Extra-7 ဆောင်းဦးသို့နောက်ထပ်တစ်ဖန်...
ပိုင်လီ၏ တတိယသားလေးနာမည်က ပိုင်ရှောင်ရှင်းဖြစ်သည်။
ဒီကောင်လေးက ကိုယ်ဝန်စရှိထဲက ပိုင်လီရဲ့စပါးခင်းတွေက ပျက်စီးခဲ့ရပြီး မွေးတဲ့နှစ်မှာလည်း ပိုဆိုးခဲ့တာမလို့ လူတချို့ကတော့ ဒီကလေးဟာ ပိုင်လီတို့အတွက် ကံမကောင်းစေဘူးလို့ တိုးတိုးတိတ်တိတ် ပြောနေကျပေမယ့်လည်း ပိုင်လီတို့နဲ့ ပိုင်မိသားစုအတွက်ကတော့ သူလေးက သူတို့အတွက် ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသူလေးပင် ဖြစ်ပေသည်။
သူလေးက တစ်မိသားစုလုံး ဝိုင်းချစ်တာခံရသည့်အပြင် သူတို့က သူလေးကိုချီရဖို့အတွက်ပင် လုနေကျရ၏။
ဒါပေမယ့် ရှောင်ဟန်က သူ့ဆုတောင်းတွေအတိုင်း တကယ် သားယောင်္ကျားလေးအဖြစ် မွေးလာပေးတဲ့ဒီကလေးကို အရမ်းချစ်ပြီးသူက ပိုင်လီကိုတောင်ပေးမချီချင်ခဲ့ပါဘူး။
သူ့စိတ်ထဲမှာ ပိုင်လီချီတာက သိပ်နည်းမမှန်ဘူးလို့ ခံစားနေရတာကြောင့်လေ။
ဒါကြောင့် ပိုင်လီသည် ကြေကွဲပိုင်လီဖြစ်နေခဲ့ရပြီး သူက သူတို့သားအငယ်ဆုံးလေးကို ချီထားပြီး တပြုံးပြုံးဖြစ်နေတဲ့ သူ့ဇနီးလေးကိုကြည့်ကာ ပြောလိုက်လေသည်။
"ဇနီးလေး မင်းက မဟုတ်သေးပါဘူးကွာ မင်းကသူမွေးလာထဲက လက်ထဲကမချတဲ့အပြင် သူ့ကိုပဲကြည့်နေတော့တယ် ကိုယ့်ကိုတောင်မကြည့်တော့ဘူး ဒါက မတရားဘူး"
ဒါကိုကြားတော့ ရှောင်ဟန်က ပိုင်ရှောင်ရှင်းလေးကိုကြည့်နေရာကနေ သူ့ခင်ပွန်းကို ကြည့်လိုက်မိ၏။ သူက ငြီးငြူနေတဲ့ သူ့ခင်ပွန်းကိုအံသြစွာနဲ့...
"တကယ်မဟုတ်သေးတာက ခင်ဗျားပဲမဟုတ်ဘူးလား ခင်ဗျားဘယ်လိုတောင် ကိုယ့်သားကို မနာလိုဖြစ်နေရတာလဲ"
ပိုင်လီသည် ဒီစကားကိုမခံချင်စွာနှင့်...
"ဒါက ကိုယ့်အမှားမလို့လား မင်းကနိုးလာထဲက သူ့ကိုပဲချီထားတယ် မနက်စာတောင် ကိုယ်ကခွင့်ကျွေးရတာလေ ဒါပေမယ့် မင်းကသူ့ကိုပဲမြူနေပြီး ကိုယ့်ကိုကြည့်တောင်မကြည့်တာ ဒါကဖြစ်သင့်ရဲ့လားပြောပါဦး"
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ