Part - 12

183 63 19
                                    

(Unicode)

ဂျောင်ကုအိမ်အသစ်ပြောင်းနေပြီလို့ သတင်းရတာနဲ့ ထယ်ယောင်းလည်း ပြင်ဆင်ပြီးထွက်လာခဲ့တယ်...။ ဒီရက်ပိုင်း အိမ်ပြောင်းဖို့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် သူတို့နှစ်ယောက်သိပ်မတွေ့ဖြစ်ကြဘူးလေ...။

တိုက်ခန်းရှေ့ကိုရောက်တာနဲ့ လက်မှာပတ်ထားတဲ့နာရီကိုကြည့်မိတော့ မနက်၈နာရီပဲရှိနေသေးတာကို တွေ့လိုက်ရတယ်...။ ဒါက ထယ်ယောင်းအိပ်ယာထနေကျအချိန်တောင် ဟုတ်မနေပါ...။ ဒီနေ့ကျမှသာ ဝီရိယကောင်းနေမိတာ...။ ဂျောင်ကုရော နိုးပါဦးမလားလို့စိုးရိမ်မိပေမယ့် ရောက်နေပြီးမှတော့ လှည့်မပြန်ချင်တော့ပါ...။

တံခါးဘဲလ်ကို တစ်‌ခါနှိပ်ပြီးတော့ ခဏစောင့်နေပေမယ့် လာမဖွင့်ပေးတာကြောင့် ဒုတိယတစ်ခေါက်ထပ်နှိပ်လိုက်တော့မှ တံခါးပွင့်လာလေတယ်...။ လာဖွင့်ပေးတဲ့သူကတော့ သူတွေ့ချင်နေတဲ့ဂျောင်ကုပဲပေါ့...။

မျက်နှာသစ်ပြီးကာစ မျက်နှာသုတ်ပုဝါကို ပခုံးတစ်ဖက်မှာတင်ထားတဲ့ပုံစံက ကြည့်ကောင်းလွန်းလှတယ်...။ အိမ်နေရင်းမို့ စွပ်ကျယ်ဂျိုင်းပြတ်တစ်ထည်နဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားတာကလည်း ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိနေပြန်တယ်...။

"အစောကြီးပါလား ထယ်ယောင်း"

"ဟုတ်တယ်... အိမ်ကလူတွေပေါ့ အိမ်သန့်ရှင်းရေးလုပ်တာ ဆူညံနေတာနဲ့ စိတ်ရှုပ်လို့ထွက်လာလိုက်တာ"

အိမ်မှာဘုရင်တစ်ပါးလိုနေထိုင်တဲ့သူက ယုတ္တိမရှ်ိတဲ့ဆင်ခြေကို ပေးလိုက်တာပင်...။ ဂျောင်ကုကတော့ နည်းနည်းတော့သဘောပေါက်တယ်ထင်တယ် ပြုံးစိစိလုပ်နေပေမယ့် ဘာမှတော့ထပ်မမေးတော့ပါ...။

"အော်...အဲ့လိုလား... လာလေ အထဲဝင်"

"အင်း... ဂျောင်ကုသူငယ်ချင်းရော နိုးနေပြီလား...??"

အိုမီဂါလေးက သူနဲ့အတူတူနေမယ့်သူကို သိချင်နေတာပဲ...။ ဂျောင်ကုကလည်း သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးဖို့အစီအစဉ်ရှိတာကြောင့် ထယ်ယောင်းကို ထမင်းစားခန်းဆီ တန်းခေါ်သွားလိုက်တယ်...။

"ဧည့်သည်လာတာလား ဂျောင်ကု...??"

မနက်စာပြင်ဆင်နေတဲ့ အိုမီဂါလေးဟာလည်း လှမ်းမေးလိုက်ပြီးတော့မှ ဂျောင်ကုဘေးမှာပါလာတဲ့ အလှလေးကိုမြင်တော့ ရုတ်တရတ်ကြောင်ငေးသွားခဲ့တယ်...။ ထယ်ယောင်းလည်း အတူတူပါပဲ...။ အယ်လ်ဖာရဲ့အိမ်မှာ နောက်ထပ်အိုမီဂါတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် အံ့ဩသွားတာပေါ့...။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: a day ago ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Over The Horizon Tempat cerita menjadi hidup. Temukan sekarang