ချစ်တာသူ့ကို...🍭(season2)
အခန်း(၂၀)🍬🍬🍬🍬
" ခင်ဗျားထွက်သွားနော်.."
" ချစ်ခြင်းပြည့်စုံ..ငါပြောတာနားထောင်ဦး.."
ဖရိုဖရဲဖြစ်နေတဲ့အင်္ကျီစကိုလက်ကလေးနှစ်ဖတ်နဲ့ဆွဲစိ၍မွေ့ယာပေါ်ကဆင်းဖို့လုပ်နေတဲ့ဂျီဂျီ့ကိုမနည်းလိုက်ဆွဲနေရသည် ဂျီဂျီကသူထိသမျှလက်တို့ကိုပုတ်ခတ်ဖယ်ရှားပြီးမျက်ရည်တွင်တွင်ကျနေသည်
" မထိနဲ့လို့ပြောပြီးပြီနော်...အဟင့်..ဟီး.."
ငိုနေရင်းလည်းဒေါသတကြီးလှည့်အော်တတ်သည် ဒီလောက်ငိုယိုသောင်းကျန်းတာမမြင်ဖူးတော့တစ်ခုခုရှော့ခ်ဖြစ်သွားမှာဆိုးပြီးသူ့မှာခြေမကိုင်မိလက်မကိုင်မိ...
" ငါရှင်းပြမယ်..ညကငါတ်ို့နှစ်ယောက်လုံးမူးနေတာ.."
" မကြားချင်ဘူး..လူယုတ်မာကြီး..
ခွမ်း!!.."စားပွဲပေါ်ကအလှပန်းအိုးလေးနဲ့သူ့ကိုဖြတ်ခနဲလှမ်းပေါက်သည် အရှောင်မြန်သွားလို့ခေါင်းမကွဲတာ....
ဒီနေ့မနက်နိုးလာတဲ့အချိန်မှာသူ့ရင်ခွင်ထဲလုံးလုံးလျားလျားရောက်နေသည့်အဖြစ်ကြောင့်ဂျီဂျီပေါက်ကွဲတော့သည်
ပြောင်းလဲနေတဲ့ပုံစံကြောင့်ညကဖြစ်ခဲ့သမျှကိုခံစားမိချိန်မှာတော့တားမရအောင်မျက်ရည်ဖြိုင်ဖြိုင်ကျပြီးသူ့ကိုမျက်လုံးစိမ်းနဲ့ကြည့်သည်...
ဒေါသတွေအဆမတန်ထွက်နေပုံကကျားနာမလေးလို...ကိုယ့်ဘက်ကလက်ထပ်ထားတဲ့ဇနီးမို့မထိန်းချုပ်နိုင်ခဲ့ပေမယ့်အချစ်ဆိုတဲ့ခံစားချက်သေးသေးလေးတောင်မဖြစ်ဖူးတဲ့
သူမအတွက်တော့ဒီအဖြစ်ကမဟာအမှားကြီး ဆုံးရူံးမူကြီးဖြစ်သွားခဲ့ပြီ...
နှစ်သိမ့်တောင်းပန်ဖို့ကြိုးစားရင်းနဲ့တဖြည်းဖြည်းအခြေနေပိုဆိုးလာခဲ့ပြီ..." နေဦး..ဟေ့.."
အိပ်ယာပေါ်ကပြေးဆင်းသွားသည့်ဂျီဂျီ့လက်မောင်းလေးကိုသူကအမှီလှမ်းဆွဲသည် ဂျီဂျီကသူ့လက်က်ိုပြန်ရိုက်ချ၏
" ခင်ဗျားကိုမထိနဲ့လို့ပြောပြီးသား.."" မရဘူး..လာခဲ့"
ကုတင်အောက်ကိုခြေနှစ်ဖတ်ချပြီးကာမှလက်ကိုပြန်စောင့်ဆွဲလိုက်တော့မွေ့ယာပေါ်ကိုသူနဲ့အတူလုံးထွေးကျသွား၏ ချက်ချင်းပြန်ရုန်းမထနိုင်ခင်ဘေးကစောင်ဆွဲယူ၍သူမကိုယ်လုံးလေးကိုအ၀တ်ထုတ်လေးလိုသိမ်းထုတ်ပြီးရင်ခွင်ထဲမှာပွေ့ပိုက်ထားလိုက်သည်
YOU ARE READING
ချစ်တာသူ့ကို....🍭 season 2
Romanceseason 1ကမြတ်သောမောင်နဲ့ပြည့်စုံလွန်းရဲ့သမီးလေး " ချစ်ခြင်းပြည့်စုံ"အကြောင်းပါ မောင်တွေအစ်ကိုတွေကြားမှာကြီးပြင်းခဲ့ရပြီးယောကျာ်းတစ်ပိုင်းဖြစ်နေတဲ့ကောင်မလေးက သူ့မောင်လေးတွေအတွက်မိန်းမလိုက်ခိုးပေးရင်းမထင်မှတ်ဘဲအဲ့ဒီအိမ်ရှင်လူပျိူကြီးရဲ့လက်ထဲမှာအဖမ်းခ...