Chapter 39: Being Still (6)

28 5 3
                                    

အခန်း (၃၉): ငြိမ်ငြိမ်​လေး​နေဖို့ဆိုသည်မှာ (၆)

Words Count: 5066

UNICODE

"ဘန်း!"

ခန်းမ​ဆောင်၏ဝင်​ပေါက်တံခါးမှာတင်းကြပ်စွာ ​နောက်ထပ်တစ်ဖန်ထပ်၍ပိတ်သွားသည်။ ဝှီးချဲ​ နှင့်ဖြစ်​နေတာ​တောင်မှ နူးညံ့​သောအပြုံး​လေးတစ်ခုကိုမျက်နှာတွင်ဆင်မြန်းထားနိုင်​သော Taylor Stan သည်ခမ်းနား​လှ​သောပွဲတက်ဝတ်စုံတစ်ထည်ကိုဝတ်ဆင်ထားလျက်။ ​သေဆုံးခြင်းဘုရားသခင်၏ဘုန်း​တော်ကြီးဖြစ်​သော Cage သည်လည်းဘုန်း​တော်ကြီးဝတ်ရုံအားဝတ်ဆင်ထားလျက်။

'ကြည့်ရတာ​သူတို့​တွေရဲ့တကယ့်သရုပ်မှန်အကုန်ကို​​ပေါ် တင်ဖွင့်ပြဖို့ဆုံးဖြတ်ထားတယ်နဲ့တူတယ်'

ထိုအရာအားမှန်ကန်​သောဆုံးဖြတ်ချက်တစ်ခု ဟု Cale ​တွေးထင်မိသည်။ ​သေဆုံးဘုရား​ကျောင်း​တော်အတွက်​ခေါင်းခဲစရာဆို​ပေမယ့် ဘာ​ကြောင့်များ Cage ကသူတို့ကိုဂရုစိုက်ရမှာ?

"ဒါဘာသ​ဘောလဲ...!"

အ​နောက်​မြောက်စားပွဲခြမ်းဖက်မှ ထိတ်လန့်မှုနှင့် ​ဒေါသတို့​ရောယှက်​နေ​သောအသံတစ်သံထွက်လို့လာ၏။ Cale အသံထွက်လာရာဖက်ကိုလှည့်ကြည့်မိ​တော့ ​ဒေါသတို့ဖြင့်တရှူးရူးတရှဲရှဲဖြစ်နေ​သော Venion သည်ထိုင်​နေရာမှမတ်တပ်ထရပ်လျက် Taylor အားစူးစိုက်ကြည့်​နေ​လေသည်။

ထိုကဲ့သို့​သော အထက်တန်းလွှာတစ်​ယောက်၏အမူအကျင့်ထုံးတမ်းတို့ဖြင့်ကွဲထွက်​နေ​သော တုံ့ပြန်မှုပုံစံအား Venion ထံမှ​ထွက်လာသည်ကို တော်ရုံမြင်ခဲသည်။ သို့​သော်  Venion သည်အခုယင်းသို့​သောအမူအကျင့်များကိုဂရုစိုက်နိုင်သည့်အ​​ခြေအ​နေမဟုတ်။

စင်မြင့်အ​ပေါ် ဆုံး​နေရာအား Cale ​မော့ကြည့်မိ၏။ အိမ်​ရှေ့စံမင်းသား Alberu သည်သူ၏လက်​မောင်းနှစ်ဖက်ကိုဖြန့်ကျက်လျက် စကားစ​ပြောသည်။

"ကိုယ်​တော်ဒီ​နေရာမှာ Marquis Stan အိမ်​တော်ကသားကြီး Taylor Stan နဲ့ ​သေဆုံးခြင်းဘုရားသခင်ရဲ့ဘုန်း​တော်ကြီးတို့ကိုဆုံ​တွေ့ ရလိမ့်မယ်လို့မထင်ထားဘူး"

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Nơi câu chuyện tồn tại. Hãy khám phá bây giờ