ch208 ခေါ်သံနဲ့အတူ လင်းတပ်မှူး

420 121 9
                                    

'ခေါ်သံနဲ့အတူ လင်းယွီချိန်'


"မင်းခရီးထွက်သွားပြီး မကြာဘူး.. ကျောက်ဟုန်ကငါတို့ဆီ ကျောက်အိမ်တော်ရဲ့ပွဲအခမ်းအနားဖိတ်ကြားတဲ့စာပို့လာတယ်၊ သူနဲ့မတွေ့ရတာလည်းကြာပြီ၊ နောက်ဆို ‌‌‌‌‌‌‌‌သူက တော်ဝင်မျိုးနွယ်ဖြစ်သွားရင် ဆုံဖို့မလွယ်တော့ဘူးဆိုပြီး ငါတို့ပွဲသွားတက်ခဲ့ကြတယ်၊ အစက သူငယ်ချင်းသီးသန့်လုပ်တဲ့ ပွဲလို့ထင်နေတာကွာ..သူတို့မိသားစုဝင်တွေရော သတ္တမ မင်းသားရော ရောက်နေတာ၊

အဲ့ဒီနေ့က သတ္တမမင်းသားက ပြောတယ် ...ငါတို့ လူထုအကျိုးဆောင်လုပ်တာ ဒီလောက်ထိ အကျိုးပြုနိုင်ခဲ့လို့ ချီးကျူးတယ်..ပါတယ် ပြောပြီး ကျောက်ဟုန်က ဘာလို့မပါတာလဲလို့ စကားစလာပါရော...ငယ်ပေါင်းတွေမလားတဲ့ တူတူကြီးပြင်းလာကြတာ ဘာလုပ်လုပ် တူတူဖြစ်သင့်တာပေါ့ဆိုပြီး သူတင်မကဘူး ပွဲတက်တဲ့သူတွေပါ အတင်းလာတိုက်တွန်းတာ..

ဘယ်ဟုတ်မလဲ နောက်ရက်ကျတော့ ကျောက်ဟုန်က ငွေနှစ်သိန်းကိုင်ပြီး ရောက်ချလာတယ်၊ သူလည်းအဖွဲ့ထဲ ပါချင်တယ်တဲ့၊ ငါတို့က သောက်ရူးလား မင်းပြော! တစ်ကယ်လုပ်ချင်တာ သူမှမဟုတ်တာ.. အဲ့ဒီမင်းသားလေ၊ သူပါငါတို့ထဲ ရောလာရင် ကျန်တဲ့မင်းသားတွေလည်း လာရှုပ်တော့မှာ၊ ဘယ်မှာလဲ တရားမျှတမှု... ငါတို့ကြိုးစားထားသမျှ ပေါ်တင် ဓားပြတိုက်ချင်တာပဲ...ဒါကြောင့် အချိန်ဆွဲမနေပဲ တစ်ခါတည်း မရဘူးလို့ငြင်းလိုက်တယ်၊ အဲ့တာကို ကျောက်ဟုန်ဘာလုပ်လည်းသိလား... မျက်နှာပျက်ပြီး သူ့လူဆီပြေးပြန်တာ...ငါတို့ကို ခြိမ်းခြောက်ဖို့ အားကိုးသွားရှာတာ ဟေ့! ငါလည်း အဖေ့ကိုအကူအညီသွားတောင်းရတာပေါ့.. အဖေက ပထမမင်းသားကြီးဆီ လျှောက်တင်ပြီး ဖျန်ဖြေခိုင်းရတယ်၊ အဲ့တာမှ ကိစ္စပြီးသွားတာ"

ရန်ထျန်းယွီက ဒီအကြောင်းတွေကို အားလုံးစိတ်ညစ်အောင် ပြန်ပြောပြချင်တာမဟုတ်ပဲ သူတို့အနားမှာမရှိတဲ့အချိန် လျန်လျန်က ကျောက်ဟုန် လှည့်စားတာခံရမှာစိုးလို့ သတိပေးစကားဆိုချင်တာဖြစ်သည်။

"ပုံမှန်ပါပဲ... သူများအောင်မြင်လာရင် အချောင်နာမည်ကောင်းဝင်ယူချင်ကြတာ၊ ကိုယ်တိုင်ကျ ဘာမှ အားစိုက်မထုတ်ချင်ဘူး၊ တခြားသူတွေလည်း အနည်းနဲ့အများ အဖွဲ့ထဲဝင်ဖို့ လာတောင်းဆိုနိုင်တယ်"

ရှန်လျန် Part 2Where stories live. Discover now