အခန်း (၁၅): ကောက်ရခဲ့သည် (၈)
Words Count: 3169
Unicode
သူလိုချင်သည့်ရလဒ်ကိုရဖို့ရာအတွက် အပြင်ဖက်တွင်စခန်းချအနားယူဖို့ Cale ဆုံးဖြတ်ခဲ့သည်။
နဂါးနက်ပုန်းကွယ်ရာ ဂူအနီးရှိသည့်ရွာလေးမတိုင်ခင်အထိတိုင် လမ်းတစ်လျှောက်လုံးရွာတစ်ရွာမှမရှိပေ။မြှောင်~~~။
ကြောင်နီလေးHongသည် ညှောင်သံပေးကာ အမြှီးလေးကိုဘယ်ညာလူပ်ရမ်းလျက်ရှိသည်၊ ကြည့်ရတာလေထဲပျံ့လွင့်နေတဲ့အရသာရှိသည့်အနံ့ကြောင့် Hong တစ်ယောက်စိတ်လူပ်ရှားနေသည်ဖြစ်ရမည်။
'နေ့တစ်နေ့ရဲ့ပျော်ရွှင်မူဆိုတာ အရသာရှိလှတဲ့ညစာကိုစားရာကနေဖြစ်ပေါ် လာတယ်'
ထိုစာကြောင်းကိုCaleတွေးနေမိသည်။
ညစာပူပူလေးဆိုသည်မှာ ပင်ပန်းနွမ်းလျသည့်နေ့တစ်နေ့ကုန်ဆုံးပြီဖြစ်ကြောင်းအချက်ပေးဖြစ်သလို ဆိတ်ငြိမ်သောညပိုင်းကိုစတင်ပြီဖြစ်ကြောင်းအသိပေးရာလည်းဖြစ်သည်။ ဒီညရဲ့အဓိကဟင်းပွဲကတော့ ယုန်သားနှင့်ချက်ထားသည့်စွပ်ပြုတ်ပင်။
"သေစမ်း"
ဤအရာသည် Ron၏လက်ချက်မဟုတ်။
Cale သူ့နံဘေးသို့အကြည့်လွှဲမိတော့ ထိုယုန်တွေကိုဖမ်းပေးခဲ့သူ လက်သည် Choi Han မှာပျော်ရွှင်စွာဖြင့်စွပ်ပြုတ်ကိုစားသောက်လျက်ရှိနေလေသည်။
မြှောင်~~။
On နှင့် Hongမောင်နှမနစ်ယောက်သည်သူ၏ခြေထောက်ကိုတို့လျက် Cale မစားချင်လျှင်သူတို့တတွေကိုကျွေးရန်တောင်းဆိုနေကြသည်။ ထိုကလေးနစ်ယောက်အား သတိတကြီးချည်းကပ်လာနေသည့် Hans မျက်နာတွင်တော့အပြုံးပန်းများဝေဆာလျက်ရှိနေပါသည်။
"ကျွန်တော်ကိုယ်တိုင် ပြင်ဆင်ပေးထားတဲ့အမဲခြောက်ကို ကျွန်တော်တို့ရဲ့အဖိုးတန်ကြောင်လေးတွေစားချင်မလားမသိ? အဲ့ဒါကကျန်းမာရေးအတွက်လည်းကောင်းတယ် ဆားတို့ အချိုမူန့်တို့မထည့်ထားဘူး"
ထုံးစံအတိုင်း Onနှင့် Hong တို့နစ်ယောက်က Hans ကိုအရေးမလုပ်ကြ။ ယင်းကြောင်ပေါက်နှစ်ကောင်မှာ ကြောင်မျိုးနွယ်စုကမှန်းမသိရှာတဲ့ Hans ကတော့ အဲ့လိုမျိုး ဂရုမစိုက်လျစ်လျူရူနေတာကိုမှ ချစ်စရာကောင်းသည် ဟုထင်မှတ်နေရာကြောင်ပေါက်လေးတွေနား တဝဲဝဲတလည်လည်လုပ်နေလေသည်။
BẠN ĐANG ĐỌC
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Viễn tưởngအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️