အခန်း (၁၇၈)

500 122 2
                                    

Unicode

ပိုင်ယွင်ရှီသည် ပိုင်​ဟောက်အတွက်အဝတ်အစားများ ရှာ​ဖွေ​ပေးလိုက်သည်။

အဝတ်အစားများဝတ်ပြီး​နောက် ပိုင်​ဟောက်၏အ​ကြောက်တရားများ ​ပျောက်ကွယ်သွားကာ သူ့တစ်ကိုယ်လုံး အဆမတန်စိတ်လှုပ်ရှား​နေခဲ့သည်။

"အဲ့ဒီလူ​တွေ အရမ်းလွန်လွန်းတယ်၊ သူတို့​တွေက လူ​သားတွေကို တကယ်စား​သောက်ကြတာ၊ အရမ်းရူးသွပ်တာပဲ"

"ဒီရွာက လူ​တွေက ကျိန်စာမိ​နေကြတာ​လေ၊ လူ​တော်​တော်များများက အသက် ၄၀အထိ မ​နေနိုင်ကြဘူး၊ အဲဒီအ​ကြောင်းကြား​တော့ အနီးအနားရွာက လူ​တွေက သူတို့သမီး​တွေကို ဒီရွာကဘယ်သူနဲ့မှ လက်မထပ်​စေချင်ကြဘူး၊ ဒါ​ကြောင့် အပြင်ဘက်က​နေပြီး အမျိုးသမီး​တွေကိုပဲ ဝယ်ယူနိုင်ခဲ့ကြတာ​၊ သူတို့​တွေက အ​တော်​လေးဆင်းရဲ​တော့ အ​ရောင်းစားခံလိုက်ရတဲ့ ဘယ်အမျိုးသမီးကမှ ဒီမှာ မ​နေချင်ကြဘူး"

"အမျိုးသမီးတစ်​ယောက်က ထွက်​ပြေးဖို့ ကြိုးစားလို့ဆိုပြီး သူမကို သတ်ပြီး စား​သောက်ပစ်ကြတယ်လို့ ​ပြောတယ်၊ လိန့်​ကျေးရွာက လူ​​တွေက အ​တော်​လေးသန်မာကြတယ်၊ သာမန်လူ​ဘယ်သူကမှ သူတို့ပြိုင်ဘက် လုံးဝမဖြစ်နိုင်ကြဘူး"

"ဒါ​ကြောင့် ငါ သူတို့​တွေကို ​ဖော်ထုတ်ချင်ခဲ့တာ၊ ဒီမျိုးမစစ်​ကောင်​တွေကို ဒီလိုမျိုး လုပ်ခွင့်ပြုထားလို့ မဖြစ်ဘူး"

ယဲဖန်က ပိုင်​ဟောက်ကို ကြည့်ပြီး "မင်း အချက်အလက်​တွေအများကြီး တကယ်စု​ဆောင်းထားတာပဲ"

ပိုင်​ဟောက်က ​ခေါင်းငြိမ့်ပြလိုက်ပြီး "ဒါ​ပေါ့၊ သနားစရာ​ကောင်းတာက သူတို့​တွေ ငါ့ကင်မရာကို ငါ့ဆီက​နေ လုယူသွားကြတာပဲ၊ အဲ့ဒါက ​နောက်ဆုံး​ပေါ်ရုပ်ထွက်​ကောင်းတဲ့ ကင်မရာ​လေ၊ ၇​သောင်း​တောင် ​ပေးခဲ့ရတာ၊ ဘယ်သူယူသွားမှန်း ငါမသိလိုက်ဘူး၊ ငါ သူတို့​တွေကို ရ​အောင်ကို ​ဖော်ထုတ်ရမယ်၊ ပြီးရင် ဥပ​ဒေအရ အပြစ်​ပေးခံရ​အောင် လုပ်ရမယ်"

ယဲဖန် "....."

ပိုင်​ယွင်ရှီသည် ပိုင်​ဟောက်ကို ကြည့်ပြီး "မင်းကင်မရာကို စိုးရိမ်နေတာ ​တော်လိုက်​တော့၊ မင်းမိဘ​တွေက မင်းကို စိတ်ပူ​နေကြတာ၊ မင်းက အမြဲတမ်း အလုပ်အတွက်နဲ့ မင်းအသက်ကိုပါ စွန့်လွတ်ထားခဲ့တာ၊ သူတို့နှလုံးသားတွေက လည်​ချောင်းက​နေ ခုန်ထွက်လာလုနီးပါးပဲဆိုတာ မင်းသိရဲ့လား"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now