Part 11

777 103 3
                                    

သူငယ်ချင်းများလိုက်ပို့ပေးသည်နှင့် တိုက်ခန်းသို့ပြန်လာသော်လည်း ခြူးမှာအရင်လိုအပြုံးမရှိတော့ပါ။ ခြူးအခန်းထဲတွင်သာ ဝင်နေပြီးတံခါးကိုလော့ခ်ချထားလိုက်သည်။

ရဝေတို့စာမေးပွဲရှိသောကြောင့် ရက်အနည်းငယ်ကြာမလာနိုင်ပေ။ ခြူး ပြန်လာတာ၅ရက်ရှိသော်လည်း အခန်းထဲမှာ့မထွက်သလိုအစားလဲမစားတော့ချေ။
ဘယ်သူတံခါးခေါက်ခေါက် အသံမပေးသလို ဘာမှာ့လဲမဖြေတော့‌ပဲ ပေကပ်နေသည့်အတွက် အဖွားနုလဲမဒီ့ကိုအပူကပ်ရပြန်သည်။

"ကျွန်မ အလုပ်တွေရှိသေးတယ်
တံခါးဖျက်ပြီးရင်ကျွန်မပြန်မှာ"

မဒီလဲ ခပ်ပြတ်ပြတ်ပြောကာ အနောက်မှာ့ပါလာသော ကောင်လေးအား ခြူးနေသည့်အခန်းကိုပြလိုက်သည်။

"မဒီရယ် ခနလေးနေပြီး သူ့ကိုအစာဝင်အောင်ကျွေးပေးပါလားဟင်"

"ထမင်း ၅ရက်မစားလို့ သေတဲ့မသာရယ်တော့မကြားဖူးပါဘူး ဒေါ်နုရယ်"

"နိုင်ငံခြားကိုခေါ်သွားတည်းကဆိုရင် တစ်ပတ် ကျော်ပြီ မဒီရဲ့ အဒေါ့်ကိုကူညီပါနော်"

မဒီနှင့်အဖွားနုစကားပြောချိန်တွင် တံခါးဖွင့်လို့ရပြီဖြစ်သဖြင့် ထိုကောင်လေးမှာ့ လက်လှမ်းပြလိုက်သည်။

မှောင်နေသော ခြူးအခန်းကို မဒီ သဲကွဲစွာမမြင်ရသဖြင့် မီးဖွင့်လိုက်သည်။
ကုတင်ပေါ်တွင် ထိုင်နေသော ခြူးမှာ မို့ယာထက်တွင် သွေးများအိုင်နေသည်။
လက်များကို ငါးမွှမ်းသလို ဓားဖြင့်မွှမ်းထားပြီး မျက်ရည်များကျဆင်းနေလေသည်။
ဖြူလျော့သောနှုတ်ခမ်းတို့ဖြင့် အားမရှိသော ခြူးမှာ မဒီ့ကိုကြည့်ရင်း ဘေးမှာ့ဓားကိုယူပြီး ခြေဖဝါးသို့ ထိုးသွင်းလိုက်သည်။

"ခြူး.... မလုပ်ပါနဲ့နော်
ဓားကိုပြန်ချလိုက်ပါ ခြူးရယ်"

"ဟင့်အင်း
မာမီ့ကိုမုန်းတယ် ထွက်သွားးးး ထွက်သွားးးးး"

အော်ဟစ်နေသော ခြူးကို ဘယ်လိုချော့ရမလဲ မဒီမသိတော့ချေ။ သွေးထွက်လွန်လျှင်သေတက်သည်ကိုသိသဖြင့် ဆေးရုံအမြန်ပို့ရပေမည်။

Sugar Mommy Where stories live. Discover now