Part - 26 (Vol:2)

18 3 1
                                    

<ပိတ်လိုက် (၂)>

"ဘ- ဘာကူညီရမလဲခင်ဗျာ.....?"

ဝင်ပေါက်နားမှာမတ်တတ်ရပ်နေတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ဝန်ထမ်းကောင်လေးတစ်ယောက်က Kim Sunghanကိုမြင်တော့ တောင့်ခဲသွားလေ၏။ သူ့မျက်နှာကို မီးရောင်မှိန်မှိန်အောက်မှာမြင်ရတာ ထိတ်လန့်စရာဖြစ်နေမှာ အမှန်ပဲ။

"မင်းKim Mineeကိုသိလား?"

Kim Sunghanက စစ်ဆေးမေးမြန်းနေသလိုမျိုး အသံနိမ့်နိမ့်နဲ့ ကောင်လေးကိုမေးလိုက်တယ်။ခင်ဗျားအဲ့အတိုင်းဆက်လုပ်နေရင် အဲ့ကောင်လေးငိုသွားတော့မှာနော်။ သူ့ခမျာ တအားကိုလန့်နေရှာတာ ခင်ဗျားမမြင်ဘူးလား? 

"Ki- Kim Minee...... အာ Minee Hyungလား? သိပါတယ်! သူကျွန်တော့်ကိုဖုန်းဆက်ပြောထားတယ်!"

Kim Sunghanက ရုတ်တရက်ကြီး ဘာလို့မေးနေတာလဲလို့တွေးနေတာ ကြည့်ရတာ Kim Mineeက ဒီကိုလာနေကျဧည့်သည်ဖြစ်ပြီးတော့ ကျွန်တော်တို့အတွက် ကြိုပြောထားပေးပုံရတယ်။ စိတ်သက်သာရာရသွားတဲ့ ဝန်ထမ်းလေးက အားတင်းပြီးပြုံးပြလာတယ်။

"အဲ့တော့ လူကြီးမင်းတို့က Minee hyungရဲ့ စီနီယာတွေပေါ့။ ကျေးဇူးပြုပြီး ကြွပါ! လူကြီးမင်းတို့အတွက် တိတ်ဆိတ်တဲ့နေရာလေးတစ်ခုဖယ်ပေးထားပါတယ်!"

ဘယ်လိုပြောရမလဲ ကျွန်တော်တို့ကို သီးသန့်အခန်းတစ်ခုကိုခေါ်သွားတယ်လို့ ခံစားရပေမဲ့ ဒီမှာက အဲ့လိုမျိုးသီးသန့်အခန်းတွေမရှိဘူး။ ထောင့်နားလေးမှာဘေးကပ်စီထားတဲ့ စားပွဲခုံပဲရှိတာ။ နေရာလေးကမဆိုးပေမဲ့ ဘေးမှာအကန့်လေးနဲ့ကာထားပေးလို့ ကျွန်တော်ပိုပြီးစိတ်ချမ်းသာသွားတယ်။

အတော်ပဲ ကျွန်တော်လဲ လူမြင်ကွင်းကနေပုန်းချင်နေတာနဲ့။

"ကျွန်တော် လူကြီးမင်းတို့အတွက် နာမည်အကြီးဆုံးစားစရာသောက်စရာတွေကို အမြန်—ဆုံး ယူလာပေးနိုင်ပါတယ်! သောက်စရာအတွက် နိုင်ငံခြားဘီယာသောက်ကြမလား? ကျွန်တော်တို့ဆီမှာ ဝီစကီတွေလဲရှိပါတယ်— အကောင်းဆုံးကတော့ 'Valentine's 17 years'ပါ သောက်တဲ့သူသိပ်မရှိတာကြောင့် ပုလင်းရေအများကြီးတော့မတင်ထားပါဘူး"

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now