Chapter 18

31 7 2
                                    

မောင်းလောင်ရှီးက တအောင့်လောက် ငြိမ်သက်သွားတယ်...

ကျိုးရိုက သွား၃၂ချောင်းလုံးပေါ်အောင် ပြုံးပြလိုက်ပြီး တုတ်ချောင်းကို မြေကြီးပေါ်လွှင့်ပစ်လိုက်ရင်း မောင်းလောင်ရှီးရဲ့ပုခုံးပေါ် လက်တင် ဖက်လိုက်တယ်.. "ကျွန်တော်က စနေတာပါ လောင်ရှီးရဲ့၊ ကျွန်တော့်ရဲ့ တုတ်သိုင်းကိုကြိုက်ရင် လောင်ရှီးရဲ့ အိမ်ထိ လာဖျော်ဖြေပေးလို့ရတယ်လေ"

"မလုပ်နဲ့.. မလုပ်နဲ့" မောင်းလောင်ရှီးက အသေငြင်းတယ်...

"ကျွန်တော်တို့ သူငယ်ချင်းကောင်း ယောက်ဖလေးတွေ စုပြီး အပျော်လာရှာရုံပါပဲ၊ ဘာဘီကျူးကင်ဖို့ သံဗန်းက ရယ်ဒီဖြစ်နေပြီ၊ ငါးတကောင်လည်း ဖမ်းမိထားတယ်"

ကျိုးရိုက ပြောရင်းဆိုရင်းနဲ့ နောက်ကိုလှည့်လာတော့ သူ့ဘေးနားက ကောင်လေးတွေအုပ်စုက အလျှိုလျှိုနဲ့ ဘေးကို ရှဲသွားပြီး လမ်းရှင်းပေးကြတယ်... "အတန်းဖော် ချန်းချွမ်းယွီရေ!"

"မင်း ဘာတွေလုပ်နေတာလဲ!" သံဗန်းကင်ဘေးက လူကြီး၀တ် စွပ်ကျယ် ၀တ်ထားတဲ့ ကောင်လေးတယောက်က မတ်တပ်ရပ်လာတယ်...

"မီးသွေးက မီးရော တောက်ရဲ့လား?" ကျိုးရိုက အော်လိုက်တယ် "ငါတို့ရဲ့လောင်ရှီးဖို့ ငါးတကောင်လုံး ဧည့်ခံလိုက်ကွာ"

"ဘယ်မလဲ ငါးက!" ချန်းချွမ်းယွီက ဘေးဘီကြည့်ပြီး ပြန်အော်ပြောတယ်...

"ဒီမှာ!" ရှောင်ခိုင်က ငါးကိုင်ပြီး ရောက်လာတယ်...

"သွားပြီး လက်စတုံးလိုက်ဦးလေ၊ အရှင်ကြီးကို ဘယ်လိုကင်မလဲ?" ချန်းချွမ်းယွီက မျက်မှောင်ကြုတ်ကြည့်တယ်..

ရှောင်ခိုင်က အမြန်ခေါင်းညိတ်ပြလိုက်ပြီး ကန်နားသွားပြီး ငါးကို ကိစ္စတုံးဖို့လုပ်တယ်...

"လောင်ရှီး ကြည့်လေ၊ ဒါက အတန်းဖော်တွေကြားက စည်းလုံးပြီး ချစ်ခင်တဲ့ relationship!" ကျိုးရိုက မောင်းလောင်ရှီးကို ပြန်လှည့်ကြည့်လိုက်ပြီး ခေါင်းရှုပ်သွားတဲ့ပုံနဲ့ "ခုဏက... မောင်းလောင်ရှီးက ကျောင်းအုပ်ကို ဘာများသွားပြောမလို့လဲ?"

"ဘာမှ မဟုတ်ဘူး....." မောင်းလောင်ရှီးက မသိသလိုပဲ ဂေါက်သီးဟန်ဆောင်လိုက်တော့တယ်..

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now