အများသူတွေနှင့် ဝင်တိုက်မိမတတ် လူဦးရေပြွတ်သိပ်များပြားလွန်းသည်မှာ အင်ချွန်းဧရိယာထဲမို့ ဖြစ်သည်။ လေယာဉ်ဆိုက်ချိန်ဖြစ်တာမလို့ ခရီးသည်များ ၊ ခရီးကြိုသူများနှင့် ကြိတ်ကြိတ်တိုးလို့နေ၏ ။
မရောက်ဖြစ်တာ နှစ်(၂၀)ကြာပြီမလို့ ဆောင်းလေတွေဝင့်နေတဲ့ ဟန်းဂုပတ်ဝန်းကျင်က ဆော့ဂျင်အတွက် အသစ်အဆန်းဖြစ်လို့နေပါသည်။ ကွာဟမှုသိပ်မရှိဘူးထင်ရပေမဲ့ လန်ဒန်ထက်ဆိုင်ရင် ဟန်းဂုလေက လက်တစ်ဆစ်လောက် အအေးပေါ့သည် ။
စောစောစီးစီး အောက်ခံအဖြူဝင့်ဝင့် ၊ ဂျာကင်နက်စွေးစွေးတစ်ထည်တည်းနှင့်သူက အအေးဓာတ်ပိုနေတဲ့ ဆောင်းအဝင်မှာ ထင်းထွက်လို့နေသည် ။ ကျောဖျားတွေထဲ စိမ့်နေအောင်ချမ်းပေမဲ့ သူပဲများချင်နေမိသည်။ နည်းနည်းလေးအေးရုံနဲ့တော့ သူ့ယူပကာကို သေးသေးတင်မခံနိုင် ။
Luggageကို ဟန်မပြတ်ဆွဲထားပြီး ကြည်တောက်နေတဲ့နေကာမျက်မှန်နှင့် စီးထားတဲ့ ဒေါက်ရှုးကို တဒေါက်ဒေါက်မြည်အောင် လျှောက်နေတဲ့ အမျိုးသားလေးဟာ မြင်တကာလူရဲ့မျက်လုံးတိုင်း သူ့နောက်လိုက်ပါလာအောင်ဖမ်းစားနိုင်သည်အထိ လှလွန်းပါသည်။
"Hey..! Please wait ! "
"Hey ! "
အနောက်က ခေါ်သံနှင့် နီးကပ်လာတဲ့ခြေလှမ်းတွေအရ သူ့ကိုခေါ်နေတယ်လို့ မှတ်ထင်မိသည်မို့ ဆော့ဂျင် အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့လိုပဲ ခေါင်းစခြေဆုံး နက်စွေးနေပြီး စောစောစီးစီးမှာပင် တကိုယ်လုံးပါးပါးလျပ်လျပ်နှင့် ရှိုးထုတ်နေသူတစ်ဦးကို တွေ့ရသည်။ ထိုလူကလည်း ပေါ့သေးသေးရုပ်ရည်မျိုးမဟုတ်ဘဲ စတိုင်ကလည်းအပြည့်ပါပင်.. တစ်ခုပဲ သူ့နောက်ပြေးလိုက်လာပုံရတော့ များများစားစားပုံသွင်းထားပုံမရတဲ့ဆံပင်တွေက အနည်းငယ်ပွနေသည် ။
"Aww..you-"
"Wae ? "
"Korean?"
"nae..."
"အာ..တော်သေးတာပေါ့ ကိုယ့်လူမျိူးချင်းမလို့.."
"......"
"ဟို ကိုယ့်ရဲ့ luggageနဲ့ ဒီကရဲ့ luggageလွဲသွားလို့ရော်"
"ဟင်.."