Min Tha Khin Khat Htan{S2} ရဲ့ ကိုးယောက်မြောက် သားလေးဖြစ်တဲ့ ကိုးခက်ထန် ရဲ့ Fic လေး Koe {S3} ကို Crystal စရေးနေပါပြီရှင် ။
ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တယ်။
မိန်းမတစ်ယောက်က မိန်းမ တစ်ယောက်ကိုချစ်တယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တယ်။
အချစ်က အချစ်ပါပဲ..
မိန်းမ ယောက်ျားဆိုပြီး အချစ်မှာ ခွဲခြား ခွဲခြား မှ မရှိတာ...ဒီအပုဒ်လေး ဖြစ်တည်လာတာက လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကြားခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုကြောင့်ပါ။
အဲ့အဖြစ်အပျက်လေးကတင်ပဲ စာရေးဖို့ အကြံဉာဏ်တွေ ရလာတာပါ။
အဲ့အဖြစ်အပျက်လေးမှာဉီးA နဲ့ ဒေါ်Bဆိုတဲ့ လင်မယားအတွဲတစ်တွဲရှိတယ်။
ဉီးA နဲ့ ဒေါ်B မှာက ကလေးတွေလဲ ရှိကြတယ်။
ဒါပေမဲ့ သူတို့ နှစ်ယောက်က တစ်နေ့မှာ သဘောတူညီမှုနဲ့ လမ်းခွဲသွားကြတယ်။
ဉီးA က ယောက်ျားယူသွားပြီး ဒေါ်B ကကျ မိန်းမယူသွားတယ်။
Crystal သိတဲ့ အကြောင်းအရာက ဒီလောက်ပါပဲ။ဒီအကြောင်းအရာလေးကတင်ပဲ စာရေးဖို့ အတွက် အခြားထပ်ဖြည့်ရေးသားဖို့အတွက် အကြံဉာဏ်တွေ ထပ်ရလာတာပါ။
-------------------------------------
လက်ချောင်းလေးတွေတောင် အတိုအရှည်မညီကြသလို၊ တစ်မအေတည်းကနေ ဆင်းသက်လာကြတဲ့ ညီအကို မောင်နှမတွေရဲ့ စိတ်ဓာတ်တွေ၊ အကျင့်စရိုက်တွေ၊ အတွေးအခေါ်တွေဟာလည်း မတူညီကြပါဘူး။
တစ်ဖက်က လက်ဖဝါးလို့ မြင်ပေမဲ့ နောက်တစ်ဖက်က လက်ဖမိုးလို့ မြင်ကြသလိုပါပဲ။လူတိုင်းရဲ့ အမြင်တွေဟာလည်း မတူညီကြပါဘူး။
ဒီလိုပါပဲ။ ဒီဇာတ်လမ်းလေးထဲမှာလည်း လူအများစုရဲ့ အတွေးအခေါ်တွေ အမြင်တွေ မတူညီမှုတွေကို ချပြထားပါတယ်။
အကြောင်းကိစ္စတစ်ခုကြောင့် Gay တွေကို ရွံမုန်းနေတဲ့ကောင်လေးနဲ့ Gay အသိုင်းအဝိုင်းကနေ မွေးဖွားလာတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ချစ်ကြိုးလေး ဘယ်လို သွယ်မလည်းဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ မြင်ရမှာပါ။
"ငါ့ဘဝမှာ ယောက်ျားတစ်ယောက်ကို ချစ်မိဖို့ ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူး ...ခွေးကောင်"
ဟန်သာဧကရာဇ်(ခ)ကိုးကွယ်ရာ
"ဒဏ်ရာပေးတဲ့သူရှိသလို၊ ဆေးပေမဲ့ သူလည်း ရှိတယ်။ဥပမာ ဆေးပေးမဲ့သူက... ကိုယ့်ကိုးကွယ်ရာရဲ့ တစ်ဉီးတည်းသော ဒေါက်တာလေး ကိုးခက်ထန် ဖြစ်မယ်ဆိုရင်ပေါ့..."
ကိုးခက်ထန်(KOE)Crystal ရဲ့ အခု အပုဒ်အသစ်လေးကိုလည်း ဝေဖန် အကြံပြုပေးကြပါဉီးရှင် ❤️❤️❤️
Crystal နဲ့ အတူတူ ရှိပေးခဲ့ကြလို့လည်း တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။
BINABASA MO ANG
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...