Ep 31 (uni)

3.3K 436 36
                                    

"ဖေ့...!"

"ဖေ့...!"

"ထ...ထ...!"

"ထ...ထ...!"

"အင့်!...ဘတ်...! ဖေ့...! ထ...ထ"

အမွှာမောင်နှမနှစ်ယောက်မှာ အိပ်ပုပ်ကြီးတဲ့အဖေဖြစ်သူအား အတူတူနှိုးနေကြသော်လည်း အဖေဖြစ်သူမှာအိပ်မက်ကမ္ဘာထဲသာ မွေ့လျော်နေဟန်ရှိသည်။ ထို့ကြောင့် စိတ်မြန်လက်မြန်ရှိတဲ့ အငယ်ကောင်လေး ခခ သည် အဖေဖြစ်သူရဲ့ဗိုက်ပေါ် တက်ထိုင်ပြီး ရင်ဘတ်တွေ တဖက်ဖက်ရိုက်ပြီး နှိုးတော့၏။ ထိုအခါ အဖေချစ်သမီး တုတုက သူ့အဖေကို မရိုက်အောင် ခခရဲ့ လက်တွေကို လှမ်းဆွဲ‌ထားတော့သည်။

"ဖေ့ ရို ရိုက်ရဝူးလေ..."

အမွှာနှစ်ယောက်မှာ နှစ်နှစ်တင်းတင်းပြည့်ပြီမို့ စကားတော်တော်လေး ပြောတတ်နေပြီဖြစ်သည်။ သို့သော်သူတို့ပြောတဲ့ စကားတွေမှာ တစ်လုံးထက်ပိုမပီ‌‌ပေ။

"ငမွှေထိုးလေးတွေ...ဒီအဖေကို တစ်ရက်လောက်အေးဆေးအိပ်ခိုင်းကြပါအုံးကွာ...."

သင်္ခ သူ့နားမှာ လှုပ်စိလှုပ်စိနဲ့ သူ့ကိုလှုပ်နှိုးနေတဲ့အမွှာလေးတွေကြောင့် ဒီနေ့လည်း အိပ်ရေး၀အောင်မအိပ်ခဲ့ရပြန်။ ဒီမောင်နှမရဲ့အကျင့်က သူတို့နိုးပြီဆို လူကိုမရရအောင် နှိုးတတ်တဲ့အကျင့်! သူတို့အမေလောက်ကို
မသိတတ်ဘူး...!!

"ဖေ့...ဖေ့..."

"အင်း...."

ထူးလိုက်ပေမဲ့ မျက်လုံးကတော့မပွင့်လာသေး။

"ထ...ထ...."

"အေးပါကွာ....မင်းတို့နဲ့တော့ ငါဒီတစ်သက်အိပ်ရေး၀အောင်အိပ်ရမယ်ကိုမထင်ဘူး...မြန်မြန်ကြီးကြတော့ကွာ..."

(ခစ်...ခစ်....ခစ်)၂

အံမယ် သူပြောတာနားလည်တဲ့ပုံနဲ့ တခစ်ခစ်နဲ့ရယ်နေကြတာ။

ချပ်!

"ဟင်...ကိုကို နိုးနေပြီလား...ဘေဘီလေးတွေရော
နိုးနေပြီပေါ့လေ"

"ဒီမှာကွာ...ကိုယ့်ကိုမထမချင်း ရိုက်နှိုးနေကြတယ်"

"ဟင် ဟုတ်လား..."

"သားနဲ့သမီး...ဖေအိပ်နေရင် မနှိုးရဘူးလို့ မေမှာထားတယ်လေ..."

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now