Chapter 49: Somehow (7)

9 3 0
                                    

အခန်း (၄၉): တစ်နည်းနည်းနဲ့ (၇)

Words Count: 4991

UNICODE

စစချင်းတုန်းက​တော့ Cale ​ရေဝဲများကိုဖျက်စီးပစ်ဖို့အစီအစဥ်မရှိခဲ့။ ယင်း​ရေဝဲများအား​ဖျက်စီး၍မရနိုင်​သောဒိုင်းနှင့် နှလုံးသား၏ခွန်အားတို့ကိုသာအသုံးပြု၍ ဖြေရှင်းလိုက်ဖို့ သူစဥ်းစား​နေခဲ့တာဖြစ်သည်။

'ဒါ​​ပေမယ့် အဲ့တုန်းကငါ့မှာနဂါးနက်​လေးရှိ​မ​နေဘူး​လေ'

သူ့​ဘေးမှာနဂါးနက်​လေးတစ်​​ကောင်လုံးရှိ​နေမှ​တော့ သူအလုပ်ကြိုးစား​​နေစရာမလို​ပေ။ Cale သည်ပျှမ်းမျှအသက်ခုနစ်နှစ်သာရှိကြ​​သော က​လေးအုပ်စုဖြစ်သည့်နဂါးနက်​လေး နှင့် On နဲ့ Hong ​မောင်နှစ်မတို့အားအစားအ​သောက်တစ်ပုံတစ်​ခေါင်းတို့ကိုအဝ​ကျွေး၍ ​မောင်းထုတ်လိုက်ပြီး​နောက် သူ၏ပထမဆုံး​သောဧည့်သည်အားကြိုဆိုလိုက်သည်။

"သခင်​​လေး ဘာကိုခိုးခဲ့လည်းကျွန်​တော်မသိ​ပေမယ့်...ကြီးကျယ်တဲ့ကိစ္စတစ်ခုကိုလုပ်ခဲ့တာ​တော့ကျိန်း​သေတယ်"

ထိုဧည့်သည်မှာ Billos ပင်။

"ဒီရက်​တွေမှာငါက​တော်​တော်​လေးနာမည်ကြီး​နေတယ်ထင်"

တစ်စက်​​လေးကိုမှထိခိုက်ဒဏ်ရာရထားပုံမ​ပေါ် တဲ့ Cale အား Billos သည်​ခေါင်းခါရမ်းမိသည်။ ​သည့်​နောက် နေမ​ကောင်းဖြစ်​​နေ​သေးပါသည်ဟုအခိုင်အမာ​ပြောဆိုထား​သော Cale တစ်​​ယောက်ဝိုင်အရက်စတင်​သောက်လိုက်သည်ကို Billos မြင်​တွေ့ ခဲ့​ရတော့သည်။

"သခင်​လေးနာမည်​ကျော်​နေတာ​တော့အမှန်ပဲ...ဒါ​ပေမယ့် ဒီလို​သောက်ဖို့ကအဆင်​ရော​ပြေရဲ့လားဗျ?"

"မင်း​ရှေ့မှာငါလိမ်ညာ​နေစရာအ​ကြောင်းမရှိဘူး Billos"

Cale ၏ခွက်အလွတ်ကိုဖြည့်ထည့်​ပေးရင်းဖြင့် Billos ကပြုံးလိုက်သည်။ ထို့​နောက် ​မှော်​သေတ္တာတစ်လုံးအား Cale လက်ထဲသို့သူအပ်လိုက်သည်။

"ဒီမှာသခင်​လေး​တောင်းဆိုထားတဲ့ပစ္စည်း​တွေ...အ​ရှေ့တစ်​ခေါက်ကပစ္စည်း​တွေကိုပြန်အပ်​ပေးတဲ့အတွက်​ကျေးဇူးတင်ပါတယ်"

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Tempat cerita menjadi hidup. Temukan sekarang