အခန်း(၁၉)

332 21 0
                                    

ချစ်တာသူ့ကို...🍭(season2)
အခန်း(၁၉)

🍬🍬🍬🍬

ဂျီဂျီနဲ့ဦးနေရောင်ကခရီးစဥ်ဆုံးခါနီးထိချစ်ခင်ကြင်နာတဲ့အရိပ်ယောင်မျိုးမတွေ့ရတော့နန္ဒာနောက်ဆုံးplanကိုချသုံးဖို့ဆုံးဖြတ်လိုက်သည်

" ဖြစ်ပါ့မလားမိန်းမရာ..ခုမင်းပြောတဲ့အစီအစဥ်ကအခန့်မသင့်ရင်ဦးနေရောင်ခွင်းရော..ဂျီဂျီရောစိတ်ဆိုးသွားနိုင်တယ်နော်.."

" ငါမသိဘဲနေပါ့မလား..ယုံကြည်မူရှိလို့လုပ်တာပေါ့..ဟိုတစ်နေ့ကလည်းဂျီဂျီ့ကိုဘောလီဘောပွဲထဲကဆွဲထုတ်သွားတာလေ..ငါနောက်ကလိုက်ကြည့်တာဘန်ဂလိုဘေးမှာရန်သွားဖြစ်နေကြတာသိလား.."

စိတ်ပါလက်ပါပြောပြနေသည့်နန္ဒာ့မျက်နှာပြည့်ပြည့်လေးကိုတအံ့တသြကြည့်နေမိသည်
" မင်း..ဘယ်တုန်းကဒီလောက်စပ်စုသွားတာလဲ..ငါ့မိန်းမကအေးအေးလေးပါ.."

" စပ်စုတာမဟုတ်ပါဘူး..မြင်လိုက်ကတည်းကကသူတို့နှစ်ယောက်ကိုချစ်စေချင်တာ .."

" အင်းလေ..ဘာဖြစ်လို့ဒီလောက်ကူညီချင်စိတ်တွေပေါက်လာရတာလဲလို့.."

" မသိဘူး..သူတို့နှစ်ယောက်ကိုချစ်နေတာပဲမြင်ချင်နေတယ်..ဘာပဲဖြစ်ဖြစ်ဂျီဂျီကငါတို့နှစ်ယောက်အပေါ်မှာကျေးဇူးရှိတယ်လေ..ဦးနေရောင်ကဂျီဂျီအတွက်အသင့်တော်ဆုံးသူပဲ..ဦးနေရောင်လိုယောကျာ်းမျိုးကမိန်းကလေးအများစုကြိုက်မယ့်ပုံမျိုး..တခြားမိန်းမတစ်ယောက်အလစ်သုတ်သွားရင်ဂျီဂျီပဲခံရမှာလေ...ဒီလိုအဖြစ်မခံနိုင်ပါဘူး..သူတို့ကြားထဲမှာလိုနေတာအချစ်တစ်ခုပဲ..
အတူတူ‌ေတာင်နေကြတာပဲ..ဂျီဂျီဘက်ကနည်းနည်းလေးလျှော့ပေးလိုက်ရင်0kသွားမှာ..မလျှော့တော့လည်းလျှော့အောင်လုပ်ပေးရမှာပေါ့..ဒီတစ်ခါပဲထပ်ကူညီကြည့်မယ် မဖြစ်ရင်နောက်ဘယ်တော့မှမလုပ်တော့ဘူး.."

အရမ်းတက်ကြွနေသည့်မဗိုက်ကြောင့်ဒီတစ်ခါလည်းခေါင်းငြိမ့်ပေးမိပြန်သည် ကြည့်ရတာဗိုက်ထဲက ကလေးက မြှားနတ်မောင်လေးဖြစ်ရမည်

🍬🍬🍬🍬

မနက်ဖြန်ဆိုရန်ကုန်ပြန်ကြတော့မှာမို့ဒီညနေအားရပါးရပျော်ပါးကြသည် ဆည်းဆာချိန်ရောက်တဲ့ထိရေကူးကြပြီးညဘက်မှာအနီးနားကရွာထဲကိုလျှောက်လည်ကြပြီးအိမ်ပြန်လက်ဆောင်၀ယ်ကြသည် ဂျီဂျီကတော့ရောင်စုံခရုံခွံတွေနဲ့အလှဆင်ထားသည့်ကွိစိကွစလေးတွေကိုမကြိုက်တာကြောင့်ဧည့်ခန်းမှာအလှထားလို့ရသည့်ကျောက်ပွင့်အကြီးကြီး၂စုံ၀ယ်လာလိုက်သည်....

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now