောက်လာတာပေါ့...။
"ဟိုက်~ငါဒီနေ့မှပဲဘာလို့?ကျောင်းကိုစောစောလာချင်စိတ်ပေါက်နေပါလိမ့်?"ညဆိုပြီးစာသင်ခန်းဆီဖြည်းဖြည်းချင်းလျှောက်လာပြီးစာသင်ခန်းအရှေ့လည်းရောက်ကောဆောင်းဟွန်းအိပ်နေတာကိုမြင်သွားတော့တယ်...။
"သူကအစော-နေပါဦးဘာလို့လာအိပ်နေတာပါလိမ့်ဒီမှာ?ညကအိပ်ရေးများပျက်တာလား?နာလို့များအိပ်မရတာလား?" ဆိုပြီးစိတ်ပူနေမိတော့ပါးကိုဖြတ်ရိုက်ပလိုက်ပြီး
"နေပါဦးငါက?ဘာအတွက်???စိတ်ထိန်းစမ်းပတ်ဂျုံဆောင်းစောစောစီးစီးမသေချင်ရင်!" ဆိုပြီးသူ့ကိုယ်သူအသိစိတ်ကပ်အောင်လုပ်နေကာ
YOU ARE READING
Missed Only One Place of Many Hearts || All sunghoon 🐧🐶🦅🦌🐥🐈
RomanceSunooကတော့ဆောင်းဟွန်းတို့ရဲ့သားဖြစ်လာမည့်သူဖြစ်တာကြောင့်sunsunမပါပါကြိုပြောထားပါတယ်နော်အရင်ကလည်းအရမ်းအပြောခံရလို့ပါရှင့်မိုရ်ဒါကိုလည်းကြိုပြောပြီးသားလို့ထင်ပါတယ်နော်~