"အာ့......ကျွတ်...ကျွတ်"
ဓားဒဏ်ရာများအနာကျက်လာသဖြင့် တဖြည်းဖြည်းတင်းလာသမျှ ခြူးနာကျင်နေရပေသည်။
"ဘေဘီနိုးပြီလား"
မဒီ့ကိုဘာမှာ့ပြန်မပြောပဲ ကုတင်ပေါ်မှာ့ထကာ မျက်နှာသစ်ရန် သွားတိုက်တံများထုတ်နေသည်။
"မာမီ လုပ်ပေးပါ့မယ်
ကုတင်ပေါ်မှာ အေးဆေးထိုင်နေနော်""ဖယ်ပါ
ခြူးမှာ လက်ပါတယ် ကိုယ့်ဘာသာလုပ်မယ်""လက်ပါတာတော့သိတာပေါ့
ဒါပေမဲ့ မာမီလုပ်ပေးချင်လို့လေ""ရပါတယ် အမြဲဒုက္ခပေးနေမိလို့အားနာစရာတွေဖြစ်ကုန်ပြီ"
"ကဲ ဒီကလေးတော့
စိတ်ကောက်နေတုန်းလား""မကောက်ပါဘူး အမှန်တရားပြောတာပါ"
စကားရည်ပြိုင်မလုနိုင်တော့ပေ။ ထို့ကြောင့် သူလုပ်နေတာကိုသာ ထိုင်ကြည့်နေရင်း ဘယ်လိုချော့ရမလဲဟု အတွေးများကပြေးလွှားနေလေသည်။
"မနက်စာဘာစားမလဲ
မာမီသွားဝယ်လိုက်မယ်""ခြူး ဖွားဖွားကိုမှာပြီးပြီ"
"ဘာလို့ ဖွားဖွားကိုမှာတာလဲ
မာမီဝယ်ပေးမှာပေါ့"စကားပြောရင်း ခြူးလက်တို့ကိုလှမ်းကိုင်ချိန်တွင် အကိုင်မခံပဲ လက်များကို နောက်ဆုတ်လိုက်သည်။စိတ်မကောင်းဖြစ်ကာ သက်ပြင်းချလိုက်မိသည်။
"ခြူး ဘာတွေကောက်နေပြန်ပြီလဲကွာ"
"အဲ့ကိစ္စကို မာမီတောင်းပန်ရင်တောင် ခြူးကိုမာမီစွန့်ပစ်ခဲ့တာကို နားလည်သွားယုံပဲ
ဘာမှာ့စိတ်ကောက်စရာမရှိဘူး""အဲ့တာက ကောက်တာပဲပေါ့"
"မကောက်ဘူး မကောက်ဘူး
ကောက်လဲ မာမီတစ်သက်လုံးချော့စရာမလိုတော့ဘူးလေ""ဘာလို့လဲ ခြူးရယ်"
"မာမီက ...."
ခြူးမျက်ရည်အနည်းငယ် စို့တက်လာသည်ကို မဒီသတိထားမိလိုက်သည်။မျက်ရည်ကိုမကျအောင် အတင်းထိန်းနေသည်ကိုလဲ သိနေပေသည်။
"မာမီက ခြူးကိုတစ်သက်လုံးပြန်မလာစေချင်ခဲ့တာမလား
ခြူး မာမီ့စကားနားထောင်တော့မလို့"
YOU ARE READING
Sugar Mommy
Romance18+ နည်းနည်းများမှာမလို့ အဖြူထည်သက်သက်ကြိုက်သောသူအများအတွက်မသင့်တော်ပါ။😞