အခန်း(၂၁)

691 41 2
                                    

ချစ်တာသူ့ကို...🍭(Season2)
အခန်း(၂၁)

🍬🍬🍬🍬

ဘာဖြစ်လို့ဂျီဂျီနဲ့သူဒီအတိုင်းလေးဆက်သွားလို့မရတာလဲ...
အိမ်ထောင်ရေးအ‌‌ကြောင်းဆိုတာဂျီဂျီ့ခေါင်းထဲမှာမရှိသလိုသူ့အတွက်လည်းအရေးကြီးနေတာမဟုတ်လို့ဂျီဂျီပေါ့ပေါ့ပါးပါးနေခဲ့မိတာ...
သူအမြဲပြောနေကြ" ငါမင်းကိုစိတ်မ‌၀င်စားဘူး "ဆိုတဲ့စကားတစ်ခွန်းကိုယုံကြည်ပြီးဂျီဂျီသူ့ကိုလျှော့တွက်ခဲ့မိတာ...
ဂျီဂျီ့ တွေးထားခဲ့မိတာတစ်ချိန်ချိန်သူနဲ့ဂျီဂျီဝေးသွားမှာပဲလို့...ဘ၀မှာမိသားစုနဲ့သူငယ်ချင်းတွေကိုချစ်တဲ့အချစ်ကလွဲလို့ဆန်းပြားတဲ့ချစ်ခြင်းမျိုးမည်သူ့အပေါ်မှာမရှိဖူးခဲ့ပါ..ဘယ်သူ့အပေါ်ကိုမှာလည်းစိတ်နဲ့တောင်မတိမ်းညွတ်ခဲ့ဖူးပါ...
တစ်ညလေးမှာဂျီဂျီဘာဖြစ်သွားခဲ့တာလဲ...
ဘာလို့လူမှန်းသူမှန်းမသိမူးသွားရတာလဲ...
ကိုယ့်ကိုယ်ကိုလည်းစိတ်တိုမိသည်

ဂျီဂျီသူ့ဆီကလွတ်မြောက်ချင်သည် အိမ်ထောင်ဆိုတဲ့လောင်းရိပ်အောက်ကရုန်းထွက်ချင်သည်...
လက်ထပ်ထားတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာလူကိုရောဘ၀ကိုရောစိတ်ကြိုက်ခြယ်လှယ်ပြီးမှချစ်နေပြီတဲ့လား....

အတွေးနဲ့မျက်ရည်စကခေါင်းအုံးထက်ကိုပေါက်ခနဲကြွေကျ၏
ပထမဆုံးဖြစ်တည်ခဲ့သောရင်ခုန်သံသည်နူးညံ့သိမ်မွေ့ခြင်းကင်းသောအိမ်မက်ဆိုးတစ်ခုသဖွယ်...

🍬🍬🍬🍬

" သမီးကြီး.. "

ခပ်ဟဟဖွင့်ထားတဲ့အခန်းတံခါးကနေလှမ်းကြည့်တော့ဂျီဂျီကကုတင်ပေါ်မှာတစောင်းလေးလှဲအိပ်နေ၏

ကုတင်စွန်းမှာ၀င်ထိုင်လိုက်မှလွန်းကိုလှည့်ကြည့်သည်

" နေမကောင်းဘူးလားသမီး "

" ကောင်းပါတယ်မေမေ "

သမီးကြီးရဲ့လက်မောင်းလေးကိုဆွဲထူ၍ထိုင်စေပြီးနဖူးပေါ်ကဆံပင်လေးတွေကိုသပ်တင်ပေးလိုက်သည်

" သမီး..မေမေမေးတာအမှန်တိုင်းဖြေနော်.."

ဂျီဂျီကလွန်းဘာမေးတော့မယ်ဆိုတာသိနေသလိုမျက်နှာလေးညှိုးနွမ်းသွား၏

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now