အခန်း (၁၄): ကောက်ရခဲ့သည် (၇)
Words Count: 4377
Unicode
"မင်းကြည့်ရတာစိတ်လူပ်ရှားနေတဲ့ပုံလည်းမပေါ် ပါလား..."
သူ့အဖေ၏ပြောကြားချက်အပေါ် Cale ပြုံးရုံပြုံးပြလိုက်၏။
လွန်ခဲ့သည့်ရက်ပိုင်းအနည်းငယ်အတွင်းမှာပင် Cale အသားအရည်ဟာကြည်လင်လို့လာခဲ့သည်။ ကြည်လင်ကောင်းမွန်ဖို့ကလွဲ၍လည်း အခြားရွေးချယ်စရာမှမရှိခဲ့။
'ဖူးယောင်အောင်အထိုးမှမခံခဲ့ရတာကို...'
မနေ့ကထိတိုင် Henituse ပိုင်မြေအတွင်းမိုးသည်းထန်စွာရွာခဲ့သည်။ ဝတ္ထုထဲကအတိုင်းဇာတ်လမ်းကသွားခဲ့မည်ဆိုလျှင် Cale တစ်ယောက်မိုးများရွာနေသည့်နေ့၌ ထိုးနှက်ခံရမှာဖြစ်သည်။
သို့သော် မနေ့က Cale အထိုးမခံခဲ့ရပါပေ။
အခုဆို သူ့မှာကောင်းကောင်းတောင် အိပ်ပျော်လို့နေနိုင်နေပြီဖြစ်သည်။ အကြောင်းမှာ သူ့နှလုံးသားအား 'ဖျက်စီး၍မရသောဒိုင်း' ကအချိန်တိုင်းဝန်းပတ်နေသည်ကိုသူခံစားရမိသည့်အတွက်ကြောင့်ပင်။
Ron သို့မဟုတ် Beacrox လိုလူမျိုးအား သူတစ်ခုခုအမှားလုပ်မိခဲ့ရင်တောင်မှ အသက်ရှင်ကျန်နိုင်လိမ့်မည် ဆိုသည့်အသိက သူ့အားညဆိုအိပ်ပျော်စေခဲ့သည်။
"အဖေ"
ခါတိုင်းတွေထက်ပိုမိုခမ်းနားလှတဲ့မနက်စာအပြင်အဆင်ကိုကြည့်ရင်း Cale မေးမိသည်။
"လိုက်ပါမယ့်လူကထပ်တိုးလာပြန်တယ်... အရေအတွက်ကိုလျော့ဖို့ အဖေ့ကိုကျွန်တော်ပြောခဲ့တယ်လေ"
လိုအပ်ချက်တွေကိုကူညီဖို့ရာ သူနှင့်အတူလိုက်ပါမည့်အိမ်စေအရေအတွက်ကိုလျော့ပေးဖို့ Cale သူ၏အဖေအားပြောခဲ့ပြီးဖြစ်သည်။ Hans နဲ့ Ron နစ်ယောက်တည်းနှင့်ပင်လုံလောက်သည်ဟု သူပြောခဲ့ပါသည်။
Hans ၏မျက်နှာမှာကျိန်းသေပေါက်ဖြူဖျော့လို့သွားတယ်ဆိုပေမယ့် ကြောင်လေးနစ်ကောင်ပါအတူလိုက်မယ်လို့လည်းကြားရော ချက်ချင်းကိုအထုပ်ပြင်ပါရောလား။
YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️