EP - 19

301 50 34
                                    

-Unicode-

အိပ်ဆောင်တံခါးက အပြင်ကနေသော့ခတ်ချမထားတဲ့အခါ အိပ်ဆောင်ပြင်ထွက်ပြီး နန်းဆောင်ထဲပတ်လျှောက်ကြည့်နေခဲ့မိတာ..ဘယ်နေရာကခိုးထွက်ရင် အပြင်ကိုကောင်းကောင်းရောက်သွားနိုင်မလဲ စုံစမ်းချက်နဲ့အတူပေါ့။

အစူးစမ်းလွန်ရင်း နန်းဆောင်တံခါးဝနားအထိ ရောက်မှန်းမသိရောက်သွားခဲ့ရင်းနဲ့ နန်းဆောင်အပြင်မှာ ကင်မ်ထယ်ယောင်းကိုတွေ့ချင်လို့စောင့်နေတဲ့ အမတ်သည် သူ့ကိုမြင်သွားခဲ့သည်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုတဲ့အဖြစ်လိုဘဲ သူ့ကိုဘုရင့်နန်းဆောင်ကိုခိုးဝင်တဲ့ သူခိုးလို့ စွပ်စွဲကာ ထိုအမတ်ကရဲမက်တွေကိုဖမ်းဆီးခိုင်းသည်။ လန့်ဖြန့်ရင်း ပြေးမိတာကြောင့် မိသွားတဲ့အခါ အရိုက်ခံရတာသည်အသေအလဲ။

ဒဏ်ရာဒဏ်ချက်များစွာနဲ့ ရဲမက်တွေလက်ကြား အကျဥ်းထောင်ဆီသူ့မှာတန်းတန်းမတ်မတ်။ ဘာကြောင့် ဘုရင့်နန်းဆောင်ထဲဝင်တာလဲ ဘာပစ္စည်းတွေယူထားလဲ လုပ်ကြံဖို့လာတာလား ဘယ်သူလွှတ်လိုက်တာလဲ..စသဖြင့် ကြာပွတ်တွေနဲ့ တဖြန်းဖြန်းရိုက်ရင်း ခပ်မာမာစစ်မေးဒဏ်တွေ။ အနံ့အသက်ဆိုးဆိုးတွေ မခံနိုင်တဲ့သူနဲ့ အကျဥ်းထောင်ရဲ့ညီစို့စို့အနံ့သည် နည်းနည်းမှအဆင်မပြေခဲ့။ အကျဥ်းသားတွေရဲ့သဏ္ဌာန်တွေကအစ မကြည့်ရဲလောက်အောင်ဘဲ။ ခပ်ညစ်ညစ်သံတိုင်တွေနောက်ရောက်သွားရရင်း လက်တစ်ဖက်ဆီကို သံကြိုးတွေနဲ့ဆွဲခံထားရရင်း ကျောပေါ်ကျရောက်တဲ့ကြာပွတ်ဒဏ်တွေခံရင်း..။ အကျဥ်းထောင်ဆိုတာကို နဖူးတွေ့ဒူးတွေ့ဖြစ်တဲ့အခါ ကင်မ်ထယ်ယောင်းရဲ့ပိတ်လှောင်မှုကတောင် အဆများစွာသာနေသလိုလိုတွေ..။

"ဘုရင့်ကိုလုပ်ကြံဖို့ကြိုးစားတာ ဝန်ခံသလား !"

"ငါမဟုတ်ဘူးလို့ ပြောပြီလေ !"

ဖြန်း !

ကျောပေါ်ကို စပ်ဖျင်းဖျင်းကျရောက်လာတဲ့နာကျင်မှု။ ကင်မ်ထယ်ယောင်းရှေ့သာ အားနွှဲ့သဏ္ဌာန်ကြောင်လေးဖြစ်ချင်ဖြစ်မယ် ကျန်တဲ့အချိန်က ကျားသစ်ရိုင်းတစ်ကောင်ဘဲ။ နာသလားမေးရင် နာသည် သို့သော် နာကျင်မှုနဲ့အသားတကျဖြစ်နေတဲ့ခန္ဓာကထုံထုံထိုင်းထိုင်းတွေသာ။ နှုတ်ခမ်းထောင့်စီးကျနေတဲ့ သွေးစတချို့နဲ့ နာကျင်ဒဏ်ကြိတ်ခံနေတဲ့ မျက်နှာထားသည် စူးရှမှုတွေအပြည့်။ သူမသေမျိုးလောကကိုရောက်လာရတဲ့ အကြောင်းအရင်းဖြစ်တဲ့ စမ်းသပ်ချက်တွေလို့တွေးရင်း ကြိတ်ခံခဲ့သည်။

နာမ်Where stories live. Discover now