အချိန်များသည် ဖြည်းဖြည်းနှင့်မှန်မှန်သာ ရွေ့လျားခဲ့သည် ဆိုသော်ငြား ချစ်ရသူတို့ အဖို့ ရှည်ကြာလှသည်ဟု ခံစားရသည်။ ပန်းချီ၏ လုပ်ငန်းတိုးချဲ့နေခြင်းသည် လအနဲငယ်ပင်ကြာနေလေပြီ။ အစပိုင်းတွင် ကဗျာနှင့် ပန်းချီသည် နေ့တိုင်းဆက်သွယ်ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် မဆက်သွယ်မိကြတော့။ တစ်ပတ်တစ်ခါမျှသာ ဖုန်းဆက်ခြင်း စာပို့ခြင်းတို့ လုပ်ကြသည်။
"ပန်းချီ ကဗျာ လွမ်းလှပြီ"
"ပန်းချီအားလားဟင် ကဗျာ လာတွေ့ချင်လို့"
"ပန်းချီနဲ့မတွေ့ရတာကြာနေပြီ"
တစ်နာရီခြားဆိုသလို ကဗျာ ပန်းချီထံသို့ စာတိုများပို့လေ့ရှိသော်လည်း ပန်းချီထံမှ ပြန်စာများရောက်မလာခဲ့ပါ။ လွမ်းဆွတ်နေရသည့် စိတ်၏ လှုံဆော်မှုကြောင့် ကဗျာ ပန်းချီထံသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ပန်းချီရှိရာ ရုံးခန်းသို့ ဦးတည်လာခဲ့သည်။
ပန်းချီအလုပ်ရှုပ်နေမလားဟူသော အသိဖြင့် ဖုန်းဆက်ရန် တွန့်ဆုတ်ခဲ့သော ကဗျာသည် ပန်းချီထံ ဖုန်းမခေါ်မိခဲ့။ ထိုသို့ ဖုန်းမခေါ်မိခြင်းအပေါ် ကဗျာနောင်တရလိမ့်မည်ဟု မထင်မှတ်ခဲ့။
ပန်းချီ၏ ရုံးခန်းတံခါးသည် အမြဲလိုလို ပိတ်ထားလေ့ရှိသည်။ အခန်းထဲမှ ပန်းချီသည် တံခါးဖွင့်မပေးမချင်း အပြင်က မည်သူမှ ဖွင့်မရ။ သို့သော် ကဗျာသည်တော့ချွင်းချက်ပင်။ ကဗျာ့၏ လက်ဗွေရာဖြင့် ပန်းချီ့အခန်းတိုင်းအားဖွင့်နိုင်သည်။
ထို့ကြောင့် ကဗျာသည် ပုံမှန်လာနေကြအတိုင်းပင် တံခါးအား စိတ်လှုပ်ရှားစွာ ဖွင့်လိုက်သည်။ ပန်းချီ အစည်းအဝေးလုပ်နေချိန်ဖြစ်နေမည်စိုး၍ အတတ်နိုင်ဆုံး အသံမမြည်စေရန် သတိထားလိုက်သည်။ သို့သော် တံခါး၏ တဖက်ခြမ်းတွင်တော့ ကဗျာ မျှော်လင့်မထားသည့် အခြေနေများက စောင့်ကြိုနေသည်။
ထိုအချိန်ခနတွင် ကဗျာ့၏ ဦးနှောက်ထဲတွင် ဗလာကျင်းသွားခဲ့သည်။ မထင်မှတ်ထားသော မြင်ကွင်းနှင့် ကြောက်လန့်သော ခံစားမှုတို့ တပြိုင်နက်ခံစားလိုက်ရသည်။ ကဗျာဘာဆက်လုပ်ရမည်အားမသိတော့။ ထို့ကြောင့် အခန်းတံခါးအား ဖြည်းညင်းစွာပြန်ပိတ်လိုက်၍ ကားရှိရာသို့ပြေးထွက်လာခဲ့သည်။
YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Short Storyလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)