Part (35) Unicode

7 5 1
                                    

နှိုင်းသည် ကဗျာ ဝတ်ဖို့ အဝတ်အစားများအား ပြင်ဆင်ထားပေးသည်။ နှိုင်းအတွက် မြသွေးဝယ်ထားပေးသော အဝတ်အစားများသည် ယခုတော့ အသုံးဝင်လာခဲ့ပြီ။ နှိုင်းနှင့်ကဗျာသည် ခန္ဓာကိုယ် အရွယ်အစား သိပ်မကွာလှ၍ ကဗျာ ဝတ်ရတာ အဆင်ပြေသည်။

"ကဗျာ အဝတ်အစားတွေက အဆင်ပြေရဲ့လား"

"ပြေပါတယ် ကဗျာနဲ့ကွက်တိဘဲ"

ကိုယ်လုံးပေါ်မှန်ရှေ့တွင် ကြည့်ကာ တစ်ပတ်လှည့်ပြနေသော ကဗျာကြောင့် နှိုင်းနှစ်ခြိုက်စွာပြုံးလိုက်သည်။

"တော်သေးတာပေါ့ မြသွေး ဝယ်ပေးထားတာတွေ အများကြီးရှိတယ် နှိုင်းက ဝတ်ရတာမကြိုက်ဘူးလေ အဲ့တော့ဒီတိုင်းသိမ်းထားလိုက်တာ အခုတော့ အသုံးဝင်လာပြီဘဲ"

"မြသွေးက အမြင်ကောင်းတာဘဲ အကျီလေးကလှတယ်"

"ကဗျာ ဝတ်လိုက်လို့ ပိုလှသွားတာပါ"

"အမယ် နှိုင်းကတော့ပိုပြီ"

"အဟား တကယ်ပြောတာ ဒါနဲ့ကဗျာ ကားပါသေးလား"

"ပါလာတယ်လေ"

"ကဗျာ့ကားနဲ့သွားမလား ဒါမှမဟုတ် နှိုင်းကားဘဲယူခဲ့ရမလား"

"နှိုင်းသဘောလေ"

"ကဗျာ့ကားကို ပါကင်ထိုးခဲ့လား"

"အင်း"

"ဒါဆိုကိုယ့်ကားနဲ့ဘဲသွားလိုက်မယ်"

ကားပေါ်သို့မတက်ခင် နှိုင်းသည် ကဗျာ့ဘက်သို့တံခါးအရင်ဖွင့်ပေးကာ ဝင်ထိုင်စေသည်။ ထို့နောက်မှသာ နှိုင်းကားထဲသို့ဝင်ထိုင်သည်။ ကားပေါ်တွင် ကဗျာသည် စကားတစ်ခွန်းမှမပြောလာ၍ နှိုင်းသည်လည်း ဘာပြောရမှန်းမသိဖြစ်နေသည်။ သို့သော်လည်း အပြင်ဘက်သို့ ငေးငိုင်နေသည့်ကဗျာ့အား မမြင်ရက်သည်မို့ နှိုင်းသည် စကားစရှာလိုက်ရသည်။

"ကဗျာ ပွဲစျေးတွေ ခနခနသွားလား"

"ဟင့်အင်း ကဗျာ ပွဲစျေးသွားတာ ပထမဆုံးအကြိမ်ဘဲ"

"ဟုတ်လား ကဗျာ ပွဲစျေးလျောက်ရတာရော ကြိုက်လား"

"ကြိုက်ပါတယ် ဒါပေမဲ့ မေမေတို့ကပေးမသွားလို့ ကဗျာ မသွားရဘူး"

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now