Extra 3/4

5.4K 603 7
                                    

Extra -3 နွေဦး၌...

ထိုနေ့တွင် ပိုင်လီက ပိုင်မိန်နှင့်အသေးလေးတွေ စိတ်တိုင်းကျ စျေးဝယ်ထွက်စေခဲ့၏.။

တကယ်တော့ ငွေက အဲလောက်အရေးမပါပါဘူး။ အခုဆို သူတို့မိသားစုမှာ ဝင်ငွေက ပြတ်မနေတော့ ကလေးတွေသာပျော်မယ်ဆိုရင် ဒါကတန်ပါတယ်။ဟုတ်တယ်မလား။

ပိုင်လီကိုယ်တိုင်ကလည်း ရှောင်ဟန်နှင့် ဗိုက်ထဲကအသေးလေးအတွက်ရယ်၊ ပိုင်မိသားစုဝင်တွေအတွက်ရယ်ကို ဝယ်ခဲ့သေးပြီး နောက်တော့ သူတို့က တည်းခိုဆောင်မှာ တည်းခဲ့ကျလေသည်။

ပိုင်လီက ချောင်အိမ်ကို အားနာတဲ့အတွက် မြို့ကိုလာတိုင်း မတည်းချင်ဘူးလေ။

မနက်မှာတော့ သူက ပိုင်မိန်နဲ့အသေးလေးတွေကို ချောင်အိမ်ကိုလိုက်ပို့လိုက်၍ သူကတော့ ချောင်ရန်၊ ဖုပင်းတို့နဲ့အတူ ကျွန်စျေးသို့ ထွက်လာခဲ့လိုက်သည်။
ပိုင်လီက တကယ်တော့ ဖုပင်းကို မလိုက်ခဲ့စေချင်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီမှာက ဖုပင်းအတွက် မှတ်ဉာဏ်ကောင်းတွေမရှိနိုင်လို့လေ။

သို့သော် ဖုပင်းကိုယ်တိုင်ကိုက လိုက်ချင်နေ၍သာ သူက ခေါ်လာခဲ့လိုက်ပြီး ဤသို့ဖြင့် ကျွန်စျေးကိုရောက်တော့ ပိုင်လီက တော်တော်များများဝယ်လိုက်ကာ ဖုပင်းကိုမေးလိုက်လေသည်။

"ဘယ်လိုလဲ ဒီထဲမှာ မင်းနေရာကို အစားထိုးနိုင်မယ့်သူ ရှိတယ်လို့ထင်လား"

ယခုအခါ နွေဦးသို့ရောက်နေပြီဖြစ်သည်။ ပိုင်လီနဲ့ဖုပင်းကြားက ကတိအတိုင်းဆို အခုချိန်မှာ ဖုပင်းကို အသက်စာချုပ်ပြန်ပေးပြီး ထွက်သွားခွင့်ပေးရတော့အချိန်ရောက်နေပါပြီ။

ထို့ကြောင့်ရော ပိုင်လီသည် စိတ်ချရသည့်အလုပ်သမား တော်တော်များများကို လိုအပ်နေတာဖြစ်၏။ ရွာတွေကနေ အလုပ်သမားတွေငှားတာက ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်အစေခံတွေလောက်တော့ ယုံကြည်လို့ရမှာမဟုတ်ဘူးလေ။ ဒါကြောင့် သူက တချို့ကိုဝယ်ဖို့ လိုအပ်နေတာဖြစ်ပြီး အခုလည်း သူက ဖုပင်းကိုမေးလိုက်သည်မှာ စသည့်သဘောသာဖြစ်သည်။

အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now