စည်း သို့မဟုတ် အကန့်

7 0 0
                                    

(၁)

သရက်သီးတွေကလည်း ချဉ်လိုက်တာဟာ။..မမကလည်း ဟက်ဟက်ပက်ပက် ရယ်နေလိုက်တာနော်။ မမက တကယ့်ကို ခက်တယ်။ ဒီလောက်‌‌ေတာင် ရှုံတွနေတဲ့ မျက်နှာကို ချစ်ဖို့ကောင်းတယ်ဆိုပြီး တဟဲဟဲရယ်နေတာ မပြီးနိုင်တော့ဘူး။ ကျတော်ကိုယ်တိုင်ကလည်း မမရယ်နေအောင် သရက်သီးကိုစားလိုက် ရှုံတွပြလိုက်နဲ့  လုပ်နေတာ ခဏခဏ။ မမ မျက်လုံးထဲမှာ ကျတော်ဟာတကယ်ပဲ ချစ်ဖို့ကောင်းနေသလား။ ဒါမှမဟုတ် ကျတော့်မျက်နှာကြီးရှုံတွနေတာကို သိပ်ရယ်စရာကောင်းလို့ပဲ ရယ်နေတာများလား။ ခင်ဗျားတို့ဆို ကျတော်သရက်သီး စားလိုက်လို့ ဖြစ်သွားတဲ့မျက်နှာဘေး ကိုမြင်ရင် ရယ်ချင်ကြလိမ့်မယ်။ ဘာတဲ့..။ ဘီလူးမကြီး သံပုရာသီး စားလိုက်သလိုလေ။ အဲ့သလို ခင်ဗျားတို့ရီကြမှာပေါ့..။ အဟီး ..။ ဒါပင်မဲ့ ကျတော်က ရုပ်ခံလေးရှိတော့ ဘီလူးမကြီးလောက်တော့ ဘယ်ရုပ်ဆိုးလိမ့် မလည်းနော်..။ ခင်ဗျားတို့ဘယ်လိုမြင်မြင် ကျတော်ဂရုမစိုက်ပါဘူး..။ မမချစ်ရင်ပြီးတာပဲဟာ..။

"ချစ်စရာကောင်းလိုက်တာ နောင်နောင်...ကလေးလိုပဲ.."

မမကရယ်ရင်းပြောတယ်။ ကျတော်ကလည်း မြှောက်ပြောရင် အပိုလုပ်တတ်တဲ့သူဆိုတော့ မျက်နှာကို အရင်ထက် ပိုရှုံပြီး သရက်သီးကိုဆဲရေးပစ်လိုက်တယ်။

"အားး ..ကျွတ်ကျွတ် ချဉ်လိုက်တာ..ငိုးမ သရက်သီး.."

"အာ ..ဘာဖြစ်လို့အပြစ်မရှိတဲ့သရက်သီးကို အပြစ်တင်ရတာလဲကွ၊ အမလေးနော် ချဉ်နေတာကို ဆက်စားနေတာ ကြာရင် ဝမ်းလျှောမယ်၊ မမပြောတာကြားရဲ့လား နောင်နောင်..ဟင်"

"လျှောလျှောဗျာ၊ ဖြစ်ပါလိမ့်လိမ့်."

"ကြည့်စမ်း..ကြည့်စမ်း ၊ မမကို ပြန်ပြောနေတာပေါ့လေ ၊ ဟုတ်လား။"

မမက နောင်နောင့် နဖူးကို လက်နဲ့ ဖွဖွကလေး  ခေါက်လိုက်တယ်။ ဖွဖွ ကလေးပါ။ တကယ့်ကိုဖွဖွကလေး။ ဒါပင်မဲ့ နောင်နောင့်အကြောင်းကို သိတယ်မလား။ အပိုလုပ်တတ်တဲ့..ကိုလူလည်ကြီးနောင်နောင်လေ.နောင်နောင်ပါတဲ့။

"အား...မမနော် နာသွားပြီ..အာလူးသီးတွေထပြီထင်ပါရဲ့ဗျာ.."

"သေသေ..သေနာကလေး..နောက်..မမစကားနားထောင်မှာလား..ကဲ..ပြော.."

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

စည်း သို့မဟုတ် အကန့် (ဇာတ်လမ်းတို)Where stories live. Discover now