အခန်း(၁၈)

244 14 0
                                    

ချစ်တာသူ့ကို...🍭(season2)
အခန်း၁၈

🍬🍬🍬🍬

မနက်စာစားပြီးကမ်းစပ်ကိုဆင်းလာကြသည်
ကျွန်းပေါ်မှာဓာတ်ပုံတွေရိုက်လိုက် ရေကူးလိုက်နဲ့ဘယ်လိုအချိန်ကုန်သွားမှာတောင်မသိလိုက်ပေ...

" ဗိုက်ကြီးသည်ကရေထဲမဆင်းရဘူးလေ.."

" နင့်ကိုဘယ်သူပြောလဲ..ဒါဆိုရေမချိုးပဲနေမှာပေါ့.."

" မဟုတ်ဘူးလေ..နန္ဒာကလည်း.."

" မသိဘူး..ဆင်းမှာပဲ.."

အာကာ့ခမျှာ မဗိုက်ကိုလိုက်ထိန်းနေရလို့ရေ‌ေတာင်ကောင်းကောင်းမကူးနိုင်...
အမွှာနှစ်တွဲကတော့ကင်မရာကိုယ်စီနဲ့ဓာတ်ပုံရိုက်နေကြသည် ဂျီဂျီကတော့ရေဆော့ပြီးလို့အုန်းပင်နားကသဲသောင်ပြင်ပေါ်မှာလက်နှစ်ဖတ်နောက်ပစ်၍အုန်းရေသောက်ရင်းအနားယူနေသည်

ဦးနေရောင်ကတော့ဂျီဂျီတို့အုပ်စုကိုမြင်ရတဲ့ခပ်လှမ်းလှမ်းကဘန်ဂလိုထဲမှာလပ်တော့ပ်တစ်လုံးနဲ့အလုပ်ရူပ်နေသည် တစ်ချက်တစ်ချက်ဂျီဂျီတို့ကိုလှမ်းကြည့်သေးသည် ကားမထွက်ခင်ကအာကာပြောတဲ့" အလုပ်ရူပ်နေလျးက်နဲ့လိုက်လာတာဆိုတဲ့စကားကိုယုံသွားမိသည်
" ဒါဆိုရင်တော့ကျေးဇူးပဲ "ပေါ့...

ရန်ကုန်မှာကျန်တဲ့အလုပ်ကိစ္စတွေကိုမန်နေဂျာဆီmailပို့စေခိုင်းပြီးဒီဘက်ပြန်လှည့်လိုက်တော့ဂျီဂျီကသဲသောင်ပေါ်မှာ‌ခြေဆန့်လက်ဆန့်နဲ့ပတ်လက်ကြီး...
ဘယ်မိန်းကလေးကဒီလိုနေမှာလဲ...

သူ့ကြည့်နေတုန်းဂျီဂျီကထထိုင်၍ပုစွန်တွေငါးတွေကင်ထားသည့်ဗန်းတွေခေါင်းပေါ်တင်ပြီးအော်ရောင်းနေသည့်မိန်းကလေးတစ်ဦးကိုလှမ်းခေါ်လိုက်သည် စျေးသည်မိန်းကလေးကဂျီဂျီ့ကိုသိပုံပေါ်သည် ကြည့်နေတာများပြုံးနေတာပဲ...
ဒါ့မှမဟုတ်ဒီကောင့်ကိုကောင်လေးထင်ပြီးများသဘောကျနေသလား...

ဂျီဂျီက၀ယ်ပစ်လိုက်တာနည်းတာမဟုတ်...
နောက်ကနေသူ၀ယ်သမျှကိုလိုက်ကြည့်နေရသည်
တော်သေးတာပေါ့..ဂဏာန်းမပါလို့..ဟော်တယ်မှာကျတော့ဘာမှဟုတ်တိပတ်တိမစားဘဲနဲ့လမ်းမှာလျှောက်ရောင်းတာကျတော့ဗန်းတစ်၀က်လောက်၀ယ်ပစ်သည်....

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now