အခန်း (၄၆): တစ်နည်းနည်းနဲ့ (၄)
Words Count: 5289
UNICODE
Cale သည်အိမ်ရှေ့စံနှင့်အတူရထားလုံးပေါ် တက်သွားဖို့ပြင်နေ၏။ ဒါပေါ့ ပလာဇာကို Cale စီးနင်းဖို့အရေးပေါ် ခေါ် ဆောင်ခဲ့သည့်ရထားလုံးက အိမ်ရှေ့စံရဲ့ရထားလုံးလှည်းဖြစ်နေတာပေါ့။
"မစ္စတာ Cale အရင်တက်ပါ...ဒီနေ့အဖို့မစ္စတာ Cale ကဒီလေးစားမှုနဲ့ထိုက်တန်ပါတယ်"
အစောနကထိတောင့်တင်းတင်းဖြစ်နေသည့်မျက်နှာအမူအရာတို့နှင့် လုံးဝကွဲပြားသည့်အပြုံးနုနုတစ်ခုမှာ အခုအိမ်ရှေ့စံ၏မျက်နှာပေါ် ၌ဆင်မြန်းထား၏။ လူတွေကအခုသူတို့နှစ်ယောက်ကိုဝိုင်းကြည့်နေသည်ဆိုသည်ကို သိထားသည့်အိမ်ရှေ့စံမှာ သူ၏သရုပ်ဆောင်မှုကိုဆက်လက်ထိန်းသိမ်းထားဖို့လိုပေလေသည်။
"ကျွန်တော်မျိုးဘယ်လိုလုပ်ပြီးအဲ့လိုလုပ်နိုင်ရမှာပါလဲ?...အရှင့်သား အရှေ့ကနေအရင်ကျွန်တော်မျိုးမတက်ရောက်နိုင်ပါဘူး...အရှင့်သားဆိုတာက ကျွန်တော်မျိုးတို့လိုတိုင်းသူပြည်သူသားတွေအပေါ် အလင်းဖြာကျပေးတဲ့ကြယ်တံခွန်တစ်ခုလိုကြီးမြတ်သူမဟုတ်ပါလား...အရှင့်သားရယ်"
• ဟူးမန်း...မင်းခေါင်းရောကောင်းသေးရဲ့လား?
အနက်ရောင်နဂါးလေး၏အမေးအား Cale ဒီတိုင်းလျစ်လျူရှူထားခဲ့လိုက်၏။ အိမ်ရှေ့စံသည် Cale ၏ပခုံးကိုပုတ်ကာ စတင်စကားပြောသည်။
ဘတ်...ဘတ်။ (ပခုံးပုတ်သံ)
သူ၏ပခုံးအား အိမ်ရှေ့စံကအတော့်ကိုအားသုံး၍ပုတ်နေခဲ့၏။
"ဒါကကိုယ်တော်ရဲ့လေးစားမှုကိုပြသတဲ့အမူအရာလေးတစ်ခုဖြစ်ရုံပါပဲ...မစ္စတာ Cale အရင်တက်ပါ"
"အရှင့်သားကအခုလိုတိုက်တွန်းနေမှတော့လည်း...ဒီကလစ်ဟင်းနေတဲ့နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ကျွန်တော်ကပဲအရင်တက်လိုက်ပါ့မယ်"
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အခင်းနေရာတွင်ကျန်နေခဲ့သောတော်ဝင်မိသားစုဝင်ဆိုလို့ အိမ်ရှေ့စံ Alberu တစ်ဦးတည်းသာရှိ၏။ ကျန်သည့်တော်ဝင်မိသားစုဝင်များက စစ်သည်ရဲမက်များအား အမှုအခင်းစုံစမ်းရန်အမိန့်ပေးညွှန်ကြားချက်ချဖို့နဲ့ ထွက်သွားကြတာတောင်မှ Alberu သည် Cale အားစောင့်ရှောက်သည်ကိုပြသရန်အတွက် နေရာတွင်ကျန်နေခဲ့လေသည်။
YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️