CHAPTER (90)
အမှောင်ယံအတွင်း မြင်းတစ်ကောင် ကဆုန်ပေါက်ပြေးလွှားနေသည်။ အချိန်တချို့ ကုန်ဆုံးပြီးနောက် ဟယ်ယန်မြင်းဇာတ်ကြိုးဆွဲပြီး ပြေးနေသည့်မြင်းကို ရပ်တန့်စေလိုက်သည်။
လက်ရှိနေရာသည် စျေးကွင်းပြင်ပြောင်ဖြစ်နေပြီး ညအချိန်ဖြစ်သဖြင့် စျေးဆိုင်များပိတ်သိမ်းထားချိန်ဖြစ်သည်။ ခေါင်းမာသည့် ထိုမိန်းကလေးသည် လှည်းပေါ်ဆင်းချိန်ကတည်းမှ ကြောက်ရွံ့တုန်လှုပ်နေခဲ့ပြီး ယခုအခါ အနည်းငယ် အကြောက်ပြယ်သွားပုံရသဖြင့် အားယူ၍စကားပြောလာသည်။ အားနွဲ့ချည့်နဲ့စွာဖြင့် ထိုမိန်းမပျိုမှ
"ကျွန်မကို လွှတ်ပေးပါ"
ဟယ်ယန် ထိုမိန်းမပျိုကို မြင်းပေါ်မှ ကူဆင်းစေပြီး တို့ဟူးဆိုင်အရှေ့၌ ထိုင်စေလိုက်သည်။ ဤမတိုင်မီ အသည်းအသန်ပြေးလွှားနေခဲ့ရသဖြင့် ထိုမိန်းကလေး၏ ပုံပန်းအသွင်ပြင်ကို အသေချာကြည့်ရှုချိန် မရခဲ့ပေ။ သို့သော် ယခုအခါ တို့ဟူးဆိုင်တံစက်မြိတ်၌ ချိတ်ဆွဲထားသည့် ခပ်မှိန်မှိန်မီးအရောင်ဖြင့် ချောမောလှပသည့် မိန်းမပျိုရုပ်သွင်ကို သေသေချာချာ မြင်လိုက်ရသည်။ အင်မတန်ချောမော၍ နူးညံ့ဖျော့တော့သောအသားအရည်၊ ပန်းပုရုပ်ပမာမျက်နှာအသွင်အပြင်နှင့် ပါးဖောင်းဖောင်းလေးနှစ်ဖက်သည် တစ်နည်းတစ်ဖုံ အပြစ်ကင်းကလေးဆန်လို့နေသည်။ အတော်တန်အသက်ငယ်ပုံရလျက် ဖြစ်နိုင်စွာရှိလှ ချန်လီစုနှင့် အသက်ရွယ်တူမျှသာ ရှိဦးမည်။
သို့သော်လည်း မိန်းမပျိုလေးကို ဝမ်ဟွားဂေဟာဆင်မြန်းပေးလိုက်သည့် အဝတ်အစားများသည် အလွန်အမြင်ရိုင်းစရာ ဖြစ်နေသည်။ မသင့်လျော်သော ပါးလွှာသည့် ပိုးသားအဝတ်အစားများနှင့် ထူထဲစွာ ပြင်ဆင်လိမ်းခြယ်ပေးထားသည့် မျက်နှာဖြင့် ထိုမိန်းမငယ်လေး အအေးဒဏ်ကြောင့် ချမ်းတုန်နေဟန်ရှိသည်။ ထိုင်ချလိုက်စဉ် မိန်းမပျိုလေးမှ ၎င်းခန္ဓာကိုယ်ကြုံထိုင်၍ ဟယ်ယန့်ကို စိုးရိမ်ပူပန်စွာ ကြည့်လျက်
"ရှင်ဘယ်သူလဲ"
ဟယ်ယန်ခေတ္တတုံ့ဆိုင်းပြီး ထိုမိန်းမပျိုမှ မိမိအား သူခိုးတစ်ယောက်အဖြစ် အထင်မှားနေကြာင်း စဉ်းစားမိပြီး မျက်နှာအုပ်ထားသည့် လက်ကိုင်ပုဝါ ချွတ်၍ ပြုံးပြလိုက်သည်။ ထို့နောက်