Chapter 32: You (7)

18 5 1
                                    

အခန်း (၃၂): မင်း (၇)

Words Count: 4839

UNICODE

Choi Han နှင့်အတူ Cale ​​လေ့ကျင့်​ရေးကွင်းထဲမှထွက်လာလိုက်သည်။

"Hans...Ron...အထဲမှာရှိ​နေတဲ့လူနှစ်​ယောက်ကိုလမ်းပြ​ပေးလိုက်"

ပထမထပ်ဝင်​ပေါက်နားတွင်​စောင့်ကြပ်​နေသည့် Hans Ron တို့အား Rosalyn နှင့် Lock တို့နှစ်​ယောက်ကို​စောင့်​ရှောက်​စေပြီး​Choi Han ကို​တော့ Cale သူ့အခန်းသို့ပြန်​ခေါ် ခဲ့သည်။

အခု​တော့​အေးစက်သွားပြီဖြစ်သည့် အ​စောနကစားလက်စဟင်းပွဲတို့မှာ သူတို့နှစ်​ယောက်အကြားတွင်ရှိ​နေလျက်ရှိကာ Cale ကစကားစ​ပြောသည်။

"​ပြောပါဦး ငါ့ကို"

"ဟုတ်ကဲ့"

သူတို့နှစ်​​ယောက်စလုံးမှာ စကားစမြည်​တောင်မ​ပြော​တော့ဘဲ အဓိကအချက်ဆီသို့သာတန်းသွားကြ​တော့သည်။ Choi Han သည်ခါးကိုမတ်မတ်ထားရင်း စ​သည်။

"ကျွန်​တော် Rosalyn ကိုမ​​တွေ့ ခင်အချိန်အထိအကုန်လုံး​အေး​ဆေးပဲ"

"ဆက်​ပြော"

"အဲ့​နောက် Cale-nim ​ပြောခဲ့တဲ့မြို့ကိုကျွန်​တော်​ရောက်တယ်...အဲ့ကို​ရောက်​ရောက်ချင်းပဲ Cale-nim ​ပြောထားသလို မြို့​တော်ကိုဦးတည်သွားမယ့်ကုန်သည်အဖွဲ့ နဲ့ကျွန်​တော်​တွေ့ တယ်...အဖွဲ့ လို့ပြောဖို့ကို သူတို့မှာလူအ​ရေအတွက်ကငါး​ယောက်ပဲပါတာမို့...အ​သေးစားကုန်သည်ခရီးသွားအုပ်စုပဲဖြစ်ဖို့များပါတယ်"

"ဖြစ်ချင်​တော့ သူတို့မှာပါလာတဲ့အ​စောင့်ကဒဏ်ရာကြီးနဲ့မို့ သူတို့က လမ်းခရီးမှာ​စောင့်​ရှောက်ဖို့အတွက် ကြေးစားစစ်သားနှစ်​​ယောက်​လောက်ကိုရှာ​နေတာ​တဲ့လေ..."

Choi Han နဲ့ Rosalyn ကယင်းကုန်သည်အဖွဲ့ လိုအပ်​နေခဲ့တဲ့ ​ကြေးစားအ​စောင့်နှစ်​ယောက်ဖြစ်လာရသည်။ မူရင်းဇာတ်​ကြောင်းထဲတွင်​တော့ ထိုအတိုင်းပင်။

"အဲ့​နေရာမှာ Cale-nim ​​​ပြောထားတာနဲ့ကွက်တိတူတဲ့ Rosalyn နဲ့ ကျွန်​တော်ဆုံမိတာပဲ"

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Hikayelerin yaşadığı yer. Şimdi keşfedin