Chapter 11: Picked It Up (4) // NBR 🙅‍♀️

17 3 0
                                    

အခန်း (၁၁): ​ကောက်ရခဲ့သည် (၄)

Words count: 4390

Unicode

'သခင်လေး ကျွန်တော် လက်ထောက်အိမ်ထိန်း Hans ဆီကနေအကုန်ကြားပြီးပါပြီ ဒီ Ron ကလစ်ဟင်းနေတဲ့အရည်အချင်းနဲ့ သခင်လေးတစ်ယောက် မြို့တော်မှာအတောက်ပဆုံးဖြစ်အောင်တတ်နိုင်သမျှကြိုးစားသွားပါ့မယ်'

မြို့စားကြီးအိမ်ထဲကထွက်လာသည့် Cale ၏ပခုံးတွေမှာတုန်နေသည်။ မနက်နိုးနိုးချင်းသူ့အားပြောခဲ့သည့် Ron ၏စကားအကြောင်း Cale ပြန်စဉ်းစားမိသည်။

'ဒါသခင်လေး ပထမဆုံးအနေနဲ့ Henituse ပိုင်နက်ထဲကထွက်တာမလား? ကျွန်တော်ကယုန်တွေကိုအမဲလိုက်တဲ့နေရာမှာသိပ်တော်တာ၊ ကျွန်တော်တို့အပြင်မှာယာယီစခန်းချတဲ့အခါကျရင် သခင်လေးအတွက်တစ်ကောင်လောက်ဖမ်းပေးမယ်လေ'

Ron ၏တည်တည်ငြိမ်ငြိမ် နှင့် ညင်သာ​​သောအသံဟာ Cale နားထဲတွင်ပဲ့တင်ထပ်လို့နေ​လေသည်။

သူဟာအခုချိန်ထိ Ron ၏အသံကိုထင်ယောင်ထင်မှားကြားနေမိဆဲ။

မိုးလင်းလင်းချင်း ယုန်တစ်ကောင်ကိုဘယ်လိုအမဲလိုက်ရမလဲဆိုတာလာသင်ပေးနေတယ်ဆိုတဲ့အချက်အား Cale လန့်မိပါသည်။

'အသည်းငယ်တဲ့ယုန်လိုသတ္တဝါမျိုးကိုကိုင်တွယ်မယ်ဆို အသေချာလေးဂရုစိုက်ဖို့လိုပါတယ်၊ ဘယ်အချိန် ဘယ်လိုထွက်ပြေးသွားမယ်ဆိုတာမသိတာမို့ ဘေးပတ်လည်ကိုအာရုံစိုက် တစ်ချက်တည်းနဲ့အသေသတ်လိုက်ရပါမယ်၊ အာ အဲ့လိုဖမ်းပြီးအတွင်းကလီစာတွေကိုလည်းချက်ချင်းထုတ်ပစ်ရပါ့မယ် ကျွန်တော်ကအဲ့နေရာမှာအရမ်းကျွမ်းတာ'

ယုန်အားဗိုက်ဖွင့်ပုံအဆင့်ဆင့်ကို သူ့လက်နှင့်လုပ်ပြနေသည့် Ron ဆီကနေ အဝေးတစ်​နေရာသို့ Cale ကြည့်လိုက်သည်။ သို့သော် ယခု Cale တွင်ရှိ​နေသည့်အတွေးကတော့ Ron တစ်​ယောက်သူ့အား ကစားနေသည်ဆိုတာပင်။

သူနှင့်အတူ Ron လည်းပဲမြို့တော်ကိုလိုက်လာမည်ဆိုသည်ကို Caleကျေနပ်မိသည်။

'Beacrox ကို ငါ့ရဲ့  personal chef အနေနဲ့လိုက်ခိုင်းရမယ်'

Ron...Beacrox။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1حيث تعيش القصص. اكتشف الآن