အခန်း (၄၇): တစ်နည်းနည်းနဲ့ (၅)
Words Count: 4836
UNICODE
မင်းသား Alberu သည် Cale Hentiuse တွင်ရုတ်တရက်ဆိုသလိုမယုံနိုင်သောမျက်နှာဘေးမျိုးဖြစ်ပေါ် လာတာကိုတွေ့ မြင်လိုက်ရကာ Cale သည်အမေးကိုအမေးဖြင့်ပြန်တုံ့ပြန်ခဲ့၏။
"...ကျွန်တော်ကလူသားလားလို့မေးနေတာလား?"
သူ၏မျက်နှာဘေးမှာ အိမ်ရှေ့စံကသူ့အား အဘယ်ကြောင့် ယင်းသို့သောရူးကြောင်ကြောင်မေးခွန်းကိုမေးနေရသနည်း ဟူ၍ပြောနေသယောင်။ Alberu သည်သူကိုယ်တိုင်ပင်မသိလိုက်ဘဲသက်ပြင်းတစ်ချက်ချမိသွားသည်။
"ဟား~...ဒါပေါ့ ကျိန်းသေပေါက်ကိုမင်းကလူသားတစ်ယောက်ပေါ့"
Alberu သည်သူ့ကိုယ်သူနှင့် Cale ကိုလက်ညိုးဖြင့်ထိုးပြကာစကားကိုဆက်သည်။
"မင်းကော...ငါကော...နှစ်ယောက်လုံးကလူသားတွေပဲလေ"
ထိုအချိန်ဆိုရင်ပဲ နဂါးနက်လေးက Cale စိတ်ထဲသို့လာ၍စကားထပြောသည်။
• အဲ့ဒါလိမ်နေတာ...သူကလုံးဝကိုလူသားမဟုတ်ဘူး
'နဂါးလေးရယ်...ကျေးဇူးပြုပြီးဆက်မပြောလို့မရဘူးလားကွယ်?'
Cale မှာသူ၏စိတ်ကိုတည်ငြိမ်အောင်ထားဖို့အတော်လေးအခက်တွေ့နေရလေသည်။ ပြောရလျှင် တကယ့်အရေးကြီးအားနည်းချက်တစ်ခုမှာ Cale နှင့် နဂါးနက်လေးကြားတွင်ရှိနေ၏။ နဂါးနက်လေးမှာသူကြိုက်တဲ့အချိန်ကြိုက်သလို Cale နဲ့လာပြီးဆက်သွယ်လို့ရနိုင်ပေမယ့် Cale ကတော့နဂါးလေးဆီသို့ဘာမှပြန်ပြောလို့မရ။ ယင်းမှာ တစ်ဖက်ပဲသွားသောဆက်သွယ်ရေးတစ်ခုပင်ဖြစ်နေသည်။
ဒါတွေအကုန်လုံးကသူ၏ ဘာမှော်ပညာစကေးမှမရှိသောခန္ဓာကိုယ်၏အပြစ်ပင်။
• ဒီလိုလေထုမျိုးဝန်းရံနေတဲ့မျိုးစိတ်မျိုးကို ငါလိုကြီးကျယ်မြင့်မြတ်လှတဲ့နဂါးဘဝရဲ့လေးနှစ်တာအချိန်ကာလမှာ ဒါကပထမဆုံးတွေ့ဖူးတာပဲ
ESTÁS LEYENDO
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasíaအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️