....................................
အိပ်ရာခွဲမအိပ်ရသည့်အချက်နှင့်
သူနဲ့အိပ်တိုင်း ဖက်ခေါင်းအုံးအဖြစ်သို့
ကူးပြောင်းသွားရသည့်အချက်တွေကြောင့်
အရိုင်းအစိုင်းကောင်ကို လုံးဝအခဲမကြေနေ။
ကျီးမနိုးခင် ကိုယ်စောစောထသည်ကလည်း
သူ့ကြောင့်ပဲ။ သူက လူစိတ်ရှိရင်
ကောင်းကောင်းပေးအိပ်ပြီး
လူစိတ်မရှိရင် ခန္ဓာကိုယ်အနှံ့ကို
လိုက်လံနမ်းရှိုက်ပြီး
အိပ်ရေးပျက်အောင်လုပ်သည်။အိပ်ရေးမဝမဲ့အတူတူ မထူးဘူးဆိုပြီး
နံနက်စောစောထကာ
နံနက်စာပြင်ဆင်လိုက်သည်။ ဖွားဖွား
အမြဲလာပို့ပေးတဲ့ဆန်ပြုတ်လို
အရသာမကောင်းပေမဲ့
စားလို့တော့ရမည်ထင်သည်။ ဖွားဖွားကို
အာနာ၍ နံနက်စားအတွက် တဲထဲမှာ
ရှိတာလေးနဲ့ အဆင်ပြေသလို ပြုတ်၊ ဖုတ်
ထားသည်။ ဟိုတစ်ယောက် စားပါ့မလားမသိ။မျက်နှာသစ်နေသူကို ပြင်ဆင်ပေးထားသည့်
နံနက်စာဝိုင်းလေးဘေးမှာ
ထိုင်စောင့်နေမိသည်။"ဘယ်အချိန်ကတည်းက နိုးနေတာလဲ"
ဖရိုဖရဲ ဆံပင်များကို သိမ်းတင်ရင်း
နံနက်စာဝိုင်းလေးဘေးက ငုတ်တုတ်
ထိုင်နေသူ၏ အနားသို့ လျှောက်လာသည်။"ငှက်တောင်ပံခတ်သံကြားကတည်းက
နိုးနေတာ"တိမ်ယံ တင်မင်ရွဲ့ပြောလိုက်ခြင်။ ဒါကို
ခေတ်ဟောင်း သတိမထားမိ။"နောက်ဆို စောစောမထနဲ့ဗျာ၊
ဖက်အိပ်ရတာမဝဘူး""ဘာကွ!! ငါ့ကို မင်းဖက်လုံးများ
ထင်နေလား""ဟက် မထင်ရဲပါဘူးဗျာ......"
ရယ်ကြဲကြဲနှင့် အနားကပ်ထိုင်ချလိုက်သူကို
တိမ်ယံ ဘုကြည့်ကြည့်ပေးလိုက်သည်။"ဟင် ဒါတွေက ဘာတွေလဲ"
ထမင်းကြမ်းခဲပန်းကန်ဘေးက
ပန်းကန်နှစ်လုံးကို ခေတ်ဟောင်း
အူကြောင်ကြောင်ကြည့်ကာ
လက်ညှိုးထိုးမေးလိုက်သည်။ တိမ်ယံ
တက်ကြွစွာဖြင့် စားပွဲခုံအသေးလေးပေါ်က
ဟင်းပန်းကန်နှစ်လုံးကို ယူပြီး
ခေတ်ဟောင်းကို ဟင်းနာမည်
စတင်မိတ်ဆက်ပေးသည်။
YOU ARE READING
I Hate You
FantasyWarning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။