Extra -9 ငါးနှစ်ခန့်အကြာ...
ပိုင်လီနဲ့ရှောင်ဟန် စကားပြောနေတုန်းမှာပင် ပေါက်စီဝိုင်းဝိုင်းလေးနှင့်တူသော ငါးနှစ်အရွယ် ကလေးတစ်ယောက်က သူတို့အနား အပြေးရောက်လာခဲ့လေသည်။
ထိုကလေးလေးကတော့ နှစ်ယောက်မရှိတဲ့ တစ်အိမ်လုံးရဲ့ အချစ်တော်လေး ပိုင်ရှောင်ရှင်းလေးပါပဲ။
တကယ်တော့ သူလေးသည် ပေါက်စီလေးနှင့်ခိုင်းနှိုင်းမည့်အစား ကျောက်တုံးလေးနှင့်သာ နှိုင်းသင့်ပေသည်။ ဘာကြောင့်လဲဆိုတော့ ထိုကောင်လေးရဲ့ အပြင်ပန်းပုံစံလေးကသာ ပေါက်စီလေးနဲ့တူနေပေမယ့် တကယ်တမ်းမှာ မာမာခဲခဲကျောက်တုံးလေးနဲ့တူနေလို့ပါပဲ။
သူလေးက ပုံမှန်ကလေးတွေထက် ခံနိုင်ရည်ရှိပြီး သန်မာတယ်လေ။
ပိုင်လီက သူတို့အိမ်က အငယ်ဆုံးလေးပြေးလာတာကို သတိထားမိသားပင်။
ဒါပေမယ့် ထိုကောင်လေးကတော့ ရှောင်ဟန်ကိုပဲသွားဖက်ခဲ့ပြီး...
"ဖေဖေ.. ဖေဖေ အကြီးဆုံးအစ်ကိုနဲ့ဒုတိယအစ်ကိုရော သား သူတို့အဆောင်တွေမှာ ရှာခဲ့ပြီးပြီ မရှိဘူး"
ရှောင်ရှင်းလေး၏ မျက်နှာက အနည်းငယ်သုန်မှုန်နေ၏။ သူလေးက အိပ်ယာနိုးလာတာနှင့် အစ်ကိုကြီးတွေကိုရှာတတ်ပြီး အတူတူမနက်စာစားပေးဖို့ ပူဆာလေ့လည်းရှိသည်။ ဒါက သူလေးရဲ့ အကျင့်ပါပဲ။
ရှောင်ဟန်က နှုတ်ခမ်းလေးထော်ကာ ပါးလေးဖောင်းနေသည့် သူတို့၏ အငယ်ဆုံးသားလေးကို ပွေ့ပြီး သူ့ပေါင်ပေါ် ချီတင်လိုက်၏။ ပြီးမှ ခေါင်းလေးကိုပုတ်ကာဖြင့်...
"သားရဲ့အစ်ကိုကြီးတွေက သားရဲ့ဒေါ်လေးငယ်နဲ့အတူ မြို့လေးကိုသွားတယ် ပြန်လာရင် သားအတွက်မုန့်တွေအများကြီး ဝယ်ခဲ့မယ်လို့လည်း မှာသွားတယ်"
ပိုင်မိန်သည် ယခုအခါ အသက်ဆယ့်ခုနှစ်နှစ်အရွယ် မိန်းမပျိုလေးဖြစ်လို့နေချေပြီ။ သူမလေးက လွန်ခဲ့တဲ့တစ်နှစ်မှာ ကျန်းချင်နဲ့လည်း စေ့စပ်ခဲ့ပြီးပါပြီ။ သို့သော် လက်ထပ်ပွဲကတော့ နောက်နှစ်ထဲမှာမှပြုလုပ်လိမ့်မည်။
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ