Chapter [9]

12 0 0
                                    

ဒီနေ့နဲ့ဆို Moon ကျောင်းကိုမလာတာ သုံးရက်ရှိသွားပြီ၊နီရဲ သူနောက်တာနိုမ်သလိုဖြစ်သွားလို့ မလာထင်သွားပြီး

'ငါတော့ ပျားအုံတုတ်ထိုးမိပြီထင်တယ်၊ဒီဂျယ်လီမြေရဲ့ ရန်သူကိုမှသွားစမိ'

မှေးထောက်ကာတွေးနေတုံး Moon အခန်းထဲဝင်လာတာတော့လိုက်သည်။Moon က သူ့ခုံမှာ လွယ်အိတ်ထည့်နေတုံး နီရဲစကားစပြီး တောင်းပန်ဖို့တွေးလိုက်မိသည်။

"ဟို"

ပြောမလို့ရှိသေး Moon နှုတ်အရှေ့နှစ်တောင်လောက်ထွက်ကာ

"ငါမင်းကို လွမ်းလို့ကျောင်းလာတာမဟုတ်ဘူး၊ဒီမြေက စာတွေကို လိုရမယ်ရလေ့လာဖို့ ကျောင်းလာတာ၊မင်းကြောင့်လာတယ်အထင်နဲ့ ဘဝင်မြင့်မနေနဲ့"

"အယ်တော့၊ကျွန်တော်ဘာများပြောရသေးလို့လဲ"

ပြောတော့ Moon မျက်မှောင်ကြီးကြုတ်ကာ

"ပြောထားအုံးမယ် ၊မင်းကငါ့ရန်သူမလို့ ငါနဲ့ကင်းအောင်နေ"

"တတ်လည်းတတ်နိုင်လွန်းတယ်၊လွန်ခဲ့သုံးရက်ကကျ ကျွန်တော်ကိုရည်းစားစကားလာပြောပြီး၊ခုကျပြန်တော့ ကင်းအောင်နေတဲ့လား"

"လွန်ခဲ့တဲ့ သုံးရက်က အတိတ် ခုကအနာဂတ် မတူတော့ဘူးလေ Red Ranger ကြီးရဲ့"

"စိတ်ဆိုးနေတာကြီးကိိုက ချစ်ဖို့ကောင်းလိုက်တာ၊အဲလိုကလေးဆန်တဲ့သူက Great Cosmos ရဲ့ အိမ်ရှေ့စံဖြစ်ပြီး Dragon အဖေတဲ့လား"

တိုးတိုးနဲ့ပြောနေတဲ့ နီရဲစကားကို Moon တစ်စတစ်စတော့ ကြားလိုက်သည်။

"ဘာပြောလိုက်တယ်!!"

"အာ..ဘာမှမဟုတ်ပါဘူး အိမ်ရှေ့စံ Moon m. Great Cosmos ရဲ့"

နီရဲ Moon နာမည်မယ် အသံရှည်ဆွဲ ပြောလိုက်တာကြောင့် Moon မျက်စောင်းထိုးပြီး ကြည့်လိုက်သည်။

နေ့လည်ခင်း ထမင်းစားဆင်းချိန်မှာတော့

"ပန်းအိ ထမင်းသွားစားကြတော့မလား"

"ခဏ၊ဒီတပုဒ်အပြီးတွက်လိုက်အုံးမယ်"

စိမ်းရောင်ခြယ်က ထမင်းစားချိန် ပန်းအိဖြူကို အဖော်ခေါ်ပေမဲ့ သူကတော့ သချာ်အတွက်ကောင်းနေဆဲ

You've reached the end of published parts.

⏰ Last updated: 7 days ago ⏰

Add this story to your Library to get notified about new parts!

My Lover is Villain💞[ကျွန်တော့်ချစ်သူက ဗီလိန်💞]Where stories live. Discover now